၂၀၁၅ မတ်လ ၃၀
ဆန်းဦး
ဇွဲသုခအေဂျင်စီ
ဖြင့်လာခဲ့သည့် မကွေးတိုင်းမင်းလှမြို့နယ်ဂွေးကြီးကျေး ရွာမှMOU အလုပ်သမား၁၁ဦး သူဌေး မတူဟုဆိုကာ ထိုင်းရဲကဖမ်းဆီးလိုက် သဖြင့် နကပထုန်အကျဉ်းထောင်တွင်
ထောင်ကျခံနေရကြောင်း ယနေ့ ထောင်ဝင်စာသွားတွေ့ သူများကပြော သည်။
ထောင်ဝင်စာတွေ့ခဲ့သူတရွာတည်း သား ကိုမင်းဦးက“၂၄၊ ၂၊၂၀၁၅ နေ့မှာ ဖုထုမထုန် စိုင်းစီမှာ ပန်းရံလုပ်နေတဲ့ အချိန်မှာဖမ်းတယ်။ ၂၀၊ ၁၀၊
၂၀၁၄ နေ့က ဇွဲသုခကုမ္ပဏီနဲ့ ၉၁ ယောက်လာခဲ့ကြတာပါ။ ( ကြည်နိုင်နဲ့ ဦးသောင်းထွန်း(၁) အပါအ၀င်
၈ယောက် နခိုစီဌာမရ) မှာရှိတယ်။ (ဦးစန်းမောင်နဲ့ ကိုအောင်မြင့်နိုင် တို့ ၈ ယောက် အယုဒ္ဓယ) မှာရှိတယ်။ လူတွေအကုန်လုံးကိုခွဲပြီးပို့ထားတာပါ”
ဟုပြောသည်။
ထောင်ကျနေသူများမှာ
၁။ ကိုဆန်းဦး ၂။ ကျော်ကျော်ခိုင် ၃။ ဆန်းဝင်း ၄။ ကိုသောင်းထွန်း ၅၊၊ ကျော်ဝင်း ၆။
လင်းလင်း ၇။ ကျော်ဆန်းဦး ၈။ အောင်ကိုလင်း
၉။ မြင့်ကျော် ၁၀။ ခင်မောင်သန်း ၁၁။ ၀င်းဌေး တို့ ဖြစ်ကြသည်။

၄၈ရက်ကြာ
ထောင်ကျမည်ဟု ထောင်ကျနေသူများကပြောဆိုလိုက်ကြောင်း မြန်မာသံအမတ်ကြီးနှင့်
နိုင်ငံတော်သမ္မတတို့ထံကို
တင်ပြပေးရန်လည်း မှာကြားလိုက်ကြောင်း ထောင်ဝင်စာသွားတွေ့သည့် ကိုမင်းဦးက ပြောဆိုပါသည်။