17 March 2015

စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး တစ်ဦးအား MATအဖွဲ့မှ စောင့်ရှောက်ထား

 ..
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊စမွတ်ဆာခွန်ဆေးရုံးကြီးမှ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အထောက်ထာမဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးသည် ဆေးရုံးသို့ရောက်ရှိလာကြောင်းယ မန်နေ့ည ၁၂နာရီ အချိန်ခန့်၌ ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ကိုအောင်ဆန်းဦး (မဟာချိုင်ရုံး တာဝန်ခံ)ထံသို့ ဆက်သွယ်အကြောင်းကြားအကူညီတောင်းလာခဲ့ရာ   ကိုခိုင်ကြီး(အတွင်းရေးမှူး)၊ ကိုအောင်ဆန်းဦး( မဟာချိုင်ရုံးတာဝန်ခံ)တို့သည်  စမွတ်ဆာခွန်ဆေးရုံးကြီးသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

 မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးမှ.....
“မနေ့ညက ဆေးရုံးကြီးကနေစိတ်ကျန်းရေးချို့တဲ့နေတဲ့ မြန်မာအမျိုးသမီးတစ် ယောက်ရောက်နေ တယ်..ကူညီပေးပါအုန်းဆိုတာနဲ့ ကျနော်တို့အဖွဲ့ကနေ ညတွင်းခြင်းသွားရောက်ပြီး ကလေးမလေ နဲ့သွား
 တွေ့တယ်.. သူ့နာမည်မေးတော့ သူဇာဝင်းလို့ခေါ်တယ်ပြောတယ်... သူ့နာမည်တော့ ဘယ်အချိန်မေး
မေး အဲဒီအမည်တော့သူဖြေတယ်ဗျ၊.လောလောဆယ်တော့ MATမှာစောင့်ရှောက်ထားပါတယ် နယ်မြေခံ ရဲစခန်းကိုလည်း သတင်းပို့ပေးထားပါတယ်။ရဲစခန်းကလည်း MATအဖွဲ့မှာဘဲ စောင့်ရှောက်ထားပေးပါ၊ လိုအပ်တာရှိရင်လည်း လာရောက် ကူညီပေး ပါမယ်လို့ ပြန်ပြောပါတယ်။ဒီမှာတော့ ရေရှည်စောင့်ရှောက် မို့အခက်ခဲရှိတော့ ဘန်ကောက်မြန်မာသံရုံးမှ သံအမတ်ကြီးကို အကူညီတောင်းပြီး ကလေးမလေးကို လူကုန်ကူးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ (မြ၀တီ)ကိုပို့မလို့ စီစဉ်နေတယ်..” ဟု ဖြေကြားခဲ့ပါသည်။




စိတ်ကျန်းမာရေးချို့တဲ့နေသည့် မြန်မာအမျိုးသမီး၏ စကားပြောလေယူလေသိမ်းနှင့် သွားလာနေထိုင်ပြုမူ ပုံများမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှနေထိုင်သူဖြစ်နိုင်ကြောင်း ၎င်းမှဖြည့်စွက်ပြောကြားခဲ့ပါသည်။

အဆိုပါအမျိုးသမီးအားသိရှိသူများအနေဖြင့် အောက်ဖော်ပြပါ MATအဖွဲ့ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးပါရန် MATအဖွဲ့မှ မေတ္တာရပ်ခံထားပါသည်။

ဦးခိုင်ကြီး (အတွင်းရေးမှူး)  08 5341 5611
ကိုအောင်ဆန်းဦး( မဟာချိုင်ရုံးတာဝန်ခံ)  09 0667 7913
ကိုစောမောင်(သတင်းနှင့်ပြန်ကြားရေး) 09 0661 0849