21 June 2016

“MOEAF ဘာလဲ ဘယ်လဲ”



                                             
        လစဉ် ထိုင်းနိုင်ငံကို MOU အလုပ်သမား ၆၀၀၀ ။ မလေးရှားနိုင်ငံကို ၃၀၀၀။ ကိုရီးယားသို့  ၆၀၀။ ဂျပန်နိုင်ငံကို ၁၀၀။ စင်ကာပူနိုင်ငံကို  ၂၀၀အထိ။ ပို့ဆောင်နေကြတဲ့ အေဂျင်စီတွေရဲ့ အတွင်းစည်းကို  အမေစု ထိုင်းကိုလာတဲ့အခါ ပို့ပေးပါဆိုပြီး MOEAF ပွဲစားထိပ်သီးတွေနှိပ်ကွပ်တာကို ပယ်ပယ်နယ်နယ်ခံဖူးတဲ့ ပွဲစားတစ်ယောက်က အချက်အလက်တွေအမြောက်အမြား နဲ့ပေးပို့လာပါတယ်။ …………………………………………………........................................................................


          MOEAF ဆိုတာ Myanmar Oberseas Employment Agencies Federation  ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကို အတိုကောက်ခေါ်ဆိုတာဖြစ်တယ်။ ဒါပေမယ့် ကျနော်ကတော့ ပွဲစားတွေေ ပါင်းပြီးဖွဲ့စည်းထားတာမို့လို့ ပွဲစားများအဖွဲ့ချုပ်လို့ခေါ်တယ်။

       MOEAF ပွဲစားများအဖွဲ့ချုပ်ကို၂၀၀၅ ခု ဇန်န၀ါရီလမှာတရားဝင် အသင်း အဖွဲ့အဖြစ်၊ ပြည်ထဲရေးဝန် ကြီးဌာနက ခွင့်ပြုခဲ့တာပါ။ ယခုအခါ အသစ်တင် မယ့် အေဂျင်စီတွေကို ဘဏ်ထဲမှာ ကျပ်ငွေသိန်းတစ်ထောင် ပြီးခဲ့တဲ့ ၆လ က တည်းက ထည့်ထားနိုင်ရမယ့်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ အေဂျင်စီ    တွေ ပြဿနာတစ်ခုခုတက်လာလို့ရှိရင်MOEAFဂိုဏ်းစတားတွကအကြီး အကျယ်လဘ်စားမှုပြုလုပ်ကြတယ်လို့ ကိုယ်တွေ့ခံရ ဖူးတဲ့အေဂျင်စီတွေက   ပြောပြကြပါတယ်။

   MOEAF ဘာတွေလုပ်လဲ ဘာတွေရည်ရွယ်သလဲ ဘယ်သူ အတွက်လဲဆို တာကြည့်ရုံနဲ့သိနိုင်ပါတယ်။ MOEAFစတင်ဖွဲ့စည်း ကတည်းက ယခုအချိန်ထိ    ဥက္ကဌက ဦးမင်းလှိုင် တစ်ယောက်ထဲပါ ဥက္ကဌက အရမ်းသဘောကောင်း တယ် ဘယ်သွားသွားဘာလုပ်လုပ်Sponsorကသူဘဲပေါ့အားလုံးကလဲ ပျော်    ပျော်ပါးပါး လိုက်စားကြတာပေါ့ဗျာ။

            …………………အဓိကပြောရမှာတွေက…………….
()  သင်တန်းကျောင်းကို ဘယ်သူ့အကျိုးအတွက်  MOEAF ကလုပ်တာလဲ?
() Demand Letter တွေထောက်ခံစာပေးနေတာတွေက ဘာအကျိုးရှိလဲ?
()     နိုင်ငံခြားကအဖွဲ့တွေနဲ့ MOU ထိုးတာတွေက ဘယ်သူ့အကျိုးရှိလဲ?
            မလေးရှား Per Depature Training ကို MOEAF ကတာဝန်ယူဖွင့်တယ်ဗျာ သင်တန်းသား တစ်ယောက်ကို (၂၀၀၀) နှုန်းနဲ့ သင်တန်းကြေးပေးရတယ်။ တစ်လသိန်း (၈၀) ကျော်မြတ်တယ်။ သင်တန်း ခန်းမဌားခကို .. ကို(၁၀) သိန်းပေးရတယ်။ MOEAF ရုံးခန်းဌားခ တစ်လ (၁၀) သိန်းပေးရတယ်။ တစ်လသိန်း(၂၀) .. ကိုပေးရတယ်။ MOEAF ရဲ့သင်တန်း ကအလုပ်သမားတွေအတွက် ဘယ်လောက်အကျိုးရှိသလဲ။MOEAF ဟာမလေးရှား၊ ထိုင်း Demand Letter ထောက်ခံချက်ပေးတယ်ဆိုရာမှာလဲ ပိုက်ဆံကောက်စားနေတာပါဘဲ။ လူတစ်ဦးကိုတစ်ထောင်နှုန်းနဲ့ တစ်လကိုသိန်း (၁၀၀)   ကျော်ခေါင်းပုံဖြတ် စားနေတာနှစ်နဲ့ချီနေပါပြီ။ ဘယ်သူ့အကျိုးအတွက်လုပ်နေတာလဲဆိုတာကို NLD အစိုးရသစ်သိဖို့လိုပါပြီ။

