23 March 2015

“အသတ်ခံရသောမြန်မာရေလုပ်သားအလောင်း ပင်လယ်တွင်မျော”



၂၀၁၅ ခုမတ်လ
ကိုတီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၈၀ အကွာတွင်ရှိသော နခေါစိ ထမရ မြို့နယ်ရှိ ဇရပ်မြို့ ဘန့်နခေါ နယ်မြေ() လှေဆိပ်တစ်နေရာ၏ မလှမ်းမကမ်းနေရာမှာ ပင်လယ်တွင်မျော ပါလာသော အလောင်း တစ်လောင်းကို ငါးဖမ်းရန်တား ထားသောပိုက်တွင် လာညိနေသည် ကို ပတ်ဝန်းကျင်၏ အကြောင်းမှုကြောင့် သက်ဆိုင်ရာ  နယ်မြေရဲဌာန နှင့် ကယ်ဆယ်ရေးလုပ်သားများကဆယ်ယူခဲ့ကြောင်း ထိုင်းသတင်းတွင်ဖေါ်ပြ ထားသည်။
           အလောင်းမှာ ၃ရက်ခန့်ကြာမြင့်ပြီး လည်ပင်းနှင့်ဝမ်းဗိုက်တို့တွင် ဓါးဒဏ်ရာတစ်ချက်စီပါရှိကြောင်း ကယ်ဆယ်ရေး ဆရာဝန် ကပြောသည်။
 သက်ဆိုင်ရာ ရဲစခန်းမှ အခင်းဖြစ်စဉ် နှင့်ပတ်သက်၍ လိုက်လံစုံစမ်းရာတွင် အလောင်းသည် မြန်မာနိုင်ငံ သားဖြစ် ကြောင်းကို  ညီဖြစ်သူထံမှ အဆက်သွယ်ရခဲ့သည် ညီဖြစ်သူ၏ ပြောပြသည်။  
 

သူ၏ အစ်ကို မောင်သန်းကျော်   အသက် ၃၅ နှစ်ဖြစ်ပါကြောင်း သူသည် အိမ်မှလှေဆိပ်ဘက်သို့ ထွက်သွားသည မှာ ၃ ရက်မြောက်ဖြစ်သည်ပာုပြောသည်ထို့နောက် သက်ဆိုင်ရာရဲစခန်းမှလဲ လှေပေါ်တွင် အချင်းချင်း မကျေနပ်မှုများ ဖြစ်ကာ လူသတ်ပြီးရေထဲပစ်ချသည်ပာု ယူဆရကြောင်း  သက် ဆိုရာ ရဲစခန်းမှ အမှုမှန်ပေါ်ပေါက်ရန်အတွက် ဆက်လက် ၍ လူသတ်သမားကို ထိုင်းဥပဒေအရ အရေးယူဆောင်ရွက် သွားရန် ပြင် ဆင်လျှက်ရှိကြောင်း ယမန်နေ့ထုတ် ထိုင်းရတ်သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။