01 March 2015

“အလုပ်သမား၎ဦးထံမှ ဖြတ်တောက်ထားသည့်ဘတ်ငွေနှစ်သောင်းပြန်ရပြီ”



                             
၂၀၁၅ ခု မတ်လ ၁ ရက်
မင်းဘခက်

         ပတ်စပို့လုပ်ပေးရန် ဖြတ်တောက်ထားသည့်ငွေများ အလုပ်သမားများပြန်တောင်းခံရာ မရရှိ သဖြင့်   မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ကူညီမှုဖြင့် ယနေ့ရရှိပြီဖြစ်သည်။
              အလုပ်သမား သက်မောင်စိုး(ခ) အစိုး နှင့် မမမျိုးတို့ထံမှ ဘတ်ငွေ ၁၁,၀၀၀  ဇာခြည်လှိုင် နှင့် သက်သက်နွယ် တို့ထံမှ ဘတ်ငွေ ၉,၀၀၀ တို့အား ဘန်ကောက်မြို့ အယ်ကချိုင်စူဝတ် ၇၆ လမ်းတွင် ရှိ   သော မီးပလပ် အလုပ်ရုံမှ လုပ်ငန်းရှင်အမျိုးသမီးက ပတ်စပို့လုပ်ရန်ဟုဆိုကာ ဖြတ်တောက် ထားခဲ့သည်။
မဇာခြည်လှိုင် က  “ အန္တရာယ်များလို့ သမီးတို့အလုပ်ထွက်တာ၊ ဖြတ်ထားတဲ့ပိုက်ဆံပြန်တောင်းတော့ .. တိုင်ချင်တဲ့နေရာတိုင်၊ ကြိုက်တဲ့လူခေါ်လာလို့ပြောတယ်ရှင့်။ ဒါကြောင့် အသိတွေကတစ်ဆင့်  မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့ကို အကူညီတောင်းခံခဲ့တာပါ။ ကျမတို့ ပြန်   တောင်းလို့မရတဲ့ငွေကို ရအောင်ပြန်တောင်းပေးတဲ့ ဦးစိုင်အေး ကိုကျေးဇူးတင်ပါတယ်ရှင့်” ဟုပြောသည်။

           ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT မှ နိုင်ငံခြားဆက်ဆံရေး အရာရှိ ကိုစိုင်းအေး က “ အင်ဂျီအိုနဲ့ ရှေ့နေတွေနဲ့ အဆင့်ဆင့်အချိန်ကုန်ခံစရိတ်ကုန်ကျခံလုပ်ရတာ တွေရှိ သလို မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်ပါ ဆိုပြီး ကြားဝင်စေ့စပ် ဖြေရှင်း လို့ရ တာ တွေလည်းရှိပါတယ်။ ပြဿ     နာတွေ နေ့တိုင်း ရှင်းမကုန်အောင်ရှိနေတာပဲ။ ကျနော်တို့ ကော်မတီတွေ ကူညီတာထက် တရားဝင် သံအရာရှိ တစ်ဦးဦးက အလုပ်သမားကူညီစောင့်ရှောက်မှုကို ကျနော်တို့နဲ့ အတူ တကယ် ထဲထဲဝင်ဝင် ကူညီနိုင်ရင် သိပ်ကောင်းမှာပဲဗျ” ဟုပြောသည်။   

တရားဝင်နေထိုင်ခွင့်လည်းရှိ  မိမိ လည်းမည်သည့်အမှားအယွင်မှ မကျူးလွန်မိပဲ ထိုင်းလုပ်ငန်ရှင်နှင့် ထိုင်းရဲများ မတရားမှုတစ်ခုခုပြုလုပ်ပါ က MAT အဖွဲ့သို့ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း၊ အစွမ်းကုန် ကြိုးစားကူညီပေးမည်ဖြစ်ကြောင်း ကိုစိုင်းအေးက ပြောဆိုသည်။