   အထက်ပါလုပ်ငန်း ()ရပ်ကရတဲ့ပိုက်ဆံတွေကို ထိုင်းရုံးခန်း၊ မလေးရုံးခန်းစရိုက်တာဝန်မှူးထားတဲ့ စရိတ်ဆိုပြီး   ပေါပေါ သီသီသုံးနေတာလဲကြာခဲ့ပါပြီ။ လေယာဉ်လက်မှတ်တွေမှာလိုက်၊ မှားလို့ဆိုပြီး ဆုံးရှုံးပေါင်းလဲမနည်းပါဘူး။ အဲဒါမျိုး အများ ပိုင်ငွေကိုထင်သလိုသုံးနေတဲ့ ဦးကျော်ဇော ကိုဘယ်လိုအပြစ်မှမပေးရဲဘူး။ ဦးကျော်ဇော မရှိရင် MOEAF ကဂွင်ချလို့မှမရတာ။

          နောက်တစ်ချက် ဟောင်ကောင်ကိုအိမ်အကူတွေပို့ရအောင်ဆိုပြီး ကျွန်တော်တို့နိုင်ငံကိုလာလိုက်တဲ့ ဟောင်ကောင်အဖွဲ့   တွေမှအများကြီး MOEAF ကလဲအကြိုက်ပေါ့။ အဲဒီ့အဖွဲ့ (၁၀)ဖွဲ့ကျော်နဲ့ MOU ထိုးမယ်ဆိုပြီး တဖွဲ့ကိုတရားဝင်အလှူငွေ ဒေါ်လာ    (၅,၀၀၀) ကောက် တရားမ၀င်ကတော့ ဘယ်လောက်ရှိမလဲ မပြောတတ်ပါဘူး။ အဲဒီ့ကို MOU ထိုးပြီးလုပ်လိုက်မယ်ဟဲ့ဆို ပြီး တိုင်းပြည်ကိုကျွန်နိုင်ငံလို့ ခေါ်ခံရအောင်လုပ်မလို့ကြံတာပေါ့ဗျာ။ (၈၈) အဖွဲ့နဲ့မီဒီယာတွေထအော်တော့မှ  ဥက္ကဌ ရူးချင်ယောင်ဆောင်လိုက်တာ။

 
     Japan (J.M.A) နဲ့ MOU ထိုးတာ Agency တွေမသိလိုက်ရဘူး။ ဥက္ကဌက တော့ လှိုင်သာယာ ထက်ဦး သင်တန်းကျောင်းမှာ Japan Traing ပေးနေပြီ သိတဲ့ Agency တစ်ချို့ထအော်တော့မှတွေ့ဆုံပွဲတွေ လုပ်ပေါ့ဗျာ။ ဂျပန်ကိုလဲသွားတာ အသင်းနဲ့မဆိုင်ဘူးပေါ့။ ဦးပီတာ၊ ဦးကျော်ထင်ကျော်၊ ဦးငြိမ်းဦးနဲ့ ဦးမင်းလှိုင် ကိုယ့်အစီအစဉ်နဲ့လိုက်သွားတယ်ပေါ့ဗျာ။ ဟိုရောက်တော့ MOUကိုအဖွဲ့ချုပ်အနေနဲ့ထိုးခဲ့တာက ကိုယ့်ကုမ္ပဏီ အတွက်ကိုယ်သွားပြီးအလုပ်ရှာတယ်ဆိုတဲ့ရှေ့စကား နဲ့ညီလားဗျာ။ နောက်တစ်ခေါက်သွားတော့ ၀န်ကြီး ဦးအေးမြင့် တောင်ပါသေး၊ ခု ညွှန်မှူးဦးသိန်းဝင်း၊ ဦးမောင်မောင်ကျော် (ဒုတိယအတွင်းဝန်) အကုန်ခေါ်သွား J.M.Aနဲ့ဂွင်ရိုက်။ J.M.A ကိုမဖြတ်ရင် ဂျပန်ပို့စားလို့မရအောင်လုပ်ခဲ့တာပေါ့။ 

