19 March 2015

အလုပ်ရှင်မှ နှိပ်စက် ညှဉ်းပန်းမှုကြောင့် ထွက်ပြေးလာသည့် မြန်မာအလုပ်သမား၅ဦးအား MATအဖွဲ့မှ ကယ်တင်

 19|3|2015_ဘန်ကောက်
သတင်း|စောမောင်

ဘန်ကောက်မြို့နယ်ရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေကြသည့်  မြန်မာအလုပ်သမား များအား ထိုင်းအလုပ်ရှင်မှ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြိမ်းခြောက် မှုများကြောင့် မြန်မာအလုပ်သမားများသည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မဟာချိုင်ရုံးခွဲ၌ လာရောက်ခိုလှုံနေကြသည်ဟု သတင်း ရရှိပါသည်။


ဘန်ကောက်မြို့နယ်၊စွယ်လုံရင်းရပ်ကွက်၊ ၉ လမ်းရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ် ကိုင်နေကြ သည်....
မျိုးမင်းဇော်(မကွေးတိုင်း ပွင့်ဖြူမြို့)
ကိုထွန်းထွန်း( ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ကျေးရွာ)
ကိုမောင်တင်ငြိမ်း( ကျောက်တံခါးမြို့နယ် ဆင်ရိုးခင်ရွာ)
ကိုငွေတင် (အမ်းမြို့ ရေဂေါင်းရှည်ရွာ)
မသီသီဝေ( ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ကျေးရွာ) တို့ငါးဦးသည် ယခုလ ၁၇ရက် နေ့  နံနက် ၂ နာရီ အချိန်၌ အဆိုပါအလုပ်ရုံက ထွက်ပြေးလာကြရာ နံနက် နာရီ၌ မဟာချိုင်မြို့ရှိ MATရုံးခွဲ ကို ရောက်လာ သည်ဟု သိရသည်။


အဆိုပါအလုပ်ရုံ၏ ပိုင်ရှင်ဖြစ်သူသည် မြန်မာအလုပ်သမားများအပေါ်အနိုင်ကျင့်  နှိပ်စက်မှုများကို မသီသီဝေမှယခုလိုပြောကြားပါတယ်...
“ ဆေးဆိုးပန်းရိုက်အလုပ်ရုံမှာ လုပ်အားခ တစ်ပတ်မှ ဘတ်၅၀၀ဘဲပေးတယ်၊နောက်ပြီး လုပ်အားခ ရှင်းပေးတိုင်း အလုပ်ရှင်က သူ့စားပွဲပေါ်မှာ သေနတ်နှင့် ဓားမြှောင်ကိုချထားတယ် နောက်ပြီး လုပ်အား ခလာထုတ်တဲ့ မြန်မာအလုပ်သမားတွေကို  မိုက်ရိုင်းစွာပြောဆို ဆက်ဆံပြီး မှပေးတာ...နောက်ပြီး အဲဒီ အလုပ်ရုံမှာရှိတဲ့ မြန်မာအလုပ်သမားတွေဆိုလည်း သူတို့စိတ်မထင်ရင် မထင်သလို  မြန်မာအလုပ် သမားတွေကို လုပ်ငန်းခွင်ထဲမှာကို ကိုယ်ထိလက်ရောက်စော်ကာမူတွေ လုပ်ပါတယ်”. .ဟု ဖြေကြား ခဲ့ပါသည်။



 ၁၆.၃.၂၀၁၅ နေ့၌ အဆိုပါ အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေရာမှ ကျန်းမာရေး မကောင်းသဖြင့် အလုပ် နားနေ သည့် ကိုထင်လင်းအောင်သည် ည၇နာရီခန့်၌ ထမင်းစားနေစဉ် အလုပ်ရှင်သားအဖနှစ်ဦးသည် အခန်းသို့ဝင်ရောက်လာပြီး ရိုက်နှိက်ရာ ကိုသိန်းလင်းအောင်သည် ဦးခေါင်း၊ ညာမျက်စိ ၊ ကျောကုန်နှင့် လည်ပင်တို့၌ ဒဏ်ရာများရရှိပြီး ရိုက်နှိက်မှုကြောင့် နာရီဝတ်မျှ သတိလစ်မေ့မျော ခဲ့သလို ရိုက်နှိက် မှုကြောင့် ညာမျက်စိကွယ်သည် အထိဒဏ်ရာပြင်းထန်းစွာရရှိခဲ့ပါသည်။

