26 June 2016

“မိုးရေထဲစောင့်ဆိုင်းနေသော မြန်မာလုပ်သားများနှင့် တွေ့ဆုံခွင့်မရခဲ့၍ ဒေါ်အောင်ဆန်းစုကြည်တောင်းပန်”


မြန်မာလုပ်သားများ၏ အခက်အခဲများကို သိရှိပြီး ဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သည့်အခွင့်အရေးအားလုံးရရှိရန် ကြိုးစားပေးမည်ဟု ပြောကြား
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် မိုးထဲလေထဲတွင် စောင့်ဆိုင်းနေသော ထိုင်းရောက် မြန်မာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံကြီး) ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
       ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား တွေ့ဆုံရန်လာရောက်သည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည်မိုးသည်းထန်နေသည့်ကြားမှ စောင့် ဆိုင်းနေသော ထောင်နှင့်ချီသည့် မြန်မာလုပ်သားများ နှင့် တွေ့ဆုံခွင့်မရဘဲ ပြန်သွားရခြင်း
အတွက် စိတ်မကောင်းဖြစ်ရပြီး တောင်း ပန်သည်ဟု မှာကြားသွားကြောင်း သတင်းရရှိ သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ခန်းမအတွင်းသို့ ဝင်ရောက်ခွင့်မ ရသောမြန်မာလုပ် သားများအား စကားပြောရန် စီစဉ် ခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စကားပြောခွင့်မရဘဲ ပြန်သွားခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ကားအနီးတွင် ရှိနေသော သာ မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ဗြိတိန် နိုင်ငံသား အန် လ် ဒီဟောအား တောင်းပန်ပေးရန် ပြောကြားခဲ့သည်ဟု အန်လ်ဒီဟောက 7Day Daily သို့ ပြောကြားသည်။

‘‘အပြင်က စောင့်နေတဲ့သူ တွေကို တောင်းပန်ပါတယ်။ စကားပြောဖို့ စီစဉ်ပေမယ့် မိုးရွာလို့ မပြောနိုင်ဖြစ်ရတာပါ။ ပြဿနာ တွေလည်း သိထားပါတယ်။ ဒါလေးကိုပြော   ပြောပြပေးပါ’’ ဟု ပြောကြားခဲ့ကြောင်း အန်လ်ဒီဟောက ပြောသည်။ မိုးရေထဲတွင် တွင် စောင့်ဆိုင်းနေသော မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနှုတ်ဆက်ခွင့် မရခဲ့သည့် အတွက် စိတ်မကောင်း ဖြစ်ရ ကြောင်း၊ တွေ့ဆုံခွင့်အဆင်မပြေ ဖြစ်ခဲ့ရသော်လည်း ထိုင်းနိုင်ငံ ရောက်မြန်လာအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲ များအား လုံးသိရှိထားသည်ကိုအမှာစကားပါးပေးစေလိုကြောင်း၊ထိုင်းနိုင်ငံရောက်မြန်မာအလုပ်    သမားများ ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန် ကြိုးပမ်းနေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် က ပြောကြားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

စိတ်လှုပ်ရှားစွာဖြင့် ငိုကြွေးနေသော ထိုင်းရောက်မြန်မာလုပ်သားနှစ်ဦး (ဓာတ်ပုံ − AP)

       ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး တင်ပြတောင်းဆိုစရာ များ ပြင်ဆင်လာ သည့်ထိုင်းနိုင်ငံရောက် ထောင်နှင့်ချီသည်မြန်မာလုပ်သားများသည့်ဇွန်လ၂၃ရက်နံနက်  ၈ နာရီကတည်းက မဟာ ချိုင်မြို့ ထလေထိုင်းခန်းမအနီး စုဝေးစောင့်ဆိုင်းခဲ့ကြသည်။
‘‘အမေစု ကျန်းမာပါစေ’’ဟု ဟစ်ကြွေး၍ မြန်မာအလံများ ကိုင်ဆောင်ကာ နေပူထဲတွင် တစ်နေ ကုန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ် သည်။ လုပ်သားများအရေးကူညီသည့် အဖွဲ့ အစည်းများက လာ ရောက်သူများအား ရေသန့်ဘူး များ၊ အချိုရည်နှင့်မုန့်များပေးဝေ ခဲ့ကြသည်။