 အဲဒီ့မှာဝန်ကြီးအရူးကပြောခဲ့တယ်ဆိုဘဲ ကြံ့ခိုင်ရေးပြန်နိုင်လို့ ဦးသိန်းစိန် သမ္မတဖြစ်ရင် သူလဲအလုပ်သမားဝန်ကြီးပြန်ဖြစ် မယ်ပေါ့။ ဥက္ကဌကြီး ကလဲ ဒုဝန်ကြီးပေါ့ဗျာ။ အိပ်မက်တွေက လန့်နိုးပီး NLD လဲနိုင်ရော အဘအတွက်ဘောကိုမနေတဲ့ ဥက္ကဌ ဦးမင်းလှိုင် NLD အမတ်ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ကိုကျော်ထွေး ဆီကိုပြေးမဖို့ကြံတာ MOEAF တရားဝင် Facebook မှာတွေမှာပေါ့ဗျာ။
        MOEAF ရဲ့၂၀၁၅ ခုအစီရင်ခံစာရဲ့ အပိုဒ် ၈၃ မှာ ဂျပန်နိုင်ငံ  Daika Sewing သို့ Myanmar Express Link Co,Ltd နဲ့ Htay Service Co,Ltd တို့က Smart Card မဖြတ်ပဲ စည်းကမ်းဖေါက်ဖျက်ခဲ့တဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ထားမှု။ အပိုဒ် ၈၄ မှာ ဂျပန်နိုင်ငံ Willtec Elecronic Co, Ltd သို့ Myanmar Worker Management Co,Ltd ကပို့တဲ့ အလုပ်သမားသေဆုံးမှု။ ကိစ္စရ ပ်တွေကို MOEAF ဟာအစိုးရနဲ့ မြန်မာနိုင်ငံတော် တစ်ခုလုံးကို လိမ်လည်မှုကြီးတွေဖြစ်ပါတယ်။
            မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်အတော်များများတို့ဟာ အယင် အစိုးရဟောင်းထဲက လူကြီးတွေနဲ့ နီးစပ်သူတွေ အတော်များပါတယ်။ လုပ်ကိုင်ခွင့်နဲ့ ကိုယ်ကျိုးရှာ အကျိုးစီးပွားကိစ္စဖြစ်ပါတယ်။ အေဂျင်စီတွေနဲ့ လူပွဲစားတွေဟာ ထိုင်းနိုင်ငံသို့ အလုပ်သမား ၂သိန်းကျော်၊ မလေးရှားနိုင်ငံသို့ ၁သိန်းကျော်နဲ့ ဂျပန်နဲ့ အခြားနိုင်ငံသို့  သောင်းချီတဲ့မြန်မာအလုပ် သမားတွေကို ပို့ဆောင်ခဲ့ကြပြီဖြစ်တာကြောင့် အခုအခါမှာ ချမ်းသာကြွယ်ဝ ငွေထုတ်ပိုက်မိခဲ့ကြပြီဖြစ်ကြပါတယ်။
         ကာတာ၊ ဒူဘိုင်းသို့ ပို့ဆောင်တဲ့အလုပ်သမားတွေ လေဆိပ်မှာဖမ်းဆီးမိတာ၊ စင်ကာပူနိုင်ငံသို့ အိမ်ဖေါ် အမျိုးသမီးများနေ့ စဉ်ပို့ဆောင်နေတာတွေနဲ့ မလေးရှားလေဆိပ်မှာ ဗီဇာအတုဖြစ်လို့ဆိုပြီး အလုပ်သမားတွေ ဖမ်းဆီးထောင်ချခံရတာတွေဟာ   မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (ပွဲစားများအဖွဲ့ချုပ်) MOEAF ရဲ့ တရားဝင်လူကုန်ကူးမှုတွေဖြစ် ပါတယ်။

   ဒီလိုရပ်တည်ချက်မမှန်ကန်တဲ့ ဥက္ကဌနဲ့အပေါင်းအပါ အတွင်းရေးမှူးကျော်ထင်ကျော် ဆိုတဲ့ ဥာဏ်ရည် တိမ်တဲ့လူတွေက အလုပ်သမားရေးလို့အော်နေတာ၊ အလုပ်သမား   ရေးဆောင်ရွက်နေတယ်ဆိုတာ ဘယ်လိုဖြစ်မလဲစဉ်းစားကြည့်ပေါ့။ ခုလည်း ဒုဥက္ကဌနေရာ ရသလိုယူထားတဲ့ ဦးဝင်းထွန်း(ရဲအုပ်ဟောင်း)ပေါ့။ သူကရဲအုပ် ကနေ ဘယ်လို ငြိမ်းစားဖြစ်တာ လဲမသိလို့မေးကြည့်တာပါ။ အခုသူ့ ကုမ္ပဏီ ကထိုင်းကို Passport စာအုပ်တွေလူမပါဘဲပို့လို့ လေဆိပ်မှာမိတာ ဟိုးလေး တကျော်ကျော်၊ နောက်ပြီး အခုဂျပန်ပို့တဲ့ကိစ္စဌာနကို တရားဝင်တိုင်ခံထားရတဲ့အမှုကြီးကို  ဌာနကလဲ အုပ်ထားတယ် ဘယ်တော့ အဖြေထွက်မလဲသိချင်မိတယ်။

