20 June 2016

“ဒေါ်စု အလုပ်သမားများနှင့်တွေ့ဆုံရေး အလုပ်သမားအကျိုးဆောင်အဖွဲ့များနှင့်သံအမတ်ကြီးတွေ့ဆုံ”




၂၀၁၆  ခု   ဇွန်လ ၂၀
ဆန်းဦး 

    နိုင်ငံတော်အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထိုင်းရောက် အလုပ်သမားများနှင့်တွေ့ဆုံမည့်အစီအစဉ်အသေးစိတ်တို့ကို မြန်မာသံအမတ်ကြီးက အလုပ်သမားအရေးကူညီဆောင်ရွက်သူများနှင့် ယနေ့တွေ့ဆုံညှိနှိုင်းခဲ့သည်။

         မြန်မာအလုပ်သမားကူညီရေးအဖွဲ့မှားနှင့်အင်ဂျီအိုများ စုစုပေါင်း ၁၃ ဖွဲ့တို့နှင့် သံတမန်များစုပေါင်း၍အလုပ်သမားများ၏သတင်းအချက်အလက်များကိုလည်းဆွေးနွေးခဲ့
ကြသည်။

  သံအမတ်ကြီး ဦးဝင်းမောင် က“ ရာသီဥတုအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည် က ပရိတ်သတ် ၅၀၀ ကျော်ခန့်ဆန့်တဲ့အခန်းထဲမှာပြောပါမယ်။ ဒီအထဲမှာ အလုပ်သ မား အဖွဲ့ထဲကခေါင်းဆောင်တွေတစ်ဦးစီဝင်ခွင့်ပြုပါမယ်။ အခန်းထဲကိုဝင်မယ့် အလုပ် သမားတွေကတော့ ပန်းရောင်ဘတ်ကဒ် သို့မဟုတ် ပတ်စပို့ရှိရပါမယ်။ ဦးရာလူကို လုံခြုံရေးစနစ်တကျ စစ်ဆေးပြီးတော့ ထိုင်းအာဏာပိုင်တွေက အခန်းထဲကိုသွင်းပေး ပါလိမ့်မယ်။ အလုပ်သမားကူညီရေးအဖွဲ့တွေကတော့ ထိုင်းလုံခြုံရေးတွေနဲ့ မြန်မာ အ လုပ်သမားတွေကြားထဲမှာ နားလည်မှု တစ်ခုခုမလွဲအောင်၊ လိုအပ်တာတွေကို ကူညီ   စောင့်ရှောက်ပေးကြဖို့ပါ။ အပြင်ကလူတွေမြင်ရအောင်LED အပြားကြီးတွေထားပေး ပါမယ်” ဟု ပြောသည်။ 

         ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့   ရောက်ရှိလာပြီး မြန်မာသံရုံး အသစ်ဆောက်လုပ်နေရာများကိုကြည့်ရှု့ပြီးနောက် သံရုံးမိသားစုများနှင့်တွေ့ဆုံကာ နေ့လည်စာ သုံးဆောင်မည်ဖြစ်သည်။ ထို့နောက် တည်ခိုရာ ဟိုတယ်သို့ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

        ညနေ ၄နာရီမှ ၆နာရီအတွင်း စမွတ်စာခွန်မဟာချိုင်၊တလာတလေထိုင်   (ငါးပုဇွန်ဈေး)မြို့ပိုင်စည်းဝေးခန်းမတွင် အလုပ်သမားများနှင့်တွေ့ဆုံမည်ဖြစ် သည်။  

     ဇွန်လ ၂၄ ရက်နေ့တွင် ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းများသို့ သွားေ ရာက်၍ မြန်မာဒုက္ခသည်များနှင့်တွေ့ဆုံမည်ဖြစ်သည်။ ၂၅ ရက်နေ့တွင် ထိုင်းအစိုးရ အဖွဲ့နှင့် တွေ့ဆုံ၍ အလုပ်သမားတရားဝင်ခန့်ထားရေးဆိုင်ရာMOU နှင့် အခြားMOU တစ်ခု ရေးထိုးမည်ဖြစ်ကြောင်း ယနေ့ထုတ် THE NATION သတင်းစာတွင်ရေးသား ထားသည်။

        ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက် တာ ဦးကျော်သောင်းက “အမြော်အမြင်ကြီးတဲ့ ကျနော်တို့ရဲ့ခေါင်းဆောင်ကို ကျနော် ယုံပါတယ်။ စွန့်ဦးတီထွင်နိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ ဥပမာ ချမ်းသာနေတဲ့ တိုင်းပြည်ကိုလာရောက်အလုပ်လုပ်နေကြရတဲ့ ဆင်းရဲတဲ့မြန်မာအလုပ်သမားတွေကို ၂နှစ်၃နှစ်လိုမျိုး နေထိုင်ခွင့်ဗီဇာနဲ့အလုပ်လုပ်ခွင့်ပါမစ်အခမယူပဲတော့တာမျိုးဖြစ်ခဲ့ရင်
 တော့ မြန်မာတွေအတွက်တော့အကောင်းဆုံးပေါ့။ MOU လူပို့ပွဲစားတွေနဲ့ အကျင့် ပျက်ဝန်ထမ်းတွေနဲ့ပေါင်းပြီး အလုပ်သမားထုအပေါ်မှာ အမြတ်ကြီးစား ဖိနှိပ်နေတဲ့   အေဂျင်စီပွဲစားတွေကို ဖယ်ထုတ်ပြီး G to G အစိုးရအချင်းချင်း အလုပ်သမားတင်ပို့ တဲ့ လုပ်ငန်းစဉ်ကိုအကောင်အထည်ဖေါ်ပေးဖို့ တောင်းဆိုတင်ပြသွားပါမယ်။ ပွဲစား မလိုပဲ၊ အလုပ်သမားတွေလည်းသက်သာ၊အစိုးရလည်းသိက္ခာရှိစေမယ့်အလုပ်သမား
တင်ပို့နည်းကိုတင်ပြပါမယ်။သန်းချီရှိတဲ့အလုပ်သမားတွေကိုကာကွယ်စောင့်ရှောက်နိုင်မယ့် အစီအမံတွေကိုလည်း အကျဉ်းချုံ့တင်ပြပါမယ်” ဟု ပြောသည်။
 
       ထိုင်းနိုင်ငံတွင် တရားဝင်မြန်မာအလုပ်သမား နှစ်သန်းကိုးသိန်းကျော်ရှိသည်ဟု အစိုးရကထုတ်ပြန်ထားသော်လည်း၊ တရားဝင်ရော တရားမ၀င်အလုပ်သမားပါ   လေးသန်းထက်မနည်းရှိနိုင်ကြောင်းအလုပ်သမားအရေးဆောင်ရွက်သူများနှင့်   နိုင်ငံတကာအင်ဂျီအိုအဖွဲ့များက ခန့်မှန်ထားကြသည်။