19 June 2016

“အမေစု သက်တော်ရာကျော်ရှည်ပါစေ”



                                       
          စစ်ကျွန်ဘ၀ကလွတ်မြောက်ချင်လွန်းလို့ မင်တို့ပြီးရွေးချယ်ပေးခဲ့ကြတဲ့ NLD အစိုးရ လုပ်ရပ်တွေက ဗိုလ်ချုပ်ကြီးတွေစိတ်ဆိုးမှာစိုးရိမ်နေရလေ ရော့သလားတဲ့….

           ကချင်ဆရာမလေး၂ယောက်၊ ကိုပါကြီး၊ ဒေါ်ခင်ဝင်းတို့ အပြစ်မဲ့သတ်ဖြတ်ခံရ တာတွေ…ဘုန်းဘုန်းတွေ လက်ပစ်ဗုံးပစ်၊ မီးရှို့တဲ့ တရားခံတွေ ပလုံဖြစ်နေတယ်။ မိလိုက်တဲ့ကမ္ဘာ့အကြီးဆုံးမူးယစ်ဆေးနဲ့ နေ့တိုင်းလိုဖမ်းမိနတဲ့ သစ်တင်ကားတွေက ပိုင်ရှင်မဲ့တဲ့...။ သမိုင်းဖြစ်ရပ်မှန်တွေကိုလူတွေသိစေဖို့၊ မ၀ံ့မရဲဖြစ်နေဆဲဆိုတာစာ် ဘွားကြီး စ၀်ကြာဆိုင် ရုပ်ရှင်တောင် မပြရဲကြသေးဘူးလေ။ 

             အင်ယားမြိုင်က ငါးလောင်းပြိုင်လူသတ်မှု၊ဟူး… နုတ်တိတ်လို့  ရေငုံနေ  
ကြဆဲပဲလေ။ တရုတ် ဂက်စ်ပိုက်လိုင်း ဆိုတာ မြန်မာနိုင်ငံမြေပုံအလယ်က ဖတ်ပစ် တာ၊ ကျက်သရေမဲ့လိုက်တာ။ ပျက်စီးလယ်မြေ လျှော်ကြေး မပေးသေးပဲ   ကျောက်ဖြူ _ ကူမင်း ရထားလမ်းဖေါက်ပါရစေအုံးတဲ့၊ ပြောရက်လိုက်တာဗျာ။ သူတို့သိမ်းထားတဲ့ တိုင်းပည်ကျနေတာပဲ။ တရုတ်ကြောက်အမတ်တွေ ပြုတ်သွားလို့တော်သေးတာပေါ့။

   ကြေးနီတောင်၊ ငွေစင်တောင်၊ လက်ပတောင်းတောင်၊ အ၀ီစိအရောက်တူးပစ်မယ်။ ဖားကန့် ကျောက်စိမ်းတွင်း တောင်တန်းကြီးတွေချိုင့်ဝှမ်းဖြစ်သွားပြီဆိုတာ လူသာမန် ကြားဖူးတဲ့သတင်း။ ဒါပေမယ့်အ၀ီစိတွင်းလောက် နက်အောင်ဧရာမ ချိုင့်ဝှမ်းကြီးဖြစ်   အောင် တူးပစ်လိုက်တယ်ဆိုတာ ဓါတ်ပုံကိုကြည့်သူတွေ အားလုံးနားမလည်နိုင်။ သွားကြည့်ပါအဆွေ။တကယ်ပါ၊ငရဲမင်းငယ်ထိပ်အထိနက်ရှိုင်းတဲ့တွင်းနက်ကြီးတွေပါ။

    အယင်အစိုးရလက်ထက်က နိုင်ငံခြားဘဏ်မှာ အကောင့်၅ခုနဲ့အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံသတင်း တစ်ခုထွက်ခဲ့တယ်။ ဟော..အခု  ကျောက်မျက်ရံပုံငွေ ယူရို ၈၆  သန်းကျော်……အကတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်တို့၊ တရားမျှတ ရေးကော် မရှင်တို့ဆိုတာ … တို့ဖို့ထိဖို့ နေနေသာသာ ..အာခေါင်တွေခြောက်ပြီး နုတ် ခမ်းကို တွံတွေး ဆွတ်နေရယ်။… ထိုင်ရမလို၊ ထရမလိုဖြစ်။ ထမင်းလုံးတစ္ဆေခြောက်ခံနေ ရတယ်။ 

ဘာတဲ့  သမ္မတဟောင်းက မဆိုင်ဘူးဆိုတာကြောင့် ခေါ်လည်းမစစ်တော့ပါဘူးတဲ့။ အဲဒါကိုများ ပြည့်သူ့အခွန်၊ နိုင်ငံ့လစာယူပြီး စုံစမ်းရေးကော်မရှင် ရာထူးယူထားကြေ သး တယ်။ 

 ဒါတွေ…ဒါတွေ..က တကမ္ဘာလုံးကသိနေကြတဲ့အရှုတ်အထုပ်တွေလေ။   ဒေါ်စု   ခေါင်းပူမှာပေါ့….......