      အဲဒီလို စာရိတ္တမကောင်းသူတွေခေါင်းဆောင်နေတဲ့ပွဲစားအသင်းကြီး MOEAF ရဲ့ ပို့ဆောင်တာကိုခံနေရတဲ့ ပြည်ပရောက်MOUအလုပ်သမားတွေရဲ့ဘ၀ကတော့တွေး လို့သာကြည့်ကြပါတော့ဗျာ။ ပွဲစားတွေလက်ထဲကိုထိုးအပ်ထားရတဲ့ MOU စနစ်ကို   မြန်မာအစိုးရအနေနဲ့ ရုပ်သိမ်းသင့်ပါပြီဗျာ။

                                       "ထိုင်းကိုပို့တဲ့ MOU"

        ထိုင်းနဲ့မြန်မာအစိုးရတို့ဟာ တရားဝင်အလုပ်သမားတင်ပို့ရေး MOU ကို၂၀၀၉  ခုနှစ် မှာစတင်အကောင်အထည်ဖေါ်ခဲ့တာပါ။ G to G အစိုးရချင်းပို့တယ်ဆိုပေမယ့်   အေဂျင်စီ ပွဲစားတွေကြားခံပြီး အလုပ်သမားတွေကိုတင်ပို့ကြတာကြောင့် အယင်ကာ လတုန်းက တရားမ၀င်လူမှောင်ခိုကုန်ကူးနေကြတဲ့ လူကုန်ကူးဂိုဏ်းသားတွေအားလုံး   အေဂျင်စီ ဒါရိုက်တာအဖွဲ့ထဲမှာ ၀င်ရောက်နေရာယူလိုက်ကြပါတယ်။

          ထင်ရှားတဲ့သက်သေတွေကတော့ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် လက်ထက်က မဲဆောက်က SSG Richly Co, Ltd ဆိုတဲ့လိပ်စာမရှိတဲ့ လုပ်ငန်းခွင့်တစ်ခုအတွက် အလုပ်သမား၂,၀၀၀ ဦးသွင်းခဲ့တယ်။ ဦးသိန်းနိုင် လက်ထက်  မှာ V&K နာနတ်သီး စက်ရုံက အလုပ်သမားမခေါ်ပဲ စာရွက်အတုနဲ့ အလုပ်သမား၂၀၀ သွင်းခဲ့တယ်။ ဒါ့အပြင် မဟာချိုင်မြို့ပြင် လယ်တောထဲမှာ ထိုင်းရဲဝန်ထမ်းဟောင်း တစ်ယောက်နဲ့ အိမ်ထောင်ပြုထားတဲ့ ဆာလီဇာ ဆိုတဲ့ မြန်မာအမျိုးသမီးတစ်ဦး အလုပ်သမားတွေကို  ခြံထဲမှာပိတ်ထားပြီး နေရာပေါင်းစုံကို တင်ပို့ခွင့်ပြုခဲ့တယ်။ ယနေ့တိုင် လုပ်အားခ ဘတ်ငွေ ၃၀၀ မသေး တဲ့ မဲဆောက်မြို့ကTop From   ဆိုတဲ့ အထည်ချုပ်စက်ရုံကို မကြာမကြာ အလုပ်သမားခေါ်စာထုတ်ပေးခဲ့တယ်။ ဦးလှထွန်း ဆိုတာလည်း အလုပ်တွေ မသေချာပဲ တင်ပို့ခွင့်ပြုခဲ့လို့ ပြဿနာတွေ တက်ခဲ့ရတယ်။


                                      “အလုပ်သမားဝန်ကြီးဌာနရဲ့ ရုပ်ပျက်ဆင်းပျက်လုပ်ရပ်များ”

          အယင်အလုပ်သမားဝန်ကြီး၊ ဒုဝန်ကြီး၊ ညွန်ချုပ်၊ ညွန်မှူး၊ အလုပ်သမားသံအရာရှိတွေအတွက် ထိုင်းခရီးစဉ်နဲ့ အခြားခြား   သော စပွန်ဆာတွေကို အေဂျင်စီပွဲစားတွေက လိုလေသေးမရှိဖြည့်ဆည်းပေးခဲ့ကြပါတယ်။ အဆိုပါ  အရာရှိတွေ ပိုင်ဆိုင်ကြွယ် ၀မှု ကိုမပြောလိုပေမယ့် ၎င်းတို့က ထိုင်းကိုသွားမယ့် အလုပ်သမားတစ်ယောက်ကို ကျပ်ငွေ တစ်သိန်းခွဲသာကောက်ခံမယ် ဆိုထားပေမယ့် အနည်းဆုံး လေးသိန်းကနေ ရှစ်သိန်းအထိကောက်ခံနေဆဲဖြစ်တယ်။ ဒါကိုMOEAF ဂိုဏ်းချုပ်တွေက ပွဲစားတွေ ကိုပေးရတာ၊ အေဂျင်စီကို ပေးရတာမဟုတ်ဘူးလို့ လိမ်လည် ဖုံးကွယ်ပစ်ပါတယ်။

