22 June 2016

"အမေစုသို့ မှာတမ်းချွေ" အိပ်ဖွင့်ပေးစာ



 

-                                                                                                        
                                                                                                                PO.BOX ( 21)
                                                                                                              BANG BON OFFICE
                                                                                                                 BKK 10151                                                                                                                                                                                                                      
                                                                                                                 THAILAND
                                                                                                  E-Mail -mattahiland@gmail.com
                                                                                                         ရက်စွဲ။     ။ ၂၂.၆.၂၀၁၆
သို့

 ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး
မြန်မာတစ်မျိုးသားလုံး၏ မျှော်လင့်ချက်မိခင်ကြီး  …ထံသို့…. အိပ်ဖွင့်ပေးစာ

အကြောင်းအရာ။စွန့်ဦးတီထွင်သည့်အစိုးရသစ်အနေဖြင့်လမ်းဟောင်းကိုပစ်၍ လမ်းသစ်ဖေါက်လုပ်နိုင်ရန်တင်ပြခြင်း”

     ခေတ်အဆက်ဆက်အကာအကွယ်မဲ့ပြီးဖိနှိပ်ခံခဲ့ရသောမြန်မာအလုပ်သမားများကိုသနားညှာတာသောအားဖြင့်၊ပွဲစားများ
ခေါင်းပုံဖြတ်အနိုင်ကျင့်ခွင့်ရသော MOU စနစ်ဖြင့် အလုပ်သမားတင်ပို့ခြင်းအားလုံးဝရပ်တန့်ပေးပါရန် တင်ပြခြင်းဖြစ်ပါ သည်။

        ၂၀၀၉-ခုနှစ်ကတည်းကထိုင်းနှင့်မြန်မာအစိုးရတို့ စတင်အကောင်အထည်ဖေါ်ခဲ့ကြသော G to G အစိုးရချင်း MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းအားကြားခံပွဲစားများ၊ဆပ်ကန်ထရိုက်များနှင့်တစ်ဆင့်အကောင်အထည်ဖေါ်ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် G to G ဖြစ်မလာပဲ  Business to Business (B to B) ဖြစ်သွားခဲ့ပါသည်။ လုပ်ကိုင်ခွင့်ကို အကြောင်းပြု၍ကိုယ် ကျိုးစီးပွားရှာ တတ်ခဲ့ကြသော အကျင့်ပျက်ဝန်ထမ်းများ၏အကူအညီဖြင့် ပွဲစားများသည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း ရှင်များအဖွဲ့ချုပ် MOEAF  (ပွဲစားများအဖွဲ့ချုပ်) ကို  ၂၀၁၅ ခု ဇန်န၀ါရီလတွင် တရားဝင်မှတ်ပုံတင်ခွင့်ပြုချက်ရရှိခဲ့သည်။

           MOEAF(ပွဲစားများအဖွဲ့ချုပ်) တရားဝင် လိုင်စင်ရပြီးနောက် မူလက အလုပ်သမားရှာပေးရန်အတွက် ထိုင်းအလုပ်ရုံများ က ငွေစိုက်ထုတ်ပေးရာကနေအေဂျင်စီများကပြန်၍ အလုပ်ရုံကို ငွေပြန်ပေးကြသည်။ ထိုင်းအလုပ်ရုံမှထမင်းပေးသည့်ထုံးစံ များပြောင်း ပြန်ဖြစ်သွားခဲ့သည်။ ပွဲစားများ၏ Demand Letter(အလုပ်သမားခေါ်စာ)ရောင်းဝယ်ဖေါက်ကားမှုကြောင့် သက်ဆိုင် သူများချမ်းသာခဲ့ကြသည်။)

