29 March 2015

MATအဖွဲ့မှ ကွန်ပြူတာ အင်္ဂလိပ်စာ(အခြေခံ/အဆင့်မြင့်)သင်တန်းဖွင့်လှစ်


           မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မဟာချိုင်ရုံးခွဲ၌ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ (အခြေခံ/အဆင့်
မြင့်) သင်တန်းတို့ကို သင်တန်းအတွေ့ကြုံရှိသည် ဆရာများမှ၂၀၁၅ မတ်လ၂၉ ရက်နေ့ တနင်္ဂနွေနေ့ တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်းနှင့်ပါတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း က............
“ထိုင်းမှာရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား လူငယ်လူရွယ်တွေအားလုံး အလုပ်အားလပ်ချိန်မှာ ယနေ့ခေတ်အခြေအနေအရ နည်းပညာအတတ် ပညာပိုင်းဆိုင်ရာတွေ ကနေ အလုပ်အကိုင်းအခွင့်အလမ်းတွေရရှိစေချင်တာရယ်၊ သတင်းအချက် အလက်တွေလေ့လာခွင့်ရအောင်ရယ် ဆိုပြီး ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်” ဟု ပြောပါသည်။


ယခုသင်တန်း၌ “ကွန်ပြူတာအခြေခံအသုံးချနည်း၊ စာစီစာရိုက်၊ ဖိတ်စာအမျိုးမျိုး၊ အလှူခံစာအိပ်ရိုက်နည်း၊ ပိုတိုရှော့နှင့် အင်တာနက် အသုံးပြုနည်းတွေအပြင် ဆော့ဖ်ဝဲလ် အမျိုးမျိုးသွင်းနည်း ၀င်ဒိုးသွင်းနည်းတို့ကို သင်ကြားပေးသွားပါမယ်” ဟု ကွန်ပြူတာ သင်တန်းနည်း ပြဆရာတစ်ဦးဖြစ်သူ ကိုစောမောင် ကပြောသည်။

ဝေလရပ်ကွက်မှ သင်တန်းသားတစ်ဦးဖြစ်သူ ကိုအောင်မင်းမှ .....
“ကျနော်ကွန်ပြူတာလေ့လာခြင်းနေတာ တော်တော်ကြာနေပြီး ဒါပေမယ့် ကျနော်အလုပ်ပိတ်ရက်က အင်္ဂါနေ့ဖြစ်တော့ တခြားသင်တန်းတွေမှာ တက်ဖို့အဆင်မပြေဖြစ်နေတာ..အခု MATအဖွဲ့က သင်တန်း နည်းပြဆရာတွေက တနင်္ဂနွေနေ့အပြင် တခြားရက်တွေမှာပါ စေတနာအရင်းခံနဲ့ သင်ကြားပေးမယ် ဆိုတော့ ကျေးဇူးတင်ပါတယ်ဗျာ“...၀မ်းသာစွာပြောသည်။



အင်္ဂလိပ်စာနှင့်ပက်သက်၍ နည်းပြ ကိုစည်သူမှ..
“အင်္ဂလိပ်စာလေ့လာသင်ယူတဲ့ အခြေခံအရေးကြီးတဲ့ နာမ်( noun)၊ ကြိယာ(verb) ၊နာမ၀ိသေသန (adjective )၊ ကြိယာဝိသေသန( adverb) စတာတွေ အသုံးပြုပုံများမှစပြီးအင်္ဂလိပ် စကားပြောနည်းတွေကို အဓိက သင်ကြားပို့ချသွားမယ်”ဟု ပြောသည်။

ကွန်ပြူတာ၊ အင်္ဂလိပ်စာ၊ ထိုင်းစာသင်တန်းကို တနင်္ဂနွေနေ့များတွင်အပတ်စဉ် ဖွင့်လှစ်မှာဖြစ်ကြောင်း သင်တန်းတာဝန်ခံ ကိုစောမောင် ကပြောသည်။ တက်ရောက်သင်ကြားလိုသူများအနေဖြင့် အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့်
 ကြိုတင်စာရင်းများပေးနိုင်သည်ဟုသိရှိရပါသည်။
..
ဦးခိုင်ကြီး (MATအတွင်းရေးမှူး) 08 5341 5611
ကိုအောင်ဆန်းဦး ( မဟာချိုင်ရုံးတာဝန်ခံ) 09 0667 7913
ကိုစောမောင် (သတင်းနှင့်ပြန်ကြားရေး) 08 3735 2087
ကိုစည်သူ.......................................08 3633 6590