25 June 2016

“လူကြီးမျက်နှာအိုးမဲသုတ်သလိုဖြစ်ခဲ့သည့် ပွဲစီစဉ်သူများအားပြစ်ဒဏ်ပေး”


                
၂၀၁၆ . ခု ဇွန်လ ၂၅ . ရက်
မောင်သန့် MAT

       ဇွန်လ ၂၃ ရက်နေ့က စမုတ်စာခွန် ခရိုင် မဟာချိုင်တလေထိုင်း(ငါးပုဇွန်ဈေး) တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်   နှင့်
 မြန်မာအလုပ်သမားများတွေ့ဆုံပွဲ စီစဉ်  ခဲ့ကြရာတွင် တာဝန်ရှိသူ  ဖိုးဝ (ခရိုင် အုပ်ချုပ်ရေးမှူး)အပါအ၀င်ဝန်ထမ်း၂၃ဦးအားတာဝန်ကရပ်နားခြင်း၊  ပြောင်းရွခင်း၊ 
 ပြစ်ဒဏ်အား ထိုင်းဝန်ကြီးချုပ်က ယမန်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

           အုပ်ချုပ်ရေးအာဏာအမြင့်ဆုံးဖြစ်သော ခရိုင်အုပ်ချုပ်ရေးမှူး(ဖိုးဝ) အလုပ် သမားဦးစီးမှူး၊ ထိုင်းရဲ (၁၇)ယောက်ခရိုင် အစိုးရရှေ့နေအခြားခရိုင် အစိုးရရှေ့နေ -၂ ဦးတို့ကိုဝန်ကြီးချုပ် ပယာယု ချာအိုချာ က စစ်ဥပဒေ ပုဒ်မ ၄၄ အရ ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း ဘာသာဖြင့်ယနေ့ထုတ်ဝေသော ဒေးလီးနယူးသတင်းစာတွင် ဖေါ်ပြ ထားသည်။

           သူကိုယ်တိုင်ဖိတ်ခေါ်သောတဲ့ ဒေါ်အောင်ဆန်းစုကြည် ထံကို တွေ့ချင်၍    ရောက်ရှိလာကြသည့် မြန်မာအလုပ်သမားများအား ပိတ်ပင်တားဆီးခြင်းမှာ မဖြစ် သင့်သည့်ကိစ္စဖြစ်ကြောင်းသတင်းစာတွင် ရေးသားထားသည်။ 
      
       ထောင်ပေါင်းများစွာသော မြန်မာအလုပ်သမားများသည် ဒေါ်အောင်ဆန်းစုကြည် ကို အနီးကပ်မြင်ခွင့် ရနိုင်ရေးအတက် မိုးသဲသဲမဲမဲရွာနေသည့်ထဲမှ လက်ကိုင်ဖုန်းများ ပျက်စီးခံ၍ စောင့်ဆိုင်းနေခဲ့ကြသည်။ ဤအခြေအနေများကိုသိရှိသွားခဲ့သဖြင့်   ဒေါ်အောင်ဆန်းစုကြည် က အလုပ်သမားများနှင့် စကားမပြောခဲ့ရသဖြင့် စိတ် မကောင်းကြောင်း၊ အခြေနေမှန်များကို သိရှိကြောင်း ကြေညာချက်တစ်စောင် ထုတ်ြ ပန်ခဲ့သည်။

 MATအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “စိတ်မချမ်းသာစရာတွေအများကြီးတွေ့ ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တွေ  စိတ်ကြိုက်ရွေးထားတဲ့ အလုပ်ရုံကအ လုပ်သမားတွေကို ကားတွေနဲ့ ယူလာ တယ်။ အမေစုကို တွေ့ချင်လို့ အယင်ေ   စာင့်နေကြတဲ့အလုပ်သမားတွေက တား ဆီးထားတယ်။ ကားသေးသေးလေးတွေနဲ့အပြင် စစ်ကားနဲ့ထပ်ပို့ပါတယ်။ အဆိုးဆုံး က ကျနော်ရှေ့မှာပဲ အလုပ်သမ ကောင်မလေးတစ်ယောက်ကို ရဲတစ်ယောက်က ပါး ကို ရိုက်ပစ်လိုက်တယ်၊ ကျနော်တို့ကို သံအမတ်ကြီးက ပွဲထိန်းပေးဖို့ ရင်ထိုးတံဆိပ်ေ တွ နဲ့ တာဝန်ပေးထားတယ်။ ထိုင်းရဲနဲ့ ထိုင်းထောက်လှမ်းရေးက ကျနော်တို့ကို ကိုယ် ထိလက်ရောက် တွန်းထုတ်ထာခံခဲ့ရတယ်” ဟုပြောသည်။

         ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံအတွင်းမှ အခြေအနေအတော်များများ တို့ကိုသိရှိသွားနိုင်မည်ဟု မျှော်လင့်ရသည်။ လေးသန်းထက်မနည်းရှိနေသည့် မြန်မာ
အလုပ်သမားများ၏ လုံခြုံစိတ်ချရမှုများ မည်ရွှေ့မည်မျှ တိုးတက်ပြောင်းလဲလာမည် ကို   စောင့်ကြည့်ရမည်ဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။