                                       “MOEAF ပွဲစားများအဖွဲ့ချုပ်ရဲ့လုပ်ကိုင်ခွင့်အာဏာချဲ့ထွင်ခြင်း”
          အလုပ်သမားဝန်ကြီးဌာနမှ အဘတွေရော အမတွေနဲ့ မိသားစု ဈေးဝယ်၊ ဆေးကု ဟိုတယ်ကိစ္စများမှအစ တန်ဖိုးမြင့် ဇိမ်ခံကားနဲ့လေယာဉ်ကွင်းမှာအကြိုအပို့များအတွက်ဘန်ကောက်ပွဲစားများအဖွဲ့ချုပ်များကလိုလေသေးမရှိဖြည့်ဆည်းပေးကြသည်။   ရွှေ၊ ငွေ၊ကား၊ တိုက်ခန်း၊အားလုံးအဆင်ပြေသည်။ အေဂျင်စီ ပွဲစားအချို့သည် မူလကအိမ်ငှါးဘ၀ဖြင့်နေထိုင်ခဲ့ရ၊ အယင် တုန်းက ရန်ကုန်ဆိုတာကြားသာကြားဖူးကြသော တိုင်းရင်းသားပွဲစားများ MOU ဖြင့်တရားဝင်လူကုန်ကူးခွင့် ရခဲ့ခြင်းကြောင့် အခုအခါ ရန်ကုန်မြို့တွင် ကျပ်သိန်း ၇ ထောင်၊ ၄ ထောင် တန်အပြင် ကျပ်သောင်းချီတန်သည့် မြေကွက်များဝယ်ယူ ထားနိုင်သည် အထိ ကာလတိုအတွင်းချမ်းသာသွားခဲ့ကြသည်။ MOU အလုပ်သမားအချို့မှာ အိမ်အပေါင်ဆုံး၊ လယ်အပေါင် ဆုံး၊ မြ၀တီ မှာပြည့်တန်ဆာ ဖြစ်၊ ထိုင်းတွင် ဘ၀တွေပျက်သွားရသူများစွာရှိခဲ့သည်။
        အလုပ်သမားဝန်ကြီးဟောင်း၊ ညွန်ချုပ်တို့နှင့်အတူ နိုင်ငံတော်အဆင့်နဲ့နိုင်ငံတကာ အခမ်းအနားများအထိ ပွဲစားများအဖွဲ့ချုပ် MOEAFကနေရာရသည်။ မိမိတို့သည်အစိုးရနှင့်တန်းတူလုပ်ကိုင်ခွင့်ရှိနေသူများအဖြစ်ပုံဖေါ်ကြသည်။ အလုပ်သမားအရေးကူညီ သူများ ကိုတိုက်ခိုက်ရန်နှင့်တိုင်းပြည်ကိုလိမ်လည်သတင်းထုတ်လွှင့်ရန်အတွက် ၀န်ကြီးများနှင့်တိုင် ပင်၍ သတင်းစာ လိမ်ရှင်း ပွဲတွလုပ်ခဲ့ကြသည်။ MOEAF သာလျှင် လူငယ်လူရွယ်များကိုနိုင်ငံခြားသို့ပို့ခွင့်ရှိသူ အဖြစ်ဖန်တီးထားသည်။   နိုင်ငံခြားပွဲစား များဖြင့် MOUစာချုပ်ချုပ်ဆိုကြသည်။ အသစ်လျှောက်ထားမည့်အေဂျင်စီများအား ဘဏ်ထဲတွင်ပြီးခဲ့သည့် ၆လက ကျပ်ငွေ သိန်း တစ်ထောင် ရှိရမည်ဟုသတ်မှတ်ထားသည်။ အလုပ်သမားများပို့ခွင့်ထောက်ခံစာ၊ ပြဿနာတစ်ခုခုပေါ်ပေါက်ပါက ပွဲစားများ အဖွဲ့ချုပ်အတွင်း ရေးမှူးနှင့်ဥက္ကဌတို့က အုပ်စုဖွဲ့မိုက်ကြေးခွဲခြင်းကြောင့် MOEAF ပွဲစားများအဖွဲ့ချုပ်ကို ၎င်းတို့ပွဲစား အချင်းချင်းက ပင် အယုံအကြည် မရှိတော့သဖြင့်ဖျက်သိမ်းချင်နေကြကြောင်းပြောဆိုနေကြသည်။

