27 March 2015

“လုပ်ငန်းရှင်စွန့်ပစ်ခံရသည့် ၄လအရွယ်ကလေးအပါဝင် ၁၁ဦးတို့အားကယ်တင်”



             
၂၀၁၅ မတ်လ ၂၇

ကိုတီး
        ကားတိုက်သေဆုံးခဲ့ရသည့်သားငယ်၂ဦးအတွက်အကူ ညီတောင်းခံမှုကြောင့်  ကြံခင်းလုပ်ငန်းရှင် က တောထဲတွင် စွန်ပစ်ခံထားသည့်မိသားစုဝင် ၁၁ ဦးတို့အားမြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်   ရေးကော်မတီက ဒေသခံ ထိုင်းအာဏာပိုင်များနှင့်အတူ ရှာဖွေ ကယ်တင်နိုင်လိုက်ကြောင်းသိရသည်။
    ယမန်နေ့က ကယ်တင်လိုက်သည့် မိသားစု ၂စုတို့မှာ ဧရာဝတီတိုင်း လပွတာမြို့နယ်၊ ပြင်စလူအုပ်စု ကုန်းကြီးရွာမှ ဦးကျော်ကျော် ၄၂နှစ်၊ ဇနီးဒေါ်မိုးမိုး  ၃၇နှစ်၊   မ၀တ်မှုံ ၁၀နှစ်၊  မ၀တ်ရည် ၆နှစ်၊ မွေးကင်း စမိန်းကလေး ၄လအရွယ် မမက် ဟူသည့် ဗမာမိသားစုဖြစ်သည်။

    နောက်မိသားစုတစ်ခုမှာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ဦးအခက် ၅၅နှစ်၊ ဇနီးဒေါ်ငွေစိန် ၄၅နှစ် မောင်အဖွိုင် ၁၃နှစ်၊ မောင်အထင့်  ၉နှစ်၊ မအဒေါင်  ၆နှစ် နှင့် မောင်ရန်တောင် ၃နှစ် ဟူသည့် မွန်တိုင်းရင်း သား မိသားစုများဖြစ်ကြသည်။ ၎င်းတို့သည် ကြံခင်းပိုင်ရှင်တစ်ဦးထံတွင် ၇လခန့်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ကြသည်။ 