        နေ့လယ် ၁၂ နာရီတွင် ထိုင်းရဲတပ်ဖွဲ့က ခန်းမအနီး စုဝေးနေ သော မြန်မာလုပ် သားများကို ခန်းမနှင့် အနည်းငယ်ဝေးသည့် ထလေထိုင်း ဈေးဂိတ်ပေါက်သို့ နေရြာေ ပာင်းရွှေ့စေခဲ့သည်။ ထိုသို့ နေရာပြောင်းရွှေ့နေခိုင်းမှု ကြောင့် မြန်မာလုပ်သားများက မကျေနပ်၍ ဆူပူမှုအချို့ဖြစ်ပေါ်ခဲ့သည်။

စင်ပေါ်မှဆင်းကာ လုပ်သားများနှင့် စကားပြောနေသောဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

   မွန်းလွဲ ၁ နာရီတွင် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ရန် ထိုင်းအာဏာပိုင်များက သီး သန့်ခေါ်ယူထားသော အင်္ကျီဆင် တူဝတ်ဆင်ထားသည့် မြန်မာအမျိုးသမီးလုပ် သားများ လာရောက်ရာ စုဝေးစောင့်ဆိုင်းနေသော မြန်မာလုပ်သားများက ဝင်ရောက် ခွင့် မပြုဘဲ မောင်းထုတ်ခဲ့ကြသည်။ ကားကြီးများဖြင့် တင်ဆောင်လာသော မြန်မာ လုပ်သားများကိုလည်း စုဝေးနေသော မြန်မာလုပ်သားများက ဝင်ခွင့်မပေးဘဲ ပိတ်ဆို့ တားဆီးခဲ့ကြသည်။

      ထိုင်းရဲတပ်ဖွဲ့သည် ၎င်းတို့ ခေါ်ယူထားသော မြန်မာလုပ်သား များအား ခန်းမ၏    နောက်ဘက် လမ်းမှတစ်ဆင့် ခန်းမအတွင်းသို့ ခေါ်သွင်းခဲ့ရသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် မြန်မာလုပ်သား ၅၀၀ ခန့်တွေ့ဆုံရန် စီစဉ်ခဲ့သော် လည်း မြန်မာလုပ်သား ၂၀၀ ခန့် သာ ခန်းမအတွင်းသို့ ခေါ်သွင်းခဲ့ သည်ကိုတွေ့ရသည်။

       ခန်းမအတွင်းသို့ ဝင်ခွင့်ရရှိ သော မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံရှိ စက်ရုံ အသီးသီးမှ အဆင်ပြေနေသည့် အလုပ်သမားများ ဖြစ်သည်ဟုဆိုသည်။ ထလေ ထိုင်းဈေးသို့ ဒေါ် အောင်ဆန်းစုကြည် လာရောက် ချိန်ထိ စုဝေးနေသော လုပ်သား များကို ထိုင်းရဲတပ်ဖွဲ့က ခန်းမအ နီးနားသို့ လာရောက်ခွင့်မပြုဘဲ တားဆီးထားခဲ့သည်။
ညနေ ၄ နာရီ ၁၄ မိနစ်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ထလေထိုင်း ခန်းမအတွင်း သို့ ရောက်ရှိလာပြီး မြန်မာလုပ်သား ၂၀၀ ခန့်အား ငါးမိနစ်ကြာ မိန့်ခွန်း ပြောကြားခဲ့ သည်။

        ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာလုပ်သားများ၏အသံများကိုများများနားထောင် လို ၍ မေးခွန်းများကို ပွင့်ပွင့်လင်းလင်း မေးမြန်းရန် ပြောဆိုရာ မြန်မာ လုပ်သားသုံးဦး က ပတ်စ်ပို့ရရှိ ရေး၊ တစ်နေ့ လုပ်အားခ ၃၆၀ ရရှိ ရေးများတင်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ဇွန် ၂၃ ရက် နံနက်ပိုင်းကတည်းမှ လာရောက်စောင့်ဆိုင်းနေသော မြန်မာလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

        တွေ့ဆုံပွဲတွင် ထိုင်းအာဏာပိုင်များက အလုပ်သမားထုကို ကိုယ်စားပြုသော အလုပ်သမားများ၊ အဖွဲ့အစည်းများကို ပိတ်ပင် တားဆီးထားသည့်အပြင် ခန်းမအတွင်း    ဒေါ်အောင်ဆန်းစုကြည် အား တက်ရောက်လာသည့် အလုပ်သမားများ မေးခွန်းမေး သည့် မိုက်ကရိုဖုန်းကိုလည်း အ ဆင်ပြေအောင် စီစဉ်ပေးနိုင်ခဲ့ခြင်း မရှိပေ။

           အလုပ်သမားများက သိလို သည်များ မေးမြန်းနိုင်သည့် အစီ အစဉ်တွင် သုံးယောက်မြောက် မေးခွန်း မေးမြန်းသူ အလှည့်၌ မိုက်ကရိုဖုန်း မရှိတော့ဘဲ   ဒေါ် အောင်ဆန်းစုကြည် က ‘‘ဟိုဘက် မှာ ထနေတဲ့သူကို မိုက်ပေးလိုက်ပါ။ ခုနက နောက်ဆုံးပြောတဲ့သူက မိုက်ကို ဘယ်မှာ ထားလိုက် လဲ’’ ဟု မေးမြန်းခဲ့ရ သည်။ ထို့ နောက်သုံးယောက်မြောက် မေးခွန်းမေးမြန်းသူမှာမိုက်မရှိ၍ နှုတ် ဖြင့်
 မေးမြန်းခဲ့ပြီး ယင်းနောက်ပိုင်းတွင် ခန်းမအတွင်း ဒေါ်အောင် ဆန်းစုကြည်ပြောသည့် မိုက်ကရို ဖုန်းမှလွဲ၍ အခြားမိုက်များမရှိဘဲ နှုတ်ဖြင့်သာ အပြန်အလှန်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမား တစ်ဦးအား ထိုင်းရောက် မြန်မာအလုပ် သမားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ကာကွယ်ပေးမှုရှိ၊ မရှိ   မေးမြန်းရာ စင်အောက်မှ ပြန်ဖြေဆိုသူ၏ အသံကို မကြားရ၍ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က ‘‘ရှေ့နည်းနည်း လာ ပြောမှရမယ်။ မိုက်က ဘယ်လို ပျောက်သွားမှန်း မသိဘူး’’ဟု တုံ့ ပြန်သည်။ ထို့နောက် စင်အောက် မှ မိုက်ကရိုဖုန်းမပါဘဲ ပြောဆိုနေ သည်ကို ကြားနိုင်ရန် စင်အောက် သို့ ဆင်းလာပြီး အလုပ်သမားများအား ပွင့်လင်းစွာ   ပြောဆိုရန် ပြောခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ခန်းမအတွင်း အလုပ်သမား များနှင့် တွေ့ဆုံနေစဉ် ခန်းမအ ဆောက်အအုံ အပြင်ဘက်တွင် အလုပ်သမားသုံးထောင်ကျော်က ‘‘နိုင်ငံတော်သီချင်းသီဆိုခြင်း၊ အမေစု ကျန်းမာပါစေဟု ကြွေး ကြော်ခြင်း’’စသည့် ဟစ်ကြွေးသံ များ ကျယ်လောင်စွာ ပေါ်ထွက် နေသည်။ ခန်းမအတွင်းရှိ အလုပ် သမားတစ်ဦးကလည်း ‘‘အပြင်ကလူတွေကို ပေးမဝင်ဘူး’’ဟု မေးခွန်းထုတ်ပြောဆိုသည်။ ယင်းပြော ဆိုချက် ကို ဒေါ်အောင်ဆန်းစုကြည်က ‘‘အပြင်က လူတွေ ပေးမဝင်ရင် အပြင်ထွက် ပြောမှာေ ပါ့။ ကိစ္စမရှိပါဘူး’’ ဟု ပြောခဲ့သည်။ သို့သော် ဒေါ်အောင် ဆန်းစုကြည်ခန်းမ အတွင်းမှ   ပြန် ဆင်းလာချိန် ၅ နာရီ ၁၀ မိနစ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေ၍ တွေ့ဆုံစကား   ပြောမည့် အစီအစဉ်ကို ဖျက်ခဲ့ရသည်။