                                            “အေဂျင်စီပွဲစားများ၏မတရားသည့်လုပ်ရပ်များ”
(၁) မြန်မာအစိုးရက အလုပ်သမားတစ်ယောက်ကို ကျပ်ငွေတစ်သိန်းခွဲသာ ကောက်ခံရမည်ဆိုသော်လည်း အလုပ်သမားများ အနည်းဆုံး ကျပ်ငွေ ၄သိန်းမှ ၈သိန်းအထိပေးနေကြရသည်။ ထိုင်းနိုင်ငံမှာဘတ်ငွေတစ်သောင်းသာ ဖြတ်တောက်ရမည်ဟု အစိုးရ ကသတ်မှတ်ထားသော်လည်း ဘတ်ငွေတစ်သောင်းထက်ပိုမိုဖြတ်တောက်ဆဲဖြစ်ပါသည်။
(၂) MOEAF နှင့် အေဂျင်စီအချို့ စီးပွားဖြစ်အလုပ်သမားသင်တန်းကျောင်းများဖွင့်လှစ်သင်ကြားကြခြင်း။
(၂) မူလစာချုပ်ပါ အလုပ်မဟုတ်ပဲ၊ မဲဆောက်မှ ထိုင်းတစ်နိုင်ငံလုံးသို့ခွဲပို့ပါသည်။
(၃) မဟာချိုင်မြို့တွင် ထိုင်းရဲနှင့်အိမ်ထောင်ပြုထားသော မြန်မာအမျိုးသမီး၂ဦးတို့သည် MOU အလုပ်သမားများကို ခြံထဲ တွင်ကျွေး မွေးထားပြီး နေရာပေါင်းစုံသို့ပို့ဆောင်ပါသည်။ ၎င်းတို့တွင် ကားအလုပ်ရုံနှင့် CD ပြားထုတ်လုပ်သည့် အလုပ်ရုံများရှိ သဖြင့် မူမမှန်သည့်အလုပ်သမားခေါ်စာဖြင့်ရောက်ရှိလာသည့်အလုပ်သမားများကိုအသွင်းအထုတ်လုပ်စားကြသည်။ ထို့အပြင်   ဆေးမင်ကြောင်း ထိုးထားသူများနှင့် ကွမ်းစားသူများကို ဘတ်ငွေ ၁,၀၀၀ ပေးစေ၍ မြ၀တီသို့ပြန်ပို့ပါသည်။
 (၅) ယခင်အလုပ်သမားဝန်ကြီးနှင့် ပွဲစားတစ်ဦးတို့ ရန်ကင်းသင်တန်းကျောင်း၊ ပင်လုံခန်းမနှင့် မြ၀တီကျောက်လုံးကြီးတို့တွင် ထိုင်းသို့ ထွက်ခွာမည့်MOU အလုပ်သမားများထံမှ ထိုင်းနိုင်ငံတွင်အသက်အာမခံကြေးဟုဆိုကာ နှစ်နှင့်ချီ၍ ကောက်ခံခဲ့သည့်ေ ငွများနှင့် ထိုင်းနိုင်ငံတွင် အလကားနီးပါးရရှိသည့်ဖုန်းဆင်းမ်ကဒ်တစ်ခုအား ဘတ်ငွေ၁၀၀(ကျပ်ငွေ ၃,၀၀၀)နုန်းဖြင့်ေ ကာက်ခံခဲ့သည့် ငွေများကိုစိစစ်ဖေါ်ထုတ်ရန်လိုအပ်သည်။(ညွန်ချုပ်နှင့်MOEAFတို့ခွင့်ပြုစာထုတ်ထားသည်များလက်ခံရှိပါသည်) 
 (၆) အလုပ်သမားများနှင့်အလုပ်ရုံတို့ချုပ်ဆိုသည့် စာချုပ်မျာအား အလုပ်သမားများကို မပေးအပ်ခြင်း၊ ဆက်သွယ်မည့်ကိုယ်စား လှယ်ဖုန်းများကိုအပြည့်အစုံမပေးခြင်း။ သံရုံးနှင့် ကူညီရေးအဖွဲ့များဖုန်းနံပါတ်များကိုမပေးခြင်း။
(၇) ယခင်နှစ်ပေါင်းများစွာကတည်းက ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့်အလုပ်သမားများကို MOU စာအုပ်သို့ပြောင်း လဲပစ် ခြင်း။ ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့ခြင်း။ ထို့ကြောင့်လုံခြုံမှုတဖြည်းဖြည်းနည်းပါးလာခြင်း။
(၈) အလုပ်သမားသံအရာရှိတို့သည် MOU အလုပ်သမားများပြဿနာဖြေရှင်းရာသို့သွားရောက်ကြသည့်အခါ အလုပ်သမား အရေး ကူညီသူများမပါပဲ အေဂျင်စီပွဲစားဖြင့်သွားတတ်ပါသည်။ ပွဲစားများက (မြန်မာသံရုံးမှဟု) ပြောလေ့ရှိသဖြင့် အလုပ် သမားများမှာ မြန်မာအစိုးရနှင့်မြန်မာသံရုံးတို့ကို ပွဲစားများအဖြစ်မြင်သွားတတ်၍ အားကိုးရာမဲ့ပြီဟုယူဆကာ အလုပ်ရုံနှင့်ပွဲစားပြု သမျှခေါင်းငုံ့ခံ  ကြရတော့ခြင်း။(အေဂျင်စီပွဲစားများက သံဝန်ထမ်းသဏ္ဍန် ပြောဆိုလေ့ရှိသဖြင့် မြန်မာအစိုးရသိက္ခာ အလွန်ကျ ဆင်းနေပါသည်)
                                               
