13 March 2015

“ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသူတစ်ဦးအားကယ်တင်”



ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ကီလိုမီတာ၁၈၀တွင်ရှိသည့် ချွန်ဘူလီခရိုင် အန်ဖေစတာဟစ်ချောင်း စမဲဆာမဲခေါင်လှေဆိပ်တွင် ရောင်းစားခံရသူ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ်
 ထီထွေးကျေးရွာနေ အဖဦးစောသနု၊ အမိဒေါ်နော်ချယ်ရီတို့၏ သား စောထယ်နေဆဲ(အသက်၂၂နှစ်)
သည် အန်ဖေစတာဟစ်ချောင်းစမဲဆာမဲခေါင်လှေဆိပ် လှေနံပါတ်၈ တွဲလှေ၉မှ ကယ်တယ်နိုင်ခဲ့ပါသည်။

မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှငါးဖမ်းလှေပေါ်တွင် နှစ်လနီးပါးရောင်းစားခံရ သည့် မောင်စော ထယ်နေဆဲအား ကယ်တင်ပေးပါရန် မိခင်ဖြစ်သူဒေါ်ချယ်ရီမှ ဖုန်းဖြင့်ဆက်သွယ်အကူညီတောင်း ခံလာခဲ့ခြင်းဖြစ်ပါသည်။

ထို့နောက် ဦးခိုင်ကြီး (အတွင်းရေးမှူး)မှ ဦးဆောင်းမှုဖြင့် ကိုစိုင်းအေး၊ကိုခွန်၊ကိုစောမြတ်ချိုတို့မှ သွား
ရောက်ကယ်တင်လာခဲ့ခြင်းဖြစ်ပါသည်။


ကိုစောထယ်နေဆဲသည် ဘုရားသုံးဆူမှတဆင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာပြီး ငါးဖမ်းလှေသို့အရောင်း စားမခံရမီ ထိုင်းလူမျိုးတစ်ဦး၏အိမ်၌ အလုပ်လုပ်နေရင် မွန်ပွဲစားတစ်ဦးမှ အခြားတစ်နေရာ၌ အလုပ်
ကောင်းသည်ဟု ပြောဆိုစည်းရုံးပြီး လှေ၌ရောင်းစားခဲ့ခြင်းဖြစ်ပါသည်။

MATအဖွဲ့ အတွင်းရေးမှူးကိုခိုင်ကြီးမှ......
“ထိုင်းငါးဖမ်းလှေတွေနဲ့ ပင်လယ်အစားအစာထုတ်လုပ်တဲ့လုပ်ငန်းခွင် ထဲမှာ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံနေရပါတယ်။ ဒီဖြစ်စဉ်တွေကို ထိုင်းနဲ့မြန်မာအစိုးရ တွေပါသိကြတယ်။ ဒါပေမယ့်  မြန်မာ လူငယ်တွေ နေ့တိုင်း လူကုန်ကူးခံ နေကြရတယ်.လူကုန်ကူးတဲ့ သူတွေကို ပြင်းပြင်ထန်ထန် အရေးယူ လိုက်မှ လူကုန်ကူးမှုတွေ လျှော့နည်းလာမယ်လို့ကျနော်ထင်ပါ တယ်” ဟု ပြောကြားခဲ့ပါသည်။

ကိုစောထယ်နေဆဲမှာတိုင်းရင်းသားဖြစ်သောကြောင့် ဗမာစကားကိုရေလည်အောင်မပြောကြားနိုင်သလို မိမိကိုခေါ်ဆောင်လာသည့်ပွဲစား၏အမည်ကိုလည်းမသိ မိမိဖြစ်စဉ်ကိုလည်း တိကျစွာမပြောဆိုနိုင်
သောကြောင့် လူကုန်းကူးမှုဖြင့်တရားစွဲဆိုရန်အတွက် အခက်ခဲရှိနေသည်ဟု ကိုစိုင်းအေး (MAT ဘန်ကောက် ရုံး တာဝန်ခံ )မှ ယခုလိုပြောကြားခဲ့ပါသည်။

“ကျနော်တို့က အခုကလေးကို ကယ်ထုတ်လာပြီး နဲ့ပွဲစားကို လူကုန်ကူးမှုတရားစွဲခြင်းပေးမယ့် ကလေးက ပွဲစားနာမည်မသိသလို ကျနော်တို့ မေးသမျှလည်း ရေလည်အောင် မဖြေကြားနိုင် ဘူးဖြစ်နေ တယ် .နောက်ပြီးကလေးမှာလည်း ဘာအထောက်ထာမှမရှိဘူး၊အဲဒီတော့ မြ၀တီက လူကုန်းတာကနေပဲ မိဘတွေထံပြန်အပ်ပေးမို့ ဘန်ကောက်မြန်မာသံရုံးမှ သံအမတ်ကြီးကိုအကူညီတောင်းပြီး ကလေးကို မိဘထံပြန်ပို့မို့စီစဉ်ရမှာပေါ့...” ဟု ဖြေဆိုခဲ့ပါသည်။

ထိုင်းနိုင်ငံ​ရောက်​မြန်​မာနိုင်​ငံသားများအဖွဲ့ MAT အဖွဲ့သည်​ ယမန်​နှစ်​ ၂၀၁၄ ခုနှစ်​တွင်​ လူကုန်​ကူးမူ နှိမ်​နင်းခြင်း (၁၂) ကြိမ်​အတွင်း လူကုန်​ကူးခံရသည့်​ မြန်​မာအလုပ်​သမား​ပေါင်း ၁၂၀ ဦးတို့အား ကယ်​ထုတ်​နိုင်ခဲ့ပါသည်​။

ယခုကယ်​တင်​မှုသည်​ MATအဖွဲ့၏ ၂၀၁၅ ခုနှစ၌ ဒုတိယအကြိမ်ကယ်​ထုတ်ခြင်းဖြစ်ပါသည်။