04 June 2016

"အရှင်းရခက်တဲ့ ပတ်စပို့သိမ်းထားသည့်ပြဿ နာMAT ကကူညီပေးလို့အဆင်ပြေ"




၂၀၁၆ ဇွန်လ    ရက်
တီးသန့်


          အမှိုက်ပြန်လည်သန့်စင်သည့်လုပ်ငန်းရှင်က အလုပ်သမားဇနီးမောင်နှံတို့ထံမှ သိမ်းဆည်းထားသည့် ပတ်စပို့ကို MAT အဖွဲ့က ယနေ့ ပြန်လည်တောင်းခံပေးနိုင်ခဲ့သည်။

           ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်  ခီရီခန်နယ်မြေတွင်ရှိသော ပလပ်စတစ် ပြန်လည်သန့်
စင်သည့် အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား၁၀ဦးတို့၏ ပတ်စပို့ကို လုပ်ငန်းရှင်ကသိမ်းထားသဖြင့် အခြားနေရာများသို့ ထွက်သွား၍ မရရှိဖြစ်နေကြသည်။
မြန်မာ ၁၀ ဦးခန့်ရှိသည်။

         ယနေ့ပတ်စပို့တောင်းခံ၍ ရရှိခဲ့သူ ၂ဦးမှာ ကိုဟန်လင်းအောင် ၃၂နှစ်၊ ပဲခူးတိုင်း ဝေါမြို့ နယ်၊ ကိုင်းကြီးဆိပ်ရွာနှင့်  မသီရိ၊ ၂၈နှစ်၊ ဘားအံလှိုင်းဘွဲ့တို့ ဇနီးမောင်နှံ ၂ဦးဖြစ်သည်။ ၎င်းတို့ သည် အဆိုပါအလုပ်ရုံတွင် ၅လကြာ အလုပ်လုပ်နေခဲ့ကြသူများဖြစ်ကြပါသည်။

       ပြန်လည်လွတ်မြောက်လာသည့် ကိုဟန်လင်းအောင် က"အလုပ်သမား ၉ယောက်
ကျန်နေခဲ့သေးတယ်။ ပုသိမ်းမြို့က ကိုမင်းဇော်နဲ့ မ၀င်း တို့မှာ သားတစ်ယောက်  ၉နှစ်
လောက်ရှိပြီ၊ ကျောင်းထားဖို့ ဗမာပြည်ပြန်တော့မယ်ဆိုတာကို လုပ်ငန်းရှင်က ပြန်ခွင့်မပြုဘူး၊
အနီးအနားကိုတော့ ကျနော်တို့သွားရတယ်။ ပတ်စပို့ကို သူဌေးက သိမ်းထားတယ်။ သူဌေးကို ဗီဇာနဲ့ဝတ်ပါမစ်အတွက် အလုပ်သမားတစ်ယောက်ကို ဘတ်ငွေ ၁၄၀၀၀ စီပေးရတယ်"ဟုပြော သည်။

    ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က" ထိုင်းမှာကျင့်သုံးနေတဲ့လူကုန်ကူးမှုဥပဒေနဲ့လည်းမငြိစွန်းဘူး။ ပတ်စပို့ကို
သိမ်းထားတယ်။ ကျနော်တို့ကို နောက် ဒါမျိုးလာမခေါ်နဲလို့ ပြန်ပြောလိုက်တယ်။ အလုပ်သမား
 တွေအကုန်လုံးက ပင်ပန်းလွန်းလို့ အလုပ်ထွက်ချင်နေကြတယ်။ ဥပဒေကိုလက်တစ်လုံးခြား လုပ်နေတယ်။ ကျန်နေသေးတဲ့အလုပ်သမားတွေ တရားဝင် ထွက်ခွာခွင့်ရအောင် ကျနော်တို့ ကြိုးစားကြည့်ပါအုံးမယ်" ဟုပြောသည်။

           ဥပဒေအရ ပတ်စပို့ကို လုပ်ငန်းရှင်က သိမ်းဆည်းခွင့်မရှိသော်လည်း ထိုင်းနိုင်ငံတွင် လုပ်ငန်းရှင်အချို့တို့သည် မိမိအလုပ်သမား ထွက်မသွားနိုင်ရန်အတွက်ပတ်စပို့ကိုသိမ်းဆည်း ထားလေ့ရှိကြသည်။ သို့ဖြစ်၍ အချို့ အလုပ်သမားများမှာ ပတ်စပို့ကို အဆုံးခံ၍ လွတ်ရာ ကျွတ် ရာသို့ ထွက်သွားကြသည်လည်းရှိကြသည်။

   မြန်မာအလုပ်သမားများသည် အေးချမ်းစွာ အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ပတ်စပို့နှင့် ၀တ်ပါမစ်အတွက် ဘတ်ငွေ သောင်းချီ၍ အကုန်အကျခံလုပ်ထားခဲ့ကြသော်လည်းထိုင်းလုပ်ငန်း ရှင်နှင့် ထိုင်းရဲတို့၏ အနိုင်ကျင့်မှု ကိုခံနေကြရဆဲဖြစ်သည်။ 
 
      ဤအချင်းအရာတို့အားထိုင်းနှင့် မြန်မာအစိုးရတို့ကထိထိရောက်ရောက်ဖြေရှင်းမပေးသေး သရွေ့ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း MAT အဖွဲ့က ပြောသည်။