                                                        “MOUစည်းကမ်းအားနည်ချက်များ”
(၁) ထိုင်းနှင့်မြန်မာပွဲစားအဆင့်ဆင့် လုပ်ကိုင်နေကြခြင်းကြောင့် MOU အလုပ်သမားပြဿနာများကို ထိုင်းနှင့်မြန်မာ အလုပ်သမား အရာရှိများက ဖြေရှင်းရန် ခေါင်းရှောင်ကြခြင်း။ G to G ဖြစ်နေ၍ အလုပ်သမားအရေးကူညီသည့်အဖွဲ့များ ကူညီရန် ခက်ခဲခြင်း။
(၂) MOU အလုပ်သမားများမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်နိုင်ရန်အတွက် အနည်းဆုံး ၃လခန့်စောင့်ဆိုင်းခဲ့ရခြင်း၊ ရန်ကုန် သို့ နယ်မှ အခေါက်ခေါက်အခါခါလာရခြင်း။ (မူဝါဒများအကြီးအကျယ်လွဲမှားနေပါသည်)
(၃) ထိုင်းနိုင်ငံဘက်သို့ရောက်ရှိလာသည့်အခါ အလုပ်ရုံပိတ်သိမ်းသွားခြင်း၊ အလုပ်ရုံနှင့်အေဂျင်စီပွဲစားများအဆင်မပြေ၍ အလုပ်မလုပ်ရပဲ ပြန်ပို့ခံရလျှင် အလုပ်သမားများ ကုန်ဆုံးထားသည့် ငွေနှင့် အချိန်တို့အတွက်နစ်နာမှု တစ်စုံတစ်ရာမရရှိခြင်း၊ စာချုပ်စည်း ကမ်းကိုဖေါက်ဖျက်သည့် အေဂျင်စီက ပေးလျှော်စေခြင်းလုပ်သင့်ပါသည်။
(၄) အလုပ်သမားများသည်၂နှစ်စာချုပ်ချုပ်ဆိုလာခဲ့သော်လည်း ရက်၉၀ ဧည့်စါရင်းတိုင်းခြင်းနှင့် နောက်ထပ် Work Permit တို့ အတွက် အေဂျင်စီပွဲစားများက ငွေကြေးထပ်မံတောင်းခံခြင်း။
(၅) အလုပ်ရုံနှင့် အေဂျင်စီတို့၏ စာချုပ်ပါစည်းကမ်းများနှင့်မကိုက်ညီမှုများကို အလုပ်သမားကူညီစောင့်ရှောက်ကြသူများထံသို့ သ တင်းပေးပို့ အကူညီတောင်းခံပါက အဆိုပါ အလုပ်သမားများကို ချက်ခြင်း နယ်စပ်သို့ပြန်လည်ပို့ဆောင်ခြင်း။
(၆) MOUအလုပ်သမား အခြားနေရာများတွင် အလုပ်လုပ်၍မရခြင်း(ပြောင်းရွှေ့ခွင့်မရရှိခြင်း) စာချုပ်မကုန်ခင် လူအသစ်ပြန်သွင်း ရန်အတွက် အကြောင်းမရှိအကြောင်းရှာပြန်လည်ပို့ဆောင်ခြင်း။
အကြံပြုချက်။   (က) ပွဲစားလုံးဝမလိုပဲ အလုပ်သမားလည်း အကုန်အကျအနည်းဆုံးဖြစ်ကာ အစိုးရလည်း ဂုဏ်သိက္ခာရှိသည့် MOU အလုပ်သမားတင်ပို့ခြင်း နည်းလမ်းကောင်းတစ်ခုအား မူဝါဒချမှတ်ပြောင်းလဲနိုင်သူကို ကျနော် တွေ့ဆုံအကြံပေးလိုပါသည်။
(ခ) MOU လုပ်ငန်းစဉ် မှန်ကန်နေသည်ဟု အလုပ်သမားဝန်ကြီးဌာနနှင့် ပွဲစားများအဖွဲ့ချုပ် MOEAF က မိမိတို့ကိုယ်မိမိ စိတ်လုံ ပါက ကျန်ုပ်တို့နှင့်အတူ သတင်းမီဒီယာများရှေ့မှောက်တွင် မိမိတို့ကြိုက်နှစ်သက်သည့်အလုပ်သမားခေါ်စာတစ်စောင်အား စစ်ဆေးပြပေးပါ။ ထိုသောအခါ MOU ဖြင့် တရားဝင်လူကုန်ကူးနေမှုများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ရှိရပါမည်ဖြစ်ပါသည်။
 x…….x……x……x……x……x…….x…….x……..x…….x…….x……..x…..x…….x…….x.…..x…..x…...x……x…...x……x
                            “ဒေါ်အောင်ဆန်းစုကြည် ထိုင်းအစိုးရထံတွင်တောင်းဆိုသင့်သည့်အချက်များ”
(၁) လက်ရှိတွင်ချမ်းသာပြီး အလုပ်ရှင်ဖြစ်နေသော ထိုင်းနိုင်ငံအစိုးရအနေဖြင့် ထိုင်းလူမျိုးများလုံးဝမလုပ်ကိုင်ကြတော့သည့် (ပင်ပန်း၊ အန္တရာယ်ရှိ၊ ညစ်ပတ်၊ ဂုဏ်သိက္ခာမဲ့သောအလုပ်များကို) လုပ်နေကြရသော မြန်မာအလုပ်သမားတွေအားလုံးကို ဗီဇာနှင့် ၀တ်ပါမစ်မလိုပဲ၂နှစ်/၃နှစ်ခန့်၊ အလုပ်လုပ်ခွင့်ပြုဖို့နဲ့ အလုပ်သမားများကို ထိုင်းနိုင်ငံသားနည်းတူ အခမဲ့ဆေးဝါး ကုသခွင့်   ပုရန်။