        မြန်မာအလုပ်သမားဝန်ကြီးဌာနဟာ ထိုင်းမှာ စာချုပ်စည်းကမ်းဖေါက်ဖျက်တဲ့ အေဂျင်စီတွေကို အရေးယူရမယ့်အစား တိုင်ြး ပည်ကိုလိမ်လည်ဖို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အားပေးကူညီပေးကြတယ်။ အကျင့်အပျက်ဆုံးနဲ့ ပြဿနာ အတက်ဆုံးဖြစ်တဲ့   မေ၀င့်  ကုမ္ပဏီကိုဘာမှ အရေးယူဆောင်ရွက်တာမလုပ်တာကြောင့် မှန်မှန်ကန်ကန် လုပ်ကိုင်နေကြတဲ့အေဂျင်စီတွေက အလုပ်သမားပြဿနာတွေရှင်းချင်ရင် မေ၀င့်အေဂျင်စီ ဒါရိုက်တာကို ၀န်ကြီးသာခန့် လိုက်တော့လို့ အလှောင်ခံရတဲ့အထိပါပဲ။

                           ……………….."ထိုင်းအေးဂျင်စီတစ်ခုက ပေးပို့လာတဲ့စာမှာတော့"………….………
      ဦးကျော်သောင်းရေ မောသွားမယ် ဘယ်လောက်ပြောပြော ဘယ်လောက်ထောက်ပြပြ MOU Workers တွေလဲ ဘယ်လောက်ခံရခံရ၊MOUလောကကိုအဓိကဖျက်ဆီးနေတဲ့ တရားခံကတော့ပန်းပန်လျှက်ပါပဲ။ သူကအရမ်းကိုရှင်းတာ
 တော်တယ်လေ။ လုပ်သားများတစ်ခုခုဖြစ်ပြီကြားတာနဲ့ ချက်ခြင်းကိုမုန်လာဥပြေးလုပ်၊ နေပြည်တော်က ဘဘ နဲ့ မမ ဆီကိုလဲအပြေးလေးနဲ့ဂါပေါ့။ ဘဘအိမ်ကိုဗျာပါကေးလေးခင်းပေးတာကို အပြင်မှာတိုက်စ်လုံးဆောက်ပေးသလိုပြော၊   အေဂျင်စီလောကမှာတော့ ဘဘအိမ်က ကုလားပုံပေါက်နေတယ်လို့ဆိုပြီး လှောင်သံတွေကနားမဆံ့ မမကိုကျပြန်တော့ လည်းတစ်မျိုးလေးဂါပေါ့။ ခြံစည်းရိုးခတ်ပေးတယ်ပေါ့၊ တကယ်တမ်းကျတော့ ပစ္စည်းအစုံဝယ်ပေး၇ရှာပါတယ်။ 

      လုပ်အားခကိုပဲဒါနပြုတာကို ခြံစည်းရိုးတခုလုံး သူပဲလုပ်ပေးသလို ဘဘလိုပဲနောက်များမကြာမီ အိမ်လည်းေ ဆာက်ပေးတော့မလိုပေါ့။ ဟိုတလောကအေဂျင်စီ( ၁၀)ခု ခေတ္တ ပိတ်တာကြားမှာပေါ့။ အမှန်က (၁၁) ခု မေ၀င့်ကထိပ် ဆုံးက တကယ်များစာရင်းထွက်လာရင်သူမပါပြန်။ မြန်မာတနိုင်ငံလုံးမှာ အလုပ်ရှင်၊ အလုပ်သမားပြနာတွေ တက်နေတာ အလုပ်သမားဝန်ကြီးဌာနက လူကြီးတွေ ရှင်းနိုင်တာရှိသလို မရှင်းနိုင်တာလည်းရှိနေတာ ဦးကျော်သောင်း မျက်မြင်ပါဘဲဗျာ။ ဥပမာ စစ်ကိုင်းအလုပ်သမားအရေးဆို တော်တော်အရုပ်ဆိုးကုန်တာပေါ့။ ဦးကျော်သောင်း ကို ကြံပေးပါရစေဗျာ အမေစု ယိုးဒယားကိုလာတဲ့အခါမှာဗျာ မေ၀င့်အေဂျင်စီဒါရိုက် ဘိုဘို() နေ၀င်းကို အလုပ်သမား ၀န်ကြီးခန့်လိုက်လျှင် အလုပ်သမားအရေးများအားလုံး ပြေလည်သွားနိုင်ကြောင်း တင်ပြလိုက်ပါဗျာ။  ။ တဲ့။


                          “မလေးရှား ကိစ္စနဲ့…  MOEAF ပွဲစားဂိုဏ်းချုပ်များ၏ လုပ်ရပ်များ”
ရွှေ့ပြောင်းလုပ်သားများအများဆုံးသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက် မယ့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချိန်နဲ့ငွေကုန်ကျနေကြရခြင်းမှာ -- နှင့် MOEAF အဖွဲ့ချုပ်၏ လုပ်ငန်းမကျွမ်းကျင်မှု(သို့) လုပ်ငန်းကျွမ်းကျင်ပေမယ့်  မိမိအကျိုးသာကြည့်ပြီး လုပ်ဆောင်နေမှုများကြောင့်ဖြစ်ပါတယ်။ မလေးရှားကိုသွားရောက်မယ့်  လုပ်ဆောင်ရပုံအဆင့်ဆင့်ကိုပြောပြပါမယ်။


            ပထမဦးစွာမလေးရှားနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လိုလျှင်Passportစာအုပ်ပြုလုပ်ပြီးစီးပါက ဆေးစစ်မှုအောင်
  မြင်ပါမှ သွားရောက်နိုင်ပါတယ်။ ဆေးစစ်မှုဆိုရာတွင် ယခုအခါတွင် Online medical ဟုခေါ်သော FWCMS တွေ Register လုပ်ရပါတယ်။ ထိုသို့ Register ပြုလုပ်ခြင်းအတွက် ( ၄၁,၀၀၀ )ကျပိမိုကုန်ကျပါတယ် FWCMS မှ သတ်မှတ်ထားတဲ့ Medical Center တွင်ဆေးစစ်မှုခံယူအောင်မြင်ပြီး သွားရောက်ခဲ့ပေမယ့် မလေးရှားနိုင်ငံသို့ ရောက်ရှိ၍ ဆေးပြန်လည် စစ်ဆေး တဲ့အခါ ကျရှုံးမှုများရှိ၍ ပြန်လာရတဲ့ လုပ်သားများအတွက် နစ်နာကြေး တစုံတရာမှ မရရှိကြပါ။

        လုပ်ငန်းစဉ်များအားတင်ပြရလျှင် မလေးရှားအလုပ်ရှင်မှ ခေါ်စာDemand letterအားမြန်မာအလုပ် သမားသံအရာရှိထံသို့ သွားရောက်တင်ပြ၍ ထောက်ခံစာရယူရပါတယ်။ သွားရောက်တင်ပြရာမှာ သံအရာရှိမှစက်ရုံ၊ အလုပ်ရုံသို့လိုက်လံစစ်ဆေးပြီး မှ ထောက်ခံချက်ပေးတယ်လို့သိရှိရပါတယ်။ သံအရာရှိထံတင်ပြရတဲ့ စာရွက်စာတမ်းနဲ့အတူ Calling Visa အလုပ်ခေါ်စာပါပူးတွဲ တင်ပြနေရပါတယ်။ ထိုသို့တင်ပြနေရခြင်းမှာ Man Power Company များအနေဖြင့် လူကုန်ကူးမှု ကျူးလွန်နေကြောင်း ၀န်ခံသ လိုဖြစ်နေပါတယ်။ 

       .. ရဲ့လွဲမှားတဲ့လမ်းညွှန်ချက်တွေကိုဆက်တွေကိုတင်ပြပါမယ်။  မည်သည့်လိုင်စင်ရ အေဂျင်စီမဆို အလုပ်ခေါ်စာ Demand Letter တင်ပြထားခြင်းမရှိပဲ လူစုဆောင်းပါက ထိရောက်စွာအရေးယူမည်ဟု .. မှ ညွှန်ကြားချက် ထုတ်ပြန် ထားသလို လူကုန်ကူး ဥပဒေမှာလည်း ထိုအချက်ပါရှိပါတယ်။ ယခုအခါ Demand Letter မရရှိခင် လူကြိုတင်စုဆောင်းပြီး မလေးရှားအေးဂျင့်သို့ပေးပို့၍ Calling Visa ခေါ်စာကျရောက်ပါမှ သံအရာရှိထံတင်ပြနေရပါတယ်။ ထိုမှသံအရာရှိထောက်ခံစာ  ရယူ၍ မြန်မာနိုင်ငံရှိ ကုမ္ပဏီထံပေးပို့နေရပါတယ်။ စဉ်းစားကြည့်ကြပါ

        မြန်မာကုမဏီသို့ ရောက်ရှိလာသော Demand Letter အား ဆက်လက် ဆောင်ရွက်ရပုံအားတင်ပြပါမယ်။ အလုပ်သမား  သံအရာရှိမှ ညွှန်ကြားရေးမှုးချုပ်ထံ လိပ်မူ၍အိတ်ပိတ်စာပါရှိတဲ့Demand Letter ကုမဏီထံရောက်ရှိတဲ့အခါ MOEAF အဖွဲ့ထံ သွားရောက်၍ထောက်ခံစာရယူရပါတယ်။ အလုပ်သမားသံအရာရှိကသူရဲ့သဘောထားမှတ်ချက်ကိုအိတ်ပိတ်ပြီးပေးပို့လာတဲ့ စာကို ကျွန်ုပ်တို့ဖွင့်ဖောက်ခွင့်မရှိပါ။ MOEAF လည်းဖွင့်ဖောက်ကြည့်ရှုခွင့်မရှိပါ။

