14 June 2016

“ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်းများမြန်မာအလုပ်သမားများအပေါ်ကလိန်ကကျစ်ပြုမူဆဲ”


၂၀၁၆ ဇွန်လ ၁၄ ရက်
စိုင်းသန့်ဦး

        ဆောက်လုပ်ရေးလုပ်ငန်းရှင်းများက မြန်မာအလုပ်သမားရှစ်ဆယ်ကျော်တို့ကို လုပ်အားခရှင်းမပေးပဲ နယ်မြေခံရဲကို ဖမ်းခိုင်းရန်ပြင်ဆင်နေစဉ် MATအဖွဲ့က၀င်ရောက်ဖြေရှင်းမှုများပြုလုပ်ပေးခဲ့သည်။

         ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပချာအူထစ် ၅၄ လမ်းတွင်ရှိသော ကွန်ဒိုတိုက် တည်ဆောက်သည့် လုပ်ငန်းတွင် အလုပ်လုပ် ကိုင်နေကြသည့်ကမ္ဘောဒီးယားနှင့်မြန်မာအလုပ်သမား၈၅ ဦးတို့အား လုပ်အားခထုတ်မပေးသည့်အပြင်ထွက် လိုကထွက်သွားနိုင်ကြောင်း၊ သို့မဟုတ်ပါက ပုလိပ်ကိုဖမ်းခိုင်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ကခြိမ်းခြောက်
ပြောဆို သဖြင့် အလုပ်သမားများက ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကို အကူညီ တောင်းခံခဲ့သည်။
         
       MAT အဖွဲ့ရုံးတာဝန်ခံကိုစိုင်းအေးက ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီအတွင်း ရေးမှူးထံသို့ သတင်းပေးပို့၍ နယ်မြေစစ်တပ်နှင့်ဆာဝါဒီကန်တို့နှင့်ယမန်နေ့ကသွားရောက်ဖြေရှင်းခဲ့ကြသည်။

      
      နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဘတ်မရှိသည့်ကမ္ဘောဒီးယားမ၂ဦးကျား၂ဦးနှင့် မြန်မာကျား  ၂၆ဦး+မ၁၈ဦး =စုစု ပေါင်း ၄၇ဦးတို့အား လုပ်အားခငွေ ဘတ်ငွေ သုံးသိန်းခြောက်သောင်းခြောက်ထောင်တစ်ရာသုံးဆယ်ကိုရှင်းပေးပြီး ထိုင်းလ၀က အချုပ်ကြီးသို့ ပို့ဆောင်လိုက်သည်။

       ကျန်အလုပ်သမား ၃၈ဦးအတွက် လုပ်အားခ ဘတ်ငွေတစ်သန်းနီးပါးကို လာမည့် ဇွန်လ ၁၇  ရက်နှင့် ၂၄ ရက်နေ့တို့တွင် ရှင်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ကပချာအူထစ်နယ်မြေ ဖူထစ်(၇)ရုံးတွင် ကတိပြုခဲ့သည်။

        အလုပ်သမားကိုဇော်ဝင်း က“ကျနော်တို့ဘတ်မရှိဘူး။ ဖမ်းပြီးပြန်ပို့လည်းရတယ်။ လုပ်အားခရဖို့ကူညီပေးပါ။ အလုပ်
လုပ်လို့ ပိုက်ဆံမရတဲ့ထိုင်းမှာမနေချင်တော့ဘူး။ဒါကြောင့်MAT အဖွဲ့ကို အကူညီတောင်းခံခဲ့တာပါ” ဟုပြောဆိုသည်။

        လှပခေတ်မီသည့် ကွန်ဒိုတိုက်ကြီးမှာ အချောသတ်ပြီးစီးပြီးဖြစ်သဖြင့် ဆောက်လုပ်ရေးအလုပ်သမားများနေထိုင်   သည့် သွပ်မိုးသွပ်ကာ အဆောက်အဦးများကို ယနေ့ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။


                 MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တရားမ၀င်အလုပ်သမား တွေကိုခိုင်းမယ်။အဆောက်အဦးပြီးစီးပြီးဆိုတာနဲ့ နယ်မြေခံရဲကိုဖမ်းခိုင်းတယ်။ အလုပ်သမားတွေဟာ လုပ်အားခမရရုံ သာမက ထောင်လည်း ၄၈ ရက်ကျ၊ နယ်စပ်ကိုလည်းပြန်ပို့ခံရတယ်။ အခုကိစ္စက ဘန်ကောက်မြို့လယ်မှာဖြစ်နေတဲ့ ကိစ္စပါ။ ထိုင်းတောင်ပိုင်း ဟတ်ယိုင်၊ ဆုံခလာနဲ့ နခိုစီဌာမရ ရဲစခန်းတွေထဲမှာ ဆောက်လုပ်ရေးအလုပ်သမားတွေ ထောင်ချခံရပြီးနယ်စပ်ကို ပို့ဖို့အတွက်ပိုက်ဆံတောင်းတာခံနေရဆဲဖြစ်တယ်။ ကျနော်တို့ဆီကို အချက်အလက်တွေ ပေးပို့အကူညီတောင်းခံနေတယ်။ တရားမ၀င်အလုပ်သမားတွေဖြစ်နေတော့ ကျနော်တို့ ကူညီဖို့ခက်ခဲနေပါတယ်” ဟုပြောသည်။

         ထိုင်းနိုင်ငံတွင်ပြဌာန်းထားသည့် အလုပ်သမားဥပဒေအရ တရားမ၀င်အလုပ်သမားတစ်ဦးကို ဘန်ငွေနှစ်သောင်း၊ သို့မဟုတ် ထောင်ဒဏ်၄၈ရက်၊သို့မဟုတ်ဒဏ်၂ရပ်လုံးချမှတ်နိုင်သည်။ တရားမ၀င်အလုပ်သမားကိုခိုင်းစေသည့်  လုပ်ငန်းရှင်ကို ဒဏ်ငွေတစ်သိန်းထောင်ဒဏ် အနည်းဆုံး၃လမှ ၆လအထိချမှတ်နိုင်သည်ဟု သတ်မှတ်ထားသည်။


        သို့ရာတွင် ထိုင်းအာဏာပိုင်များသည် တရားမ၀င်အလုပ်သမားများကိုထောင်ချခြင်း၊ငွေကြေးတောင်းခံခြင်းနှင့် နယ်စပ်ကို ပြန်ပို့ခြင်းများကိုသာစဉ်ဆက်မပြတ်လုပ်ဆောင်သော်လည်း ဥပဒေချိုးဖေါက်သည့် မည်သို့သောလုပ်ငန်းရှင် ကိုမှ ပြစ်ဒဏ်ချမှတ်သည်ဟူ၍ မကြားဖူးကြောင်း ဆယ်နှစ်ကျော်ကြာ အလုပ်သမားအရေးဆောင်ရွက်သူ ဖြစ်သော MAT အဖွဲ့ ဒါရိုက်တာဦးကျော်သောင်း ကမှတ်ချက်ပေးသည်။