(၂) ထိုင်းအိမ်တိုင်းနီးပါးတွင်ရှိနေသော(သိန်းချီသည့် မြန်မာအိမ်ဖေါ်အမျိုးသမီးများအား) အလုပ်ချိန်သတ်မှတ်ခြင်း၊ နားရက် သတ်မှတ်ခြင်း၊ လုပ်အားခသတ်မှတ်ခြင်း၊ တရားဝင်အလုပ်သမားအဖြစ်သတ်မှတ်ခြင်းပြုလုပ်ပေးရန်။

(၃) ၂၀၁၂ ခုနှစ်က ထိုင်းအလုပ်သမားဝန်ကြီးဌာနက သန်းပေါင်းများစွာသော မြန်မာအလုပ်သမားများထံမှ အိမ်ပြန်စရိတ်ဆိုပြီး ဘတ်ငွေ တစ်ထောင်စီ ကောက်ခံထားခဲ့သည့်ငွေများကို ပြန်တောင်းခံပေးပါ။ (ထိုငွေများဖြင့် ထိုင်းရောက် အလုပ်သမားအရေး ကိစ္စ များ ဆောင်ရွက်နိုင်ပါသည်။ အစိုးရဘတ်ဂျက်ခွဲထားသင့်ပါသည်။ မြန်မာသံရုံးတွင် ရံပုံငွေရှာဖွေ၍လည်းရနိုင်ပါသည်)

