02 March 2015

“F&F ကြက်သားစက်ရုံအလုပ်သမားအခွင့်အရေးချိုးဖေါက်ခံမှုညှိနှိုင်းမှုအောင်မြင်”


        
၂၀၁၅ ခုဖေဖေါ်ဝါရီလ ၂ ၊မြတ်ချို 


             ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင်ရှိသော စူဖန်ဘူရီ အရပ်တွင်ရှိ သော F&Fစက်ရုံ တွင် အလုပ်သမားအခွင့်အရေးများ ချိုဖေါက်ခံနေရမှုတို့အား ယနေ့ အဖွဲစုံဖြင့်ညှိနှိုင်းကြရာ အလုပ်သမားများတောင်ဆိုချက်များ အောင်မြင်ခဲ့သည်ဟု MAT အဖွဲ့ အတွင်းရေးမှူး ကပြောသည်။ 

          ယနေ့ညှိနှိုင်မှုတွင် နယ်မြေခံစစ်တပ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ကျဟာငန်(အလုပ်သမားရုံး) တို့မှ အရာ ရှိများ၊ အလုပ်ရုံပိုင်ရှင်နှင့် အလုပ်သမားသွင်းသည့် ဆပ်ကန်ထရိုက် ပွဲစားများနှင့် မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့သားများ တက်ရောက်ခဲ့ကြသည်။

အလုပ်ရှင်လိုက်လျောခဲ့သည့်သဘောတူညီချက်များမှာ….
၁.အလုပ်စမတ်ခ.၅,၀၀၀ဘတ် မှ ၉,၀၀၀ အထိပေးနေရခြင်းကိုရပ်တန့်ပေးမည်
၂.ပတ်စပို့ရှိလျှက် ပုလိပ်ကြေး တစ်လလျှင် ၁၅၀ဘတ်ဖြတ်တောက်ခြင်းကိုရုတ်သိမ်းပေးမည်
၃.ဝပ်ပါမစ် နှင့် (အသက်အာမခံ) ပကစံခွန်ပြုလုပ်ပေးပြီး အလုပ်သမားများလက်သို့ပေးအပ်မည်
၎.အလုပ်သမားများကိုအကြောင်းမဲ့ အလုပ်မှထုတ်ပယ်ခြင်းမပြုတော့ပါ။
၅.ဗိုင်စလစ်(ငွေစါရင်းရှင်းတမ်းစာရွက်) တွင်မြန်မာဘာသာဖြင့်ပူးတွဲထည့်ပေးရန်
၆.လက်ရှိလုပ်ကိုင်နေသောMOUလုပ်သားများကိုစာချုပ်ပါအတိုင်းဆောင်ရွက်ပေးရန်
တို့ဖြစ်ကြသည်။


ညှိနှိုင်းမရသောအချက်များမှာ
၁.လုပ်ငန်းရှင်နှင့်တိုက်ရိုက်အလုပ်လုပ်ခွင့်မရ(ကြားခံ ဆပ်ကန်ထရိုက်ထားရှိမည်)
၂.လုပ်သားတစ်ဦးလျှင်အာမခံဘတ်,၀၀၀ဖြတ်တောက်မှု(အလုပ်မပျက်စေရန်ထိန်းညှိမှုဟုဆိုသည်)

၃.အလုပ်သမားများအား စိတ်တိုင်းကျ ရှယ်လှယ်အနိုင်ကျင့်သည့် ၀ဏ္ဏကြီး(ဖေါ့ကျကန်) အား အလုပ် မှ မထုတ်ခြင်း တို့ဖြစ်ကြသည်။


           အလုပ်သမားများသည် ဆန္ဒပြသည့်နေ့ကဲ့သို့ တက်ကြွစွာ ပြောရဲ ဆိုရဲ မရှိသည်ကို သတိထားမိသဖြင့်   မေးမြန်းကြည့်ရာ ကိုသားဖြူ က“ ဦးဆောင်ဦးရွက်ပြုကြတဲ့ အလုပ်သမားခေါင်းဆောင်တွေ  အကုန်လုံးကို တစ်ဦး ချင်းဓါတ်ပုံရိုက်ခိုင်းလို့အကုန်ကြောက်ကုန်တယ်။ ကျနော်တို့ အဓိကလိုလားချက်ဖြစ်တဲ့ ဖေါ့ကျ ကန်ကို အလုပ်မ ထုတ်ဘူး။ အလုပ်သမားတွေကို ဖိနှိပ်ချင်းတိုင်းဖိနှိပ်၊ အနိုင်ကျင့်ချင်းတိုင်းကျင့်တာကို အလုပ်ရုံက မသိပါဘူး ဆိုပြီး   ခေါင်းရှောင်ချင်လို့ ကြားခံလူမိုက်မွေးထားတယ်လို့ ကျနော်တို့နားလည် တယ်။ အခုတောင်းဆိုထားတဲ့ အချက်တွေ တကယ်လိုက်လျောမလားဆိုတာတော့ ကျနော်တို့စောင့်ကြည့် ရအုံးမှာဖြစ်ပါတယ်။  ဘာပြောပြော ကျနော်တို့ကို လာရောက်ကူညီပေးတဲ့ MAT အဖွဲ့ကို အထူးကျေးဇူးတင် ပါတယ်” ဟုပြောသည်။
                


အလုပ်သမားများသည် ဆန္ဒပြသည့်နေ့ကဲ့သို့ တက်ကြွစွာ ပြောရဲ ဆိုရဲ မရှိသည်ကို သတိထားမိသ ဖြင့်   မေးမြန်း ကြည့်ရာ ကိုသားဖြူ က“ ဦးဆောင်ဦးရွက်ပြုကြတဲ့ အလုပ်သမားခေါင်းဆောင်တွေ  အကုန်လုံးကို တစ်ဦး ချင်းဓါတ်ပုံ ရိုက်ခိုင်းလို့အကုန်ကြောက်ကုန်တယ်။ ကျနော်တို့ အဓိကလိုလားချက်ဖြစ်တဲ့ ဖေါ့ကျ ကန်ကို အလုပ် မထုတ် ဘူး။ အလုပ်သမားတွေကို ဖိနှိပ်ချင်းတိုင်းဖိနှိပ်၊အနိုင်ကျင့်ချင်းတိုင်းကျင့်တာကို အလုပ်ရုံကမသိ ပါဘူးဆိုပြီး   ခေါင်းရှောင် ချင်လို့ ကြားခံလူမိုက်မွေးထားတယ်လို့ ကျနော်တို့နားလည် တယ်။ အခုတောင်းဆိုထားတဲ့ အချက်တွေ တကယ် လိုက်လျောမလားဆိုတာတော့ ကျနော်တို့စောင့်ကြည့် ရအုံးမှာဖြစ်ပါတယ်။  ဘာပြောပြော ကျနော်တို့ကို လာရောက် ကူညီပေးတဲ့ MAT အဖွဲ့ကို အထူးကျေးဇူးတင် ပါတယ်” ဟုပြောသည်။