        သို့သော် ကားပေါ်မတက်မီ ဒေါ်အောင်ဆန်းစုကြည် က အန်လ်ဒီဟောကို အလုပ်သမား များအား သတင်းစကားပါးပေးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။


        ဦးကျော်သောင်း (ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့-MAT)

          တာဝန်ရှိတဲ့သူတွေ ပွဲစီစဉ်တာ သဘာဝမကျဘူး။ နံပါတ်(၁) အချက်က နေရာ ကျဉ်းတယ်။ အနံ့အသက်မကောင်းဘူး။ နောက်တစ်ခုက ဒီဟောပြောပွဲအတွက် ကူညီဆောင်ရွက်ပေးတဲ့အဖွဲ့ ၁၃ခုက ကိုယ်စား လှယ်တစ်ဦးတင်ပြဖို့ ကိစ္စက လည်း   ဖြစ်မလာဘူး။ သူတို့အဆင်ပြေမယ်ထင်တဲ့ စက်ရုံတွေက သူတို့ပြောစေချင်တဲ့ အကြောင်းအရာ ပြောမယ့် သူတွေကိုပဲ ရွေးချယ်သွားတယ်။ အဲဒီအတွက် စိတ် မကောင်းဘူး။
      ဒါကြောင့် ထိုင်းမှာရှိတဲ့ ပကတိအခြေအနေကို သိဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နှစ်ပေါင်းများစွာလုပ်နေတဲ့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေ၊ ပကတိ ခံစားနေရတဲ့ အလုပ်သမားတွေနဲ့ တွေ့ဆုံဖို့လိုတယ်။ ထိုင်းအစိုးရရဲ့ ကာကွယ်ထား မှုကြောင့်မတွေ့ရဘူးဆိုရင်သံရုံးမှာ ခေါ်တွေ့တာမျိုး၊ နေပြည်တော် ခေါ်တွေ့တာမျိုး
လုပ်သင့်တယ်။
         ဒေါ်အောင်ဆန်းစုကြည်ကို တစ်ခုအကြံပြုချင်တာက ဒီခရီးစဉ်မှာ စာချုပ်လက် မှတ်ရေးထိုးပွဲတွေရှိတယ်။ အဲဒါတွေကို မထိုးပါနဲ့။ G to G လို့ဆိုပေမယ့် တကယ် တမ်းက B to B. (Business to Business)ဖြစ်နေ တယ်။ အစိုးရနာမည်ခံပြီး ပွဲစားတွေ ကို လုပ်ပိုင်ခွင့်ပေးထားတဲ့အခါမှာ အလုပ်သမားတွေရဲ့ရပိုင်ခွင့်၊ အခွင့်အရေးတွေ အားလုံးကို ပွဲစားကသိမ်းထားတယ်။ အလုပ်သမားတွေ ဒုက္ခရောက်နေတယ်။