(၄) အလုပ်ရုံများတွင်ဖြတ်တောက်နေသော ပကာစာခွန်း (ခ) အာမခံကြေးများသည် မြန်မာအလုပ်သမားများ၏ လုပ်အား ခငွေများ ဖြစ်သဖြင့် မြန်မာအစိုးရအနေဖြင့် အသုံးပြုခြင်း၊ ကျန်ခြင်း၊ ပြန်လည်ပေးအပ်ခြင်း၊ အပိုအလိုကိစ္စများကို သိရှိခွင့် ရရှိသင့်ပါသည်။ ညှိနှိုင်းမရပါ၍ ပယ်ဖျက်နိုင်က အလုပ်သမားများအတွက်ပိုမိုအကျိုးရှိမည်ဟုယူဆပါသည်။ အကြောင်းမှာ အလုပ်သမားများထိခိုက် ဒဏ်ရာရရှိမှု နှင့်၊ အလုပ်ထုတ်ပယ်ခံရမှုများ၊ ပျက်စီးဆုံးရှုံးမှုများအတွက်အလုပ်ရုံမှ တာဝန်ယူရမည် ဟူသည့် ဥပဒေရှိ၍ဖြစ်ပါသည်။
(၅) ဟီးထနေသည့်ကွန်ဒိုတိုက်ကြီးများအား ဆာက်လုပ်ပြီးစီးသည့်အခါ လုပ်အားခကိုမပေးလို၍ မြန်မာအလုပ်သမားများကို ဖမ်းဆီးထောင်ချပါသည်။ ပြန်ပို့ပါသည်။ မရားမ၀င်အလုပ်သမားကိုခိုင်းစေသည့် လုပ်ငန်းရှင်တစ်ဦးတစ်လေကိုမျှ ထိုင်းအစိုးရက အရေးယူဆောင်ရွက်ပေးခြင်းမရှိခြင်းသည်တစ်ဘက်သတ်အနိုင်ကျင့်ခြင်းဖြစ်ကြောင်း၊ နောင် အလားတူ ပြဿနာ များပေါ်ပေါက် လာပါက ထိထိရောက်ရောက်အရေး ယူပေးရန်တင်ပြခြင်း။ 
(၆) မြန်မာသံရုံးမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲအရာရှိတစ်ဦး၊ လူမှုဝန်ထမ်းတစ်ဦးနှင့်အတူ အလုပ်သမားများကို ကာကွယ်   စောင့်ရှောက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ ၇၇ ပြည်နယ်ရှိသည့်အနက် အလုပ်သမားအများစုရှိသောဒေသများတွင်၊ သံရုံးနှင့် ပူး ပေါင်း၍ အလုပ်သမားကူညီစောင့်ရှောက်ရေးစင်တာ (၅.ခု) ခန့် ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုရန်။

(၇) မည်သည့်အကြောင်းကြောင့်ဖြစ်စေ ထိုင်းနိုင်ငံအကျဉ်းထောင်များထဲတွင် အကျဉ်းကျခံနေကြရသော မြန်မာနိုင်ငံသားများ အား ပြစ်ဒဏ်မှ ရုပ်သိမ်း၍  မြန်မာနိုင်ငံသို့ ပြန်လွှတ်ပေးခြင်း။ (ဘာသာစကားအားနည်းမှု၊ အဆက်အသွယ်နည်းပါးမှုတို့ကြောင့် အစား ထိုး ထောင်ကျခံနေရသည့်မြန်မာများစွာ အကျဉ်းထောင်းများထဲမှာရှိပါသည်)

(၈) လူကုန်ကူးခံခဲ့ရပြီး ကယ်ဆယ်ရေးစခန်းများထဲတွင် လပေါင်းများစွာအကျယ်ချုပ်သဖွယ်ကျခံနေရသည့် မြန်မာများကို (လုပ် အားခနှင့် ကယ်ဆယ်ရေးစခန်းတွင်းကြာမြင့်ချိန်တို့အတွက် နစ်နာကြေးအပြည့်အစုံပေး၍) အလျှင်အမြန်ပြန်ပို့ပေးပါရန်နှင့် ထိုင်း ငါးဖမ်းလှေနှင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် နှစ်လကြာရှည် လူကုန်ကူးခံနေရသူများအား မြန်မာသံရုံးက လွတ်လွတ်လပ်လပ်    ရှာဖွေစုံစမ်းဖေါ်ထုတ်ခွင့်ပြုရန်။

