16 February 2015

ဆန္ဒပြခေါင်းဆောင်များ၏အိတ်ဖွင့်ပေးစာ ...


ယနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ထိုင်းနိုင်ငံရောက်အလုပ်သမားများမှ မိမိတို့တွေ့
ကြုံနေရသည့် အခက်ခဲများကို ဆန္ဒထုတ်ဖော်ပြီးနောက်  အောက်ပါပုဂ္ဂိုလ်များထံသို့ လိပ်မူ၍ အိတ်ဖွင့်ပေး စာများ ပေးအပ်ခဲ့သည်ဟုသတင်းရရှိပါသည်။


E-Mail-kosawmaungt@gmail.com 
ရက်စွဲ။ ။ ၂၀၁၅ခု ဖေဖေါ်ဝါရီလ 16 ရက်

...
(က)ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ခ) ဦးခင်အောင်မြင်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ဂ)သူရဦးရွှေမန်
ပြည်သူ့ လွှတ်တော် ဥက္ကဌ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ဃ)ဒေါ်အောင်ဆန်းစုကြည်
တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်အမတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(င)ဦးအေးမြင့်
အလုပ်သမားအလုပ်အကိုင်လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
...
(စ)ဦးဝင်းမောင်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ
..
(ဆ)ဦးသိန်းနိုင်
အလုပ်သမားသံအရာရှိ
ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ
..............
ထိုင်းနိုင်ငံအတွင်းတရားဝင်မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း သုံးသန်းကျော် ခန့်ရှိပါသည်။ ယခုအချိန်တွင် ယခင်ပတ်စပိုစ်အနီရောင် ကိုင်ဆောင် ထားသည့် မြန်မာအလုပ်သမားများ၏ ၄နှစ်သက်တမ်းပြည့် သက်တမ်း တိုးကြရာ လုပ်ထုံလုပ်နည်းနှင့်မညီပဲMOUတုံးများထုပေးလိုက်ရသည်ကို စိတ်မကောင်းစွာတွေ့ ရပါသည်။


MOUတုံးများထုပေးသောကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ယခုအခါ အလုပ်ကိုင် များပြောင်းရွှေ့ မရခြင်း အလုပ်ရှင်သစ်များမှ မခေါ်ယူခြင်း စသည့်အခက်ခဲများကြုံတွေ့နေကြရသောကြောင့် အလုပ်သမားများအား မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ကူညီစောင့်ရှောက်ရန် တာဝန်ရှိပါသည်။
MOU တံဆိပ်တုံး အထုခံလိုက်ရသည့်အလုပ်သမားများသည် ပွဲစားကုမ္ပဏီ တင်သွင်းလာခဲ့သည့် အလုပ်သမားအဖြစ်သို့ကျရောက်သွားသည့်ပုံစံဖြစ်သွား ပါသည်။ ပွဲစား ကုမ္ပဏီများ၏ မတရားဖြတ်တောက်မှုနှင့် ထိန်းချုပ်မှုအောက်ကို အလုပ်သမားများရောက်ရှိသွားကြရပါသည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီးဌာန တို့မှ ထိုင်းနိုင်ငံ ရောက်မြန်မာအလုပ်သမားများအား ဖိနှိပ်မှုယန္တရားဖြစ်သော MOU တံဆိပ်တုံးထုခြင်းအား အလျှင်အမြန် ရပ်တန့်ပေးရန် လိုအပ်ပါသည်။

ထိုင်းရောက်အလုပ်သမားများသည် ထိုင်းနိုင်ငံအကျိုးစီးပွားပွားကို ကာကွယ်ပြီးပြဌာန်းထားသည့် ဥပဒေအောက်၌ပင် ရုန်းမရအောင် နှိပ်ကွပ်ခံနေကြ ရပြီးဖြစ်ပါသည်။ ယခုတစ်ခါ လွဲမှားသော မူဝါဒကိုပါ အေဂျင်စီများက အကောင် အထည်ဖေါ်နေကြပါသဖြင့် အလုပ်သမားဝန်ကြီးအနေဖြင့် အလုပ်သမားများ၏ နစ်နာဆုံးရှုံးမှုများအား အလျှင်အမြန် ရပ်တန့်သင့်ပါကြောင်း လေးစားစွာ တင်ပြအပ် ပါသည်။

ဆန္ဒပြလှုပ်ရှားမှုခေါင်းဆောင်