ဲဒီလိုဖွင့်ဖောက်ခွင့်မရှိတဲ့ စာအိပ်အတွင်းတွင် မည်သို့ရေးထားသည်မသိသော Demand Letter အား MOEAF မှထောက်ခံချက်ပေးခြင်း၊ ကျွနိုပ်တို့မှရယူရခြင်းသည် မှားယွင်းစွာချမှတ်ထားသောမူဝါဒဖြစ်ပါတယ်။ အဲဒီ MOEAF ရဲ့ ထောက်ခံ ချက်အတွက် လုပ်သားတဦးလျှင် (,၀၀၀)ကျပ်ပေးသွင်းရပါတယ် Man Power ဆိုသောလုပ်ငန်းမှာ သတင်းအချက်အလက် အဆက်အသွယ်ဖြင့်လုပ်ရသော လုပ်ငန်းဖြစ်သည့်အတွက် ကုမ္ပဏီတိုင်း၏သတင်းအချက်အလက်များ အဆက်အသွယ်များကို MOEAFအဖွဲ့မှ အလုပ်အမှုဆောင်များက လွယ်လင့်တကူရယူပြီးသားဖြစ်နေပါတယ်။ ဘန်ကောက်မှာ တရားမ၀င်ဖွင့်လှစ်ထားတဲ့ MOEAF ရုံးနဲ့ Lobur Asia အေဂျင်စီတို့ အလုပ်သမားသံအရာရှိရုံးသို့ရောက်လာတဲ့ Demand Letter များကို  ဖြတ်ခုတ်ခွင့်ရ ရှိနေကြတာဖြစ်ပါတယ်။

     MOEAF အလုပ်အမှုဆောင်အဖွဲ့အားလုံးဟာ Man Power လုပ်ငန်းရှင်တွေဖြစ်တာကြောင့် အဆက်အသွယ်ကောင်းတွေ ပါရှိလာတဲ့အခါ သက်ဆိုင်ရာကုမဏီသို့ အကွက်ကျော်ရိုက်ဆက်သွယ်ခြင်းကြောင့် ကုမ္ပဏီများနဲ့ပြသနာတေ ဖြစ်ပေါ်ခဲ့တဲ့ သာဓကများစွာရှိခဲ့ပါတယ်။ နောက်ဆုံးကုမ္ပဏီများမှာ MOEAFရဲ့ ထောက်ခံစာမရမှာကိုစိုးရိမ်တာကြောင့် ခေါင်းငုံ့ခံလက်လျော့ လိုက်ရတာကများပါတယ်။

       MOEAF မှထောက်ခံစာရရှိပြီးမှ .. သို့ဆက်လက် တင်ပြရပါတယ်။ အ.. မှ ပညာကျန်းမာ ကော်မတီ အစည်းအဝေးသို့ဆက်လက်တင်ပြ၍ ခွင့်ပြုချက်တောင်းခံရကြောင်းသိရတယ်။ ပညာကျန်းမာကော်မတီမှ ခွင့်ပြုချက်ရပြီး သော Demand Letter များကို ကုမ္ပဏီများသို့ .. မှ အကြောင်းကြားလာတဲ့အခါ မလေးရှားလုပ်ငန်းခွင် အကြိုသင်တန်း တက်ခွင့်တင်ပြပြီး သင်တန်းတက်ခွင့်ရရန် ()ပတ်မှ တစ်လအထိ စောင့်ဆိုင်း၍သင်တန်း() ရက် တက်ရောက်ရပါတယ်။

  သင်တန်း() ရက်တက်ရတဲ့လုပ်သားတွေဟာ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်အလုပ်သမားအများစုမှာ   ကျေးရွာများမှဖြစ်ကြပါတယ်သင်တန်းကြေးကျပ်ငွေ၂၀,၀၀၀ သာပေးရတယ်ဆိုပေမယ့် ကြိုသင်တန်း တက်ရောက်ရန် ရန်ကုန်မြို့သို့တစ်ခေါက်ပြန်လာရပါတယ်။ ဒါကြောင့် ခရီးစရိတ်၊ အနေအထိုင်၊ အစားအသောက်စရိတ် အာလုံး   ပေါင်းကျပ် (၅၀,၀၀၀)ထက်မနည်းကုန်ကျပါသေးတယ်။ 

   ထိုလုပ်ငန်းခွင်အကြိုသင်တန်းကို MOEAF မှတာဝန်ယူ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပါတယ်။ ၄င်းတို့သင်ကြားမှုမှ () ရက် သာဖြစ်ပါတယ်။ ဘာသာစကား၊ လုပ်ငန်းခွင် အန္တရယ်ကင်းရှင်းရေး၊ မလေးရှားနိုင်ငံ၏ ယဉ်ကျေးမှုနဲ့လူကုန်ကူးမှု အသိပညာပေးဆွေးနွေးမှုများပါရှိပါတယ်။ သင်တန်းနှစ်ရက်တွင်သင်ကြားချိန်မှာ ()ရက်ပေါင်း (၁၀း၀၀)နာရီထက်မပိုပါ။ ထိုသို့  () ရက်အတွင်း သင်ကြားလိုက်သော ဘာသာစကားမှာ မည်သည့်အကျိုးရှိပါမည်နည်း။

