19 March 2015

work permit မရှိသဖြင့် ထိုင်းလ.၀.က၏ ဖမ်းစီခြင်းခံရပြီး ၄၈ရက်ထောင်ကျပြီး ပက်စပိုစ့်များ ဖျက်သိမ်းခံရတော့မည် အလုပ်သမားများအား MATအဖွဲ့မှ ကူညီ


ဘန်ကောက်မြို့နယ် ဘန်ခဲမြို့ ဖိကဆင် ၄၁ လမ်းအတွင်းရှိ THAI GLOBAL DESIGN APPARFI CO,LTD စက်ချုပ်အလုပ်ရုံသို့ ၂၂.၁.၂၀၁၅နေ့၌ ထိုင်းလ.၀.ကမှ ၀င်ရောက် စစ်ဆေးရာ work permit မရှိ သည့် မြန်မာ အလုပ်သမား ၁၂ဦး တို့ဖမ်းစီး ခံရပြီး  ၄၈ရက်ထောင်ချခြင်းခံရပြီးနောက် နယ်စပ်သို့ပြန် ပို့ခြင်းခံရသည့်နောက်  ပက်စပိုစ့်များပါဖျက်သိမ်းခံရမည့် အခြေနေမှ MATအဖွဲ့၏အကူညီဖြင့်  ပက်စပိုစ့် စာအုပ်များ ပြန်လည်ရရှိခဲ့ ကြောင်းသိရှိရသည်။


ဘန်ခဲမြို့ ဖိကဆင် ၄၁ လမ်အတွင်းရှိ THAI GLOBAL DESIGN APPARFI CO,LTDစက်ချုပ်ရုံ မှ မြန်မာ အလုပ်သမားများအား ထိုင်းလ.၀.ကများမှ ၀င်ရောက်ဖမ်းစီးခံရပြီး ဖိကဆင် ၆၃လမ်း ရှိ ပုလိပ်ရုံး ၌ ၂ရက် တာအချုပ်ဖြင့်ထားရှိပြီးနောက်..၂၄.၁.၂၀၁၅၌ဘန်ကောက် မြို့နယ်ဘန်ဘော၃ရှိ ထောင်သို့ပို့ဆောင်ပြီး ၄၈ရက်တာထောင်ချခြင်းခဲ့ပါသည်။

ထိုင်းလ.၀.ကများ၏ ဖမ်းစီးထောင်ချခြင်းကိုခံခဲ့ရသည့်  မြန်မာနိုင်ငံ မွန်ပြည်နယ် ပေါင်မြို့မှ ကိုရှိုင်းမင်းအောင်မှ ယခုလိုဖြေကြားခဲ့ပါသည်........

“ကျနော်တို့အလုပ်လုပ်နေရင် တောမော(ထိုင်းလ.၀.က)အလုပ်ရုံးကို ၀င်စစ်တယ် work permit မရှိဘူးဆိုပြီး ကျနော်အပါဝင်တခြားလုပ်ဖော်ကိုင်ဖက် ၁၂ဦးကို work permit မရှိလို့ဆိုပြီး ဖမ်းတယ်.. ၂အချုပ်ကျတယ်.ပြီးတော့ ထောင်က၄၈ရက်ကျတယ် အဲဒီကပြန်လွတ်တော့ IDCမှ အချုပ်၂ရက်ထပ်ကျ ခံရတယ်. အဲဒီအချိန်အတွင်းမှာ ကျနော်တို့ အလုပ်ရှင်က ဘာမှကို မကြည့် ဘူး ..မကြည့်တဲ့အပြင်.. ကျနော်တို့ပက်စပိုစ့်တွေ ပြန်ယူခြင်းတယ်ဆို ဘတ်ငွေ ၅၀၀၀ပေးရမယ် ...ပြီးတော့ နယ်စပ်ကနေ ဒီကိုပြန်လာမယ်ဆို ဘတ်ငွေ၆၀၀၀ထပ်ပေးရမယ်ပြောလို့ တယ် အခုတော့ MATအဖွဲ့က ကူညီပေးလို့ ပိုက်ဆံမကုန်ဘဲ ပက်စပိုစ့်တွေပြန်ရရှိခဲ့သလို ဘန်ကောက်ကိုလည်း ပြန်ရောက်လာခဲ့ပါပြီး”ဟု..ဖြေကြား ခဲ့ပါသည်။

၁၃.၂.၂၀၁၅နေ့၌ အကျဉ်ထောင်မှပြန်လည်းလွတ်မြှောက်လာခဲ့ပြီးနောက် ထို့မှတဆင့် ဘန်ကောက်မြို့ ဆာထောင်ရပ်ကွက်ရှိ ICDသို့ ထပ်မံပို့ဆောင်ခဲ့ပြန်သည်။

၁၆.၂.၂၀၁၅နေ့၌  IDCမှတဆင့် နယ်စပ်သို့ပြန်လည်ပို့ဆောင်ပြီးခဲ့သလို ၎င်းတို့၏ ပက်စပိုစ့်များ အားဖျက်သိမ်းခံရမည်ဟု ပြောဆို၍ အလုပ်သမား၁၂ဦး၏ပက်စပိုစ့်များအား IDCမှ အရာရှိတစ်ဦးက ယူထားသဖြင့်  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေ စိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့ပါသည်။

ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးမှ.......
“ယခုလိုဖြစ်ရတာ အလုပ်ရှင်တွေရဲ့ပေါ့လျော့မှုတွေကြောင့်ဖြစ်ရတာပါ..ဒါပေမယ့် ခံစရာရှိရင်ကျနော်တို့ အလုပ်သမားတွေ ခံနေရတယ်...MATကတော့ ကိုယ့်နိုင်ငံသားတွေ တိုင်းတပါးမှာ အခက်ခဲဖြစ်ကြ ဒုက္ခ
တွေရောက်တယ်ဆို တက်နိုင်သလောက် ကူညီပေးမို့ အဆင်သင့်ပါပဲ ” ဟု ဖြေကြားခဲ့ပါသည်။

MATအဖွဲ့၏ ဆောင်ရွက်ပေးမှုကြောင့် ထောင်၄၈ရက်ကျခံရပြီး နယ်စပ်ပို့ပြန်လည်းပို့ဆောင်ခြင်းခံရ သူများ၏ ပက်စပိုစ့်များ IDCမှ ပြန်လည်ရရှိခဲ့သလို အဆိုပါအဖမ်းစီးခံမြန်မာအလုပ်သမား၁၂ဦးသည်လည် ယနေ့နံနက် ၂နာရီအချိန်၌ ဘန်ကောက်မြို့နယ် ဘန်ခဲမြို့ ဖိကဆင်၄၁လမ်းရှိ ၎င်းတို့နေထိုင်ရာ အခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။