12 March 2015

အလုပ်​သမားဆယ်​ဦး လုပ်အားခငွေ ဘတ်​တစ်​သိန်းသုံး​သောင်း​ခြောက်​​ထောင်​​လေးဆယ့်​​လေး​ရရှိ



 12.3.2014 |စောမောင်
ဘန်​​ကောက်​မြို့ ထနွံဖစ်​ဘူရီ ဖက်​တနာကန်​ တ(မ်​)လွန်​ ​ထောင်​ထီရို ရှိ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းတွင်​ လုပ်​ကိုင်​​နေ​သော ကိုသန်းထွန်းဦး ဦး​ဆောင်​​သော အလုပ်​သမားဆယ်​ဦးသည်​ အလုပ်​ရှင်​ လုပ်​ခလစာ ၁၄၀၀၀၀ ဘတ်​ခန့်​အား ၅ လ​ကျော်​ကြားသည့်​အထိ ထုတ်​ရှင်းမ​ပေးသဖြင့်​ မြန်​မာသံရုံး အလုပ်​သမား ကူညီ​စောင့်​​ရှောက်​​ရေး​ကော်​မတီအဖွဲ့ဝင်​ ထိုင်း​နိုင်ငံရောက်​မြန်​မာနိုင်ငံသားများအဖွဲ့ (MAT)အဖွဲ့ သို့
ဆက်သွယ် အကူညီ​တောင်းလာခဲ့ပါသည်။




ထို့နောက် MATမဟာချိုင်​တာဝန်​ခံ နှင့်​ အတွင်း​ရေးမူတို့မှ ဘန်ေ​ကာက်​မြို့ဒိန်းဒဲန်း ဗဟိုအလုပ်​သမားရုံး သို့ ​လိုက်​ပါပို့​ဆောင်​၍ အမူဖွင့်​ ​ဆောင်​ရွက်​ခဲ့ရာ ဆောက်လုပ်ရေး အလုပ်​သမားဆယ်​ဦး၏လုပ်အားခငွေ ဘတ်​​ငွေ ၁၃၆၀၄၄ ​ ပြန်​လည်​ရရှိလာခဲ့​ကြောင်း နှင့်​ ၎င်းအလုပ်​သမားများ MAT ရုံးသို့ လာရာလမ်းတွင်​ မဟာချိုင်​ပုလိပ့်​မှ ​လေးထပ်​အချူပ်​သို့ဖမ်းဆီး​ခေါ်​ဆောင်​ ​ငွေညှစ်​​နေ​ကြောင့်​ ကိုသန်းထွန်းဦး မှ ဆက်​သွယ်​အကူညီ​တောင်းလာသဖြင့်​ မဟာချိုင်​ရုံးတာဝန်​ခံနှင့်​ အတွင်း​ရေးမူးတို့မှ မိမိတို့ထံသို့ အမုဖွင့်​ရန်​လာကြ​သော အလုပ်​သမားများဖြစ်​​ကြောင်းအကျိုး​ကြောင်း​ပြောဆိုကာ သွား​ရောက်​ပြီး အချူပ်​ခန်းမှ ထုတ်​ခဲ့ရ​သေး​ကြောင်းနှင့်​ အဖွဲ့​ခေါင်​​ဆောင်​ ကိုသန်းထွန်းဦး မှ ယခုကဲ့သို့ အစစ အရာရာ ​သွေးသား အရင်းချာပမာ ​စောင့်​​ရှောက်​ကူညီ​ပေး​သော MAT အထွဲ့သားများအားလုံး အား ​ကျေးဇူး အထူးတင်​​ရှိ​ကြောင်း​ပြောကြားသွားခဲ့ပါသည်။