ယခုအခါ ကိုထင်လင်းအောင်နှင့်ဇနီးဖြစ်သူတို့အား MATမဟာချိုင်ရုံးခွဲ၌ စောင့်ရှောက်ထားပေး သည်ဟု သိရှိရပါသည်။

မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံ
ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ဒါရိုက်တာ ဦးကျော်သောင်း က.........
“ ဒီလိုဖြစ်စဉ်မျိုးတွေကို နေ့စဉ်ကြားနေရပါတယ် ထိုင်းလုပ်ငန်းရှင်တွေ က မြန်မာအလုပ်သမားတွေအပေါ် လုပ်အားခခေါင်းပုံဖြက်တာတွေ မတရားခိုင်တာတွေနဲ့ နည်းအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်တဲ့ အမှုတွေ ကျနော်တို့အဖွဲ့ထံမှာ.. မကြာခဏ လာရောက်တိုင်းကြားအကူညီတောင်း ကြတဲ့အခါ ကျနော်တို့ဖြေ ရှင်းပေး ခဲ့ရတဲ့ အမှုတွေမနည်းတော့ပါဘူး . ယခုအလုပ်သမားတွေအမှုကိုလည်း ကျနော်တို့  ဥပဒေ လမ်းကြောင်းကနေဖြေရှင်းသွားမှာပါ ” ဟုပြောသည်။

MATမဟာချိုင်ရုံးခွဲသို့ ထပ်မံ၍ လာရောက်ခိုလှုံသူ ငါးဦးထဲမှ ကိုထင်လင်းအောင်အား သူဌေးသားအဖ ဝိုင်းရိုက်ပြီး ကားလမ်းမသို့ သွားအချတွင် ကိုထင်လင်းအောင်၏ အခန်းအား ဝင်ရောက်ပြီး ဓာတ်ပုံရိုက်သူ ကိုထွန်းထွန်းပြောပြချက်အရ ကိုထင်လင်း အောင်တို့ သွားပြီးနောက် အခန်းတွင် ထမင်းဟင်းများ ပြန့်ကြဲ
နေသည်မှ လွဲ၍ ကိုထင်လင်းအောင်၏အခန်း၌ မည်သည့် ပစ္စည်းမှ မရှိပြောပြပါသည်။နောက်နေ့ ည ၇ နာရီခန့်တွင် ကိုသိန်းလင်းအောင်သည် စက်ရုံမှအထည်လိပ်စများအား ခိုးယူသဖြင့် ရိုက်နှက်ခြင်းဖြစ် သည်ဟု ၎င်းတို့ကြိုတင်ကြံစည်ထားသည့်အတိုင်း ကိုသိန်းလင်းအောင်၏ အခန်းထဲသို့ မည်သည့်အချိန်၌ ထည့်ထားမှန် မသိသော အထည်လိပ်စများကို ပြကာ သက်သေထူနေသဖြင့် ၎င်းတို့ ၅ ဦးလည်း အဆိုပါ အလုပ်ရုံ၌ ဆက်လက်မနေ၀ံ့သဖြင့်   မိမိတို့ရရှိမည့် ရက်ပေါင်း၂၀ရက်စာ လုပ်အားခငွေကြေးများပင် မယူတော့ဘဲ ၁၆ ရက်နေ့ ည၁၀နာရီ အချိန်၌ အဆိုပါအလုပ်ရုံမှထွက်ပြေးရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ၁၇ရက်နေ့ နံနက်၂နာရီမှ ထွက်ပြေးလာရာ  MAT မဟာချိုင်ရုံးခွဲ သို့ မနက် ၄ နာရီ ခန့် တွင် ရောက်ရှိလာခဲ့ပါသည်။

ဆေးဆိုးပန်းရိုက်လုပ်ငန်းရှင်သားအဖ၏ အနိုင်ကျင့်စော်ကာမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကိုထင်လင်းအောင်အပါဝင်အခြား အလုပ်သမား၆ဦးတို့၏ နစ်နာချက်များအား ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး(ဆာဝါဒီကန်)၌ ပထမဦးစွာ​ဖြေရှင်းမည်ဖြစ်ပြီး ပြေလည်မှုမရရှိပါက ထိုင်းရှေ့​နေများနှင့်
တရားစွဲဆိုသွားမည်ဟု သတင်းရရှိခဲ့ပါသည်။