 သင်တန်းစတင်ဖြစ်ပေါ်လာပုံကိုတင်ပြပါမယ်။ ၂၀၁၃-ခုနှစ်အတွင်းမလေးရှားနိုင်ငံဆရရန်း အရပ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ခ်ျ လူမျိုးများအဓိကရုန်းဖြစ်ကြတာကြောင့်အလုပ်သမား ၀န်ကြီးဌာနမှ မလေးရှားသို့ လုပ်သားပို့ဆောင်ခွင့်ကို ()လကြာပိတ်ခဲ့ပါ တယ် ၄င်းနောက် ၀န်ကြီးအပြောင်းအလဲဖြစ်ချေိန်တွင်  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်မှ နောက်ဝန်ကြီးထံသို့တင်ပြလျှင် အစအဆုံးနားလည်နိုင်မည်မဟုတ်သည့်အတွက်လက်ရှိဝန်ကြီး ဦးမောင်မြင့် ထံအသနားခံ၍ မလေးရှားပို့ခွင့်အားခွင့်ပြုရန်၊ ထိုသို့ပို့ရာတွင်လည်းစနစ်တကျဖြစ်န်သင်တန်းပေးပြီး မှပို့ဆောင်မည်ဖြစ် ကြောင်းတင်ပြ၍ သင်တန်းပေါ်ပေါက်လာရခြင်းဖြစ်ပါ တယ်။ သင်တန်းမှာ Policy အရ For Show  သင်တန်းမျှသာဖြစ် ကြောင်းလေ့လာတွေ့ရှိရပါတယ်။ အလုပ်သမားများအကျိုး အတွက်မဟုတ်ပဲMOEAF အသလွတ်ငွေရှာနေခြင်းသာဖြစ်ပါတယ်။

         မလေးရှားနိုင်ငံသို့သွားမယ့်အလုပ်သမားတစ်ဦးဟာ Passport စတင်လုပ်ပြီးချိန်မှစ၍ မလေးရှားသို့ သွားရောက် မယ့်အချိန်အထိ ()လကျော်ကြာပါတယ်။ နီပေါ၊ ဘင်္ဂလားဒေ့ရှ် အစရှိသော အခြားတိုင်းပြည်များမှ မလေးရှားနိုင်ငံသို့   ရွှေ့ပြောင်း   လုပ်သားများပို့ဆောင်ရာမှာလုပ်သားများအား () ပတ်အတွင်း လုပ်ငန်းခွင်သို့ရောက်ရှိပါတယ်။ ပြည်ပသို့ သွားေ ရာက်ကြတဲ့မြန်မာလုပ်သားတွေဟာ ကျေးလက်မှာ အလုပ်အကိုင်မရှိသည်ကတကြောင်း ၊မိရိုးဖလာလုပ်ငန်းဖြစ်တဲ့  လယ်ယာ လုပ်ငန်းများတွင် အဆင်မပြေသည့်တာတွေကြောင့်  တိုင်းတပါးကိုထွက်ညီ့း အလုပ်လုပ်ကိုင်ကြရခြင်းပါ။ နိုင်ငံခြားကိုသွားမယ့် စရိတ်စကဆိုတာ အတိုးနဲ့ချေးရတာပါ။

         ဒါတွေကို လေ့လာကြည့်တဲ့အခါ အေဂျင်စီနဲ့ အကျင့်ပျက်ဝန်ထမ်းတွေအဆင်ပြေပြီး ဆင်းရဲသား ပြည်သူများသာလျှင် Policy အမှားတွေနှိပ်စက်မှုကို ခံနေရကြောင်းတွေ့မြင်နိုင်ပါတယ်။      

                                            ရေးသားပေးပို့သူ= MOEAF ရုံးစောင့်နတ်၊
                                           အမှတ် ၂၈၇ ဗိုလ်စွန်ပက်လမ်း၊ရန်ကုန်မြို့။


  ခေတ်အပြောင်းအလဲမှာတိုင်းပြည်ရဲ့လုပ်သားအရင်းအမြစ်များကိုခေါင်းပုံဖြတ်စားနေသော မတရားစီးပွားရှာမှုလုပ်ငန်း များဟူသမျှ ချုပ်ငြိမ်းပပျောက်စေရန်ရည်ရွယ်ပြီးရွှလုပ်သားဝက်ဆိုဒ်မှာတင်ပြတာပါ။  

မှတ်ချက်။    ။ မည်သူဖေါ်ကောင်လုပ်သည်ကို MOEAF က တရားစွဲမည်ဆိုပါက ရုံးတော်ပေါ်မှာ အချက်အလက် များစွာနဲ့ သက်သေထွက်ဆိုတဲ့အခါ သိရှိရပါလိမ့်မယ်။  ရွှေလုပ်သားဝက်ဆိုဒ် ဘန်ကောက် ကိုသာတရားစွဲဆိုပါ။