26 June 2016

“ဘန်ကောက်ဆောက်လုပ်ရေးအလုပ်သမားများလုပ်အားခဘတ်ငွေ၂၅သိန်းကျော်ရပြီ”


၂၀၁၆ ဇွန်လ ၂၆ ရက်
စိုင်းသန့်ဦး
                   

           ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပချာအူထစ် ၅၄ လမ်းတွင်ရှိသော ကွန်ဒိုတိုက် တည်ဆောက်သည့် လုပ်ငန်းတွင် အလုပ်လုပ် ကိုင်နေကြသည့်ကမ္ဘောဒီးယားနှင့်မြန်မာအလုပ်သမား ၃၈ဦးအတွက် လုပ်အားခ ဘတ်ငွေ ၂၅သိန်း ကျော် အား ဇွန်လ ၂၄ ရက်နေ့ကရရှိခဲ့ပြီဖြစ်သည်။

        ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပချာအူထစ် ၅၄ လမ်းတွင်ရှိသော ကွန်ဒိုတိုက် တည်ဆောက်သည့် လုပ်ငန်းတွင် အလုပ်လုပ် ကိုင်နေကြသည့်ကမ္ဘောဒီးယားနှင့်မြန်မာအလုပ်သမား၈၅ ဦးတို့အား လုပ်အားခထုတ်မပေးသည့်အပြင်ထွက် လိုကထွက် သွားနိုင်ကြောင်း၊ သို့မဟုတ်ပါက ပုလိပ်ကိုဖမ်းခိုင်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ကခြိမ်းခြောက် ပြောဆိုသ
 ဖြင့် အလုပ်သမားများက ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကို အကူညီ တောင်းခံခဲ့သည်။

      ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည်၊ သတင်းအခချက်အလက်များကို အလျှင်အမြန်စုဆောင်ပြီးနောက် မြန်မာသံရုံးအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီအတွင်းရေးမှူးထံသို့ သတင်း ပေးပို့ခဲ့သည်။

          ဇွန်လ ၁၄ ရက်နေ့က MAT အဖွဲ့က မြို့နယ် အလုပ်သမားကိစ္စဖြန်ဖြေရေးရုံး(ဆ၀ါဒီကန်)သို့သွားရောက်၍ အကူညီ
တောင်းခံ၍ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။

           လုပ်ငန်းရှင်က ရဲတပ်ဖွဲ့ကို ခေါ်ယူလိုက်သဖြင့် ပန်ရံဆိုဒ်အတွင်းမှ တရားဝင် နေထိုင်အလုပ် လုပ်ကိုင်ခွင့် လက်မှတ်မရှိသည့်  အလုပ်သမားများ ဖမ်းဆီးခဲ့သည်။       ဘတ်မရှိသည့်ကမ္ဘောဒီးယားမ၂ဦးကျား၂ဦးနှင့် မြန်မာ ကျား  ၂၆ဦး+မ၁၈ဦး =စုစု ပေါင်း ၄၇ဦးတို့အား လုပ်အားခငွေ ဘတ်ငွေ သုံးသိန်းခြောက်သောင်းခြောက်ထောင် တစ်ရာသုံးဆယ်ကိုရှင်းပေးပြီး ထိုင်းလ၀က အချုပ်ကြီးသို့ ပို့ဆောင်လိုက်သည်။ 

       ထိုင်းနိုင်ငံတွင်ပြဌာန်းထားသည့် အလုပ်သမားဥပဒေအရ တရားမ၀င်အလုပ်သမားတစ်ဦးကို ဘန်ငွေနှစ်သောင်း၊ သို့မဟုတ်ထောင်ဒဏ်၄၈ရက်၊သို့မဟုတ်ဒဏ်၂ရပ်လုံးချမှတ်နိုင်သည်။ တရားမ၀င်အလုပ်သမားကိုခိုင်းစေသည့်  လုပ်ငန်း ရှင်ကို ဒဏ်ငွေတစ်သိန်းထောင်ဒဏ် အနည်းဆုံး၃လမှ ၆လအထိချမှတ်နိုင်သည်ဟု သတ်မှတ်ထားသည်။

သို့ရာတွင် ထိုင်းအာဏာပိုင်များသည် လုပ်ငန်းရှင်များကို အပြစ်ပေးအရေးယူခြင်းမရှိသဖြင့် တရားမ၀င်အလုပ်သမားများ
ကို ခိုင်းစေ၍ ယခုကဲ့သို့ မတရား စီးပွားရှာနေကြဆဲဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။