      ကိုယ်ကျိုးရှာသူတွေ နှစ်ပေါင်း၅၀
 ကျော် အုပ်ချုပ်ခဲ့တဲ့ တိုင်ပြည်ကို ထူေ ထာင်ဖို့။ ခေါင်းဆောင်ဒေါ်စု ယနေ့မှာ အသက် ၇၁ နှစ်ပြည့်ခဲ့ပြီ။ အဖွားကြီးဖြစ် သွားခဲ့ပြီ။

         ဆံပင်တွေဖြူ၊ အရေတွေတွန့်၊ မျက်စိမှုန်ပြီး၊ နားလေး၊ ကိုယ်လက်ေ တွထုံထိုင်းလာမယ်။ ဥဏှောက်တွေ ယိုယွင်းလာမယ်။ ဒါ…ဇရာ၊ ဘယ်သူမှ မလွန် ဆန်နိုင်။ ဒေါ်စု၊ အမေစု၊ အဖွားစု၊ ဒီလောက်ပျက်စီးနေတဲ့ တိုင်းပြည်ကို အားလုံးေ ကာင်းအောင်လုပ်ဖို့ အသက်မီနိုင်ပါ့မလား။

     သခွပ်ပင်ကမီးတကျီကျီ..ကုလားမီးပွားဘင်္ဂါလီအရေးနဲ့ဧရာဝတီမြစ်ဆုံစီမံကိန်းက အလစ်အငိုက်စောင့်လို့။ စစ်တပ်က လက်နက်စွန့်ခိုင်းတာကိုအဖွဲ့၃ ခုကလက်မခံ၊ ငြိမ်းချမ်းရေးဆိုတာ ဘာလဲလို့ပည်သူတွေ စောကြောနချိန်မှာ  အမေစု အိုင်ဒီယာ ၂၁ရာစု ပင်လုံဖြစ်မြောက်ဖို့  ဗိုလ်ချုပ်ကြီးတွေက ပါရမီဖြည့်ပါ့မလား။ 

       မဲဆန္ဒရှင်တွေအားမရဖြစ်နေကြတာက…ဒေါ်စုနဲ့တကွ တိုင်းချစ်ပြည်ချစ် အမတ် မင်းတွေက  ရှေ့ကိုတွန်းသလောက် ကိုယ်တိုင်သေချာမသိပဲ မပြည့်မစုံစာရွက်ကိုဖြေ  ကားနေတဲ့ ၀န်ကြီးတွေနဲ့၊ အာဏာရှင်အစွယ်အပွားလက်ကျန် ညွန်ချုပ်ယန္တရားတွေက အယင်လည်ပတ်ပုံထက် တစ်လက်မမှမရွေ့ဆိုတာမြင်နေရပြီ။

            မြန်မာ့နိုင်ငံအပြောင်းအရွှေ့ဟာ ရှေ့တိုးဖို့ထက် ကျေးဇူးရှင်ကြီး ကြိုးကိုင် အဘညွန်ကြားချက်အတိုင်း၊ ပိုင်ဆိုင်မှုကာကွယ်ရေး၊ သတင်းတွေကြိုပေး နောက်ေ ကြာင်းပြန်လှည့်ရေး ဒို့အရေးဖြစ်နေတော့ အမေစု … အသက် ၁၀၀  ပြည့်အောင် မလုပ်နိုင်ဘူးနှော။ 

         နောက်ပြန်ဆွဲယန္တရားကို ဖယ်ရှင်းပြီး အခြေခံကောင်းတွေကို ခိုင်ခိုင်မာမာ အလျှင်အမြန်ချခြင်းက တိုင်းပြည်အတွက် အကောင်းဆုံးနဲ့စိတ်အချရဆုံးဖြစ်မလားလို့ ရင်းတမမနဲ့ အမေစု မွေးနေ့မှာ တွေးမိတယ်ဗျာ။  

အမေစု သက်တော်ရာကျော်ရှည်ပါစေ။ မြန်မာနိုင်ငံကို စစ်အာဏာရှင်လက်ထဲက ကယ်ထုတ်ခဲ့နိုင်ပါစေ။

                                        ကျော်သောင်း  ဘန်ကောက်