(၉) ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်းဝန်ကြီးချုပ် တို့တွေ့ဆုံစကားပြောနေချိန်မှစ၍ ထိုင်းတစ်နိုင်ငံလုံးတွင်ရှိသော မြန်မာအလုပ် သမားများကို (ရာဇ၀တ်မှုကျူးလွန်ခြင်းမှလွဲ၍) မည်သည့်အခါမှ ဖမ်းဆီးချုပ်နှောင် ငွေကြေးတောင်းခံခြင်းမပြုလုပ်ရန်။ (ဘန်ကောက်၊ မဟာချိုင်၊ မဲဆောက်မြို့များတွင်ဖမ်းဆီးငွေတောင်းခံမှုများကိုချက်ခြင်းရပ်တန့်ရန်)

(၁၀) မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့ ထိုင်းငါးဖမ်းသင်္ဘောများ တရားမ၀င်ရောက်ဖမ်းဆီးနေမှုများကိုလုံးဝတားမြစ်ပေးရန်။

(၁၁) နယ်စပ်သို့ပြန်လည်ပို့ဆောင်နေခြင်းကိစ္စရပ်များတွင်(ရနောင်းနှင့် ကော့သောင်းတွင်၊ အာဏာပိုင်များလက်သို့ တိုက်ရိုက် အပ်နှံခြင်း၊ မယ်ဆိုင်နှင့်တာချီလိတ်၊ မြ၀တီမဲဆောက်ဘက်တွင်(ထိုင်းလ၀ကမှ မြ၀တီ ၉၉၉ ဂိတ်ပွဲစားများထံသို့ ပို့ဆောင်ခြင်းကို ယာသက်ပန် ရပ်တန့်ပြီး) ချစ်ကြည်ရေးတံတားပေါ်မှတရားဝင်ပြန်လည်ပို့ဆောင်ပေးရန်။

(၁၂) နည်းပညာများအလွယ်တကူးရရှိနိုင်မည့် စက်ရုံအလုပ်ရုံများနှင့်စိုက်ပျိုး၊ မွေးမြူနေရာများသို့ ပညာသင်နှင့်လေ့လာရေး စေ လွှတ်ခွင့်တောင်းခံသင့်ပါသည်။

“အကြံပြုခြင်း” ။သန်းချီသည့်ထိုင်းရောက်အလုပ်သမားများအရေးကိစ္စရပ်များကို အချိန်နှင့်တပြေးညီဖြေရှင်းနိုင်ရန်အတွက် မရှိ မဖြစ်လိုအပ်ချက်မှာ၊ ဘန်ကောက်သံရုံးတွင် တာဝန်ထမ်းဆောင်ကြမည့် သံတမန်ဝန်ထမ်းများသည် နိုင်ငံသားများနှင့် အလုပ် သမားအရေးကိုစိတ်ပါဝင်စားစွာဖြင့်ကူညီပေးလိုသည့်စိတ်ဓါတ်ရှိသူများ၊ မိဘများနှင့်တူသောသံတမန်များဖြစ်ဖို့လိုပါသည်။ သံတမန်များသည် မြန်မာနိုင်ငံသားများအရေးပေါ်ဖြစ်သည့်နေရပ်များသို့ အလျှင်အမြန်ကိုယ်တိုင်သွားရောက်ဖြေရှင်းပေးလိုသည့်   စိတ်စေတနာရှိသူများဖြစ်ဖို့ အထူးလိုအပ်ပါသည်။ သို့မှသာ ဒေါ်အောင်ဆန်းစုကြည် မြင်တွေ့လိုသည့် မိဘအိမ်သဖွယ်   ဖြစ်   သောသံရုံးများဖြစ်လာမည်ဖြစ်ပါသည်။         


                                                                  လေးစားစွာဖြင့် 
                                                                 ဦးကျော်သောင်း
                                                            အမှုဆောင် ဒါရိုက်တာ       
                                     ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့                                                                        
                                                         ဘန်ကောက်မြို့