 ပြီးခဲ့သည့် ၁၃၊ ၁၊ ၂၀၁၅ နေ့က ဦးကျော်ကျော် နှင့်   ဒေါ်မိုးမိုး တို့၏သားကြီ   အသက် ၁၅နှစ်အရွယ် ထက်ကိုအောင် (ခ) ခိုင် နှင့် ဦးအခက် နှင့်ဒေါ်ငွေစိန် တို့၏သား ထူး တို့အား ကြံခင်းပိုင်ရှင်၏ ယောင်းမ   ဖြစ်သူက အလုပ်မှ ပြန်လာသော သူမ၏သားအား ကြိုရန်ခိုင်းစေခဲ့သည်။
ဆိုင်ကယ်စီးသွားကြသည့်  ထက်ကိုအောင်နှင့် ထူး တို့အား ဆူဖန်ဘူရီနယ်မြေ ဆူဖန်ဟော်ဝန် စံဖိနောင်အရပ်တွင်  ၁၀ဘီကား၂စီတွဲ တို့က မိသဖြင့်၂ဦးစလုံးပွဲချင်းပြီး သေဆုံးသွားခဲ့ကြရသည်။ ထိုသေ ဆုံးမှုအား မူလက ကြံခင်းပိုင်ရှင်က သင့်တော် သည့် နစ်နာကြေးများရရှိအောင် ကူညီပေးမည်ဟု ပြောခဲ့   သော် လည်း ၂လကျော်ကြာသည့်တိုင်အောင် တစ်စုံတစ်ရာအကူညီမရရှိရှိဟု သေဆုံးသူ ထက်ကိုအောင် ၏ ဖခင် ဦးကျော်ကျော်က ပြောသည်။
 “၂၃၊ ၃၊၂၀၁၅ ရက်နေ့က သေဆုံးတဲ့သား၂ယောက်အတွက် အကူညီပေးဖို့ပြောတော့ သူဌေးကစိတ်ဆိုးပြီး    သေနတ်ပြပြီး ကျနော်တို့ကို တောထဲက ဂျောက်ကပါးတစ်ခုထဲမှာ စွန့်ပစ်ထားခဲ့တယ်။ ကျနော်တို့က ဒီတောထဲမှာ မထားခဲ့ပါနဲ့ မြန်မာနယ်စပ်ကိုရောက်အောင် ပို့ပေးပါလို့ ငိုယို ရှိခိုးပြီး တောင်းပန်ပေမယ့် စွန့်ပစ်ခဲ့ပါတယ်။ အနီးအနားက ရာဘာခြံ အလုပ်သမားတစ်ဦးဆီက ဖုန်းနဲ့ တောင်ထိပ်ကိုတက်ပြီး MAT အဖွဲ့ကို ဆက်သွယ်အကူညီတောင်းခဲ့ပါတယ်။ ကျနော်တို့ မိသားစု သေမလားရှင်မလား မသိအောင် ဆိုးဝါးနေတဲ့အခြေအနေက ကူညီကယ်တင်ခဲ့ကြတဲ့ MAT အဖွဲ့ကျေးဇူးကို ကျနော် တစ်သက်မမေ့အောင်   ကျေးဇူးတင်ပါတယ်ဗျာ” ဟု   ၀မ်းနည်းဝမ်းသာဆိုချာသည်။
     လုပ်ငန်းရှင်ကသံရုံးသို့အကူညီတောင်း မည်ကို သိသွားသဖြင့်သေနတ်ဖြင့်ြ ခိမ်းခြောက်၍ကားပေါ် သို့ မိသားစု၂စု (၁၁ဦး) တို့အားအတင်းအဓ္ဓမ တင်ေ ဆာင်ကာ ကန်ချနဘူရီခရိုင်၊ ပတ်ထော် ၀န် နယ်မြေမှ ဂျောက်ကဗားတစ်ခု အတွင်းရှိ တဲစုတ်တစ်ခုသို့လာရောက် စွန့်ပစ်ထားခဲ့သည်။
         
             လုပ်ငန်းရှင်က နစ်နာကြေး များရရှိအောင်ကူညီပေးမည်ဟု မူလကပြောဆိုခဲ့သော်လည်း ၂လကြာသည့် တိုင်အောင်အကြောင်းမထူးသဖြင့် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ရောက်မြန်မာနိုင်ငံသာများအဖွဲ့ MATသို့ အကူညီတောင်းခံခဲ့သည်။         
             မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား
များအဖွဲ့ MAT သည် ထိုင်းတောင်ပိုင်းအခြေစိုက် FED နှင့်ညှိနှိုင်ကာ ကော်မတီ၏ နာယက ဖြစ်သော သံအမတ်ကြီးဦးဝင်းမောင်ထံသို့ စုဆောင်းရရှိသောသတင်းအချက်အလက်များအားတင်ပြပြီး လိုအပ်သည့် ခရီးစရိတ်တို့အား အကူညီတောင်းခံခဲ့ရသည်။
            မတ်လ ၂၅ ရက်နေ့တွင် သံအမတ်ကြီး ဦးဝင်းမောင် ၏ ကိုယ်ရေးအရာရှိက လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးခဲ့သဖြင့် MAT အဖွဲ့သားများသည် စွန့်ပစ်ခံထားရသည့် မိသားစုဝင် ၁၁ ဦးတို့အား 
ရှာပုံတော်ခရီးကို မတ်လ ၂၆ ရက်နေ့ နံနက် ၅နာရီကတည်းက စတင်ခဲ့ကြရရသည်။
           
