13 March 2015

ပတ်စပို့ရှိပြီး ဖမ်းစီးငွေညှစ်ခံရသူများ MATသို့ဆက်သွယ်အကြောင်းကြားမှု့ကြောင့် ပြန်လည်းလွှတ်မြှောက်ကြ

 


မင်းဘခက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တနေရာရှိ နံက် ၁၀း၃၅ (စာလရာ) စစ်ဆေးရေးဂိတ်တွင် ဘုရားဖူး သွားရန်အတွက် ဖက်ဘူလီမြို့ မှ ထွက်ခွါ လာသော လွတ်တု့ တစ်စီးအား ရပ်ခိုင်းကာ စစ်ဆေးမှု့များပြု လုပ်ရာ တွင် မြန်မာများဖြစ်နေသဖြင့် အကုန်ဆင်းခိုင်းကာ ကားကိုပေးမသွားဘဲ အချိန်ကြာမြင့်စွာ ရပ်ခိုင်းခဲ့ရသည်။

ရဲဘက်မှ မည်သည့် အကြောင်းပြချက်မှ မပြောပြဘဲ ရဲစခန်းသို့ လိုက်ခဲ့ ရန် ခေါ်သည် ကားထဲတွင် ပါလာသော မစန်းစန်းနွယ် မှ MAT အဖွဲ့ သို့ ဆက်သွယ်လာကာ ကျမတို့ ပတ်စပို့စ်လဲ ရှိတယ် ဝပ်ပါမစ်လဲ ရှိတယ် ဘာ့ကြောင့်ဖမ်းသလဲလို့ အကူညီပေးပါရန်တောင်းဆိုသည် ။


ထို့နောက် MAT မှ ရဲစခန်းသို့ ခေါ်ဆောင်သွားသောရဲဖြင့် ဖုန်းဆက် စကားပြောရာ ပတ်စပို့စ် ရှိလျက်နှင့် ဘာ့ကြောင့်ဖမ်းသည်ကို ရှင်းမပြလျင် ရဲစခန်းသို့ မခေါ်ဆောင်သွားပါရန် တောင်းပန်ခဲ့သည် ။

မစန်းစန်းနွယ် က “ကျမတို့ လာတာ အားလုံး ၄ ယောက် ပါ (၃)ယောက်က ပတ်စပို့စ် ရှိတယ် (၁)ယောက် က ဘတ်ရှိတယ် အရင်ဆုံး ဘတ်ရှိတဲ့ လူကိုလွှတ်လိုက်တယ် ပတ်စပို့ ရှိသူတွေက မလွတ်ဘူး ဆိုတော့ နဲနဲလွဲနေသလိုဘဲ ကျမမြင်တယ် ကျမကို ရဲက ဘာပြန်ပြောလဲဆိုတော့ နင်တို့ကို ဘယ်သူက ဆက်သွယ် ခိုင်းသလဲဆိုပြီး ထပ်ပြီးအပြစ်ထပ်ရှာတယ် လာပို့တဲ့ကားကို အရေးယူမည် ပာု ပြောပြန်တယ် မရမကကိုငွေ ညှစ်နေတယ်“ ဟု ပြောဆိုခဲ့ပါသည်။


အစတုန်းက အကုန်လုံးဖမ်းတာပါ နောက်တော့ ဘတ်ရှိတဲ့လူကို နယ်ကျော်ပြီး ကားသမားခေါ်ဆောင် မှု့ဆိုပြီး ထပ်ငြိပါတယ် နောက်ဆုံ ပိုက်ဆံ ၅၀၀၀ ဆိုပြီး ကားသမားက ကြောက်ပြီး ပေးခဲ့ရသည်ပာု မစန်းစန်း နွယ်မှတကယ်လို့ ကျမတို့ မဆက်သွယ်ခဲ့ဘူးဆိုရင်တော့ အကုန်လုံးအဖမ်း ခံထိမှာ ဘဲ ကျမတို့ကို အကူညီပေးတဲ့အတွက်လဲ အရမ်းကျေးဇူးတင်ပါ တယ်ပာု ပြောပြသည်။


ယမန့်နေ့၌ အလာတူဖြစ်စဉ်မျိုး ဘန်ကောက်မြို့နယ် ဘန်ဘော်ရပ်ကွက်၌ဖြစ်ပွားခဲ့ပါ သည်။

ဘန်ခွန်းထယန်း ရဲစခန်း မှ မောင်နိုင်လင်း နှင့် ခိုင်ဇော်ဝင်းတို့ ပတ်စပို့စ် ရှိလျက်နှင့် ဘန်းဘောဈေး၏ တဖက် ကစိကော(KASIKORN BANK) ဘဏ်တိုက်ရှေ့တွင် နှစ်ယောက်လုံးအားလက်ထိပ်ခက်ကာ ရဲစခန်းသို့ မခေါ်ဆောင်မှီ တစ်ယောက်လျင် ဘတ် ၅ ထောင် တောင်းရာ မပေးနိုင် သဖြင့် MAT အဖွဲ့ သို့ အကူညီတောင်းခံခဲ့သည် ၊မောင်နိုင်လင်း ၏ပြောပြ ချက်အရ ကျနော်တို့ အလုပ်သွားရှာတာပါ အလုပ်လဲရ ပါပြီ အခန်းလည်း ငှားထားပြီးပြီ ဘဏ်တိုက်ရှေ့အရောက် ကျနော့်ကို ရဲကစစ်တယ် ပိုက်ဆံအိတ်ယူတယ် ဘဏ်ကဒ်ယူတယ် နောက် ကျနော်မှာ ဝပ်ပါမစ် မပါတာကြောင့် လက်ထိပ်ခက်လိုက်တယ်။ကျနော် လည်း ပတ်စပို့စ် ရှိလျက်နဲ့ ဒီလိုမျိုးဖြစ်တယ် ဆိုတော့ အကူညီပေးနိုင်မည့်သူကို ဖုန်းဆက်ရတာပေါ့ပာုပြောသည်၊

MAT မှတဆင့် ဖမ်းသောရဲဆီသို့ ဆက်လက်ပြောဆိုရာ ပတ်စပို့ အကြောင်းနှင့် သက်ဆိုင်နေသော ဥပေဒေများကို နှစ်ဘက် အကြိတ် အနယ် ပြောဆိုခဲ့ရာတွင် ရဲဘက်မှ လျော့ပေးခဲ့ပြီးနောက် ပြန်လွှတ်ပေး ခဲ့သည်ပာု သိရသည်။

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအများစုသည် အဆိုပါဖြစ်စဉ်တို့အား နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရ သည်ဟု သိရှိရပါသည်။