          MAT အဖွဲ့ဝင်များ ကားတစ်စီနှင့် မိသားစုဝင်များအား တင်ဆောင်ရန်ကားတစ်စီးတို့အား စီစဉ် ကာ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင်ရှိသော ထိုင်းရဲ၊ ထိုင်းလ၀က နှင့် ထိုင်းစစ်တပ်တို့အားမိမိတို့သည် မြန် မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှဖြစ်ကြောင်း သက်ဆိုင်ရာချိပ်ကပ်တို့အားပြသ
၍၎င်းလည်းကောင်း သံအမတ်ကြီး၏  ကိုယ်ရေးအရာရှိက တယ်လီဖုန်းဖြင့်၎င်းလည်းကောင်း ဆက်
သွယ်ပြောကြာကာ စွန့်ပစ်ခံ အလုပ်သမား ၁၁ ဦးတို့အား ရှာဖွေခဲ့ကြရသည်။
            MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကကားတိုက်ပြီးသေဆုံးတဲ့နေရာက ဘန်ကောက်နေ ၁၂၈ ကီလိုအကွာ စူဖန်ဘူရီနယ်မြေမှာဖြစ်တာ။ သူတို့ကိုသွားရောက်စွန်ပစ်ထားတဲ့နေရာက ဘန်ကောက် မြို့က ၂၁၅ ကီလိုမီတာ ကျော်ဝေးပြီး မြန်မာနဲ့နီးစပ်တဲ့ကန်ချနဘူရီတောထဲက တကယ့်တောကြီး မျက်ကြီး ဂျောက်
နက်ကြီးထဲက တဲစုတ်တစ်ခုထဲမှာ မိသားစုတွေကို သွားတွေ့ရတာပါ။ လမ်းတွေမှားပြီး ခက်ခက်ခဲခဲ ပင်ပင်
ပန်းပန်ရှာခဲ့ကြရပါတယ်။ မြန်မာသံအမတ်ကြီးရဲ့အကူညီနဲ့ ဒေသခံ ထိုင်းရဲ တပ်ဖွဲ့၊ လ၀ကနဲ့ ထိုင်းစစ်တပ်
 တို့ရဲ့ အကူညီနဲ့ အကောင်အထည်ဖေါ်ရတာပါ။ ခရီးကဝေးလွန်းပါတယ်။ စရိတ်စကလည်း အကုန် အကျများပါတယ်။ သေဆုံးသွားတဲ့ကလေး၂ယောက်အတွက် ရသင့်ရထိုက်တဲ့အခွင့်အရေး တွေရရှိနိုင်ဖို့ အတွက် ဒီနေ့ပဲ ကျနော်တို့ ရှေ့နေနဲ့ ညှိနှိုင်းနေကြပြီဖြစ်ပါတယ်။ ကျနော်တို့မသိနိုင်တဲ့ ကျနော်တို့ မလုပ်နိုင် သေးတဲ့ဒုက္ခရောက်နေတဲ့မြန်မာတွေ ထိုင်းမြေထဲမှာ အမြောက်အမြားရှိပါတယ်။ မြန်မာအစိုးရ အလုပ် သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းကိုရောက်လာရင် ပွဲစားတွေနဲ့ဟန်ရေးပြလုပ်နေမယ့်အစား ထိရောက်တဲ့ ကာကွယ်ကူညီပေးရေးတွေကိုလုပ်ပါလို့ တိုက်တွန်းလိုတယ်” ဟုပြောသည်။
            အန္တရာယ်မှ လွတ်မြောက်လာသည့် မိသားစုဝင် ၂ဦးတို့အား MAT မဟာချိုင်ရုံးခွဲတွင် စောင့် ရှောက် ကျွေးမွေးထားပြီး  သေဆုံးသွားသည့် ကလေး၂ဦးကိစ္စအတွက်ရော၊ လုပ်ငန်းငန်ရှင်၏လုပ်ရပ်များ အတွက်ပါ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ထိုင်းလူ့အခွင့်အရေးနှင့် အလုပ်သမားရေးကျွမ်းကျင်သည့် ထိုင်းရှေ့နေတို့ဖြင့် ယနေ့တွင် ညှိနှိုင်းနေပြီဖြစ်ကြောင်း MAT အဖွဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး ကပြောသည်။