၂၀၁၆ ဇွန်လ
၂၇ ရက်
မြတ်ညို(အလွတ်သတင်းထောက်)
စမုတ်စာခွန်ခရိုင် အုန်းနွဲ့အထည်ချုပ်စက်ရုံမှ
အလုပ်သမားတစ်ဦး ဆန်ဝယ်ရန်သွားစဉ် ရက်၉၀တံဆိပ်တုံးထုထားသည့်စာရွက်အား ထိုင်းရဲက ဆုတ်ဖြဲလိုက်သည့်ကိစ္စအား
ယနေ့တွင် အလုပ်သမားသံအရာရှိနှင့် MATအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နိုင်လိုက်သည်။
အုန်းနွဲ့ အုန်းယိုင် အရပ်ရှိအဆိုပါအထည်ချုပ်စက်ရုံတွင်
သုံးနှစ်ခွဲကျော်ကြာ အလုပ်လုပ်ကိုင်နေသူဖြစ်သည့် ကိုအောင်ခိုင်သည် ယမန်နေ့ညနေ ၆နာရီခန့်က ဆန်ဝယ်ရန်ထွက်လာစဉ် ဖက်ကဆင်
၇၇ အနီး၊ တောင်အာရှ တက္ကသိုလ် အနီးတွင်ရှိသော ရဲကင်းမှဖမ်းဆီး၍ ပတ်စပို့နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်(၀တ်ပါမစ်)
စာရွက်တို့ကို စစ်ဆေးပါသည်။ ထို့နောက် ရက်၉၀ တံဆိပ်တုံးထုထားသည့် စာရွက်ကို ဆုတ်ဖြဲပစ်လိုက်သဖြင့်ပတ်စပို့
စာရွက် စုတ်ပြဲခဲ့ပါသည်။
ကိုအောင်ခိုင် က “MAT အဖွဲ့ကို အကူညီတောင်းပြီး
အလုပ်သမားသံအရာရှိဆီကိုသွားပါတယ်။ အလုပ် သမားသံအရာရှိက အလုပ်ရုံကို ဖုန်းဆက်ခိုင်းတာကြောင့်
စာရေးမက စက်ရုံက စာရွက်ကို ပြပြန်လုပ်ပေး မယ်လို့ပြောပါတယ်” ဟုဆိုသည်။

မြန်မာအစိုးရသစ်အနေဖြင့် သန်းချီရှိသည့်ထိုင်းရောက်အလုပ်သမားကိစ္စများအားဖြေရှင်းနိုင်ရန်အတွက်၊
အမှန်တကယ်အလုပ်သမားအရေးဆောင်ရွက်နေသူများနှင့်ပူးပေါင်းဆောင်ရွက်ရန်အတွက် ဘန်ကောက်မြန်
မာသံရုံးတွင် လူအင်အား အတိုင်း အတာတစ်ခုထိဖြည့်ဆည်းရန် အပူတပြင်းလိုအပ်နေပါသည်။
မြန်မာအလုပ်သမားထုအပေါ်ဖိနှိပ်မှုခေါက်ရိုးကျိုးနေသည့် ထိုင်လုပ်ငန်းရှင်၊ထိုင်းရဲနှင့် ထိုင်းလူမျိုးတို့အကြား
ပြဿ နာများအား ဖြေရှင်းနိုင်ရန် သံရေးတမန်ရေးကသပ်သပ်၊ ပြဿ နာဖြေရှင်းခြင်းကသပ်သပ်ဖြစ်ရန်လည်
လိုအပ်မည်ဖြစ်ပါသည်။ ထိုအခင်းအကျင်းမျိုးဖြစ်ရန်အတွက် မြန်မာအရာရှိများသည် အိမ်တွင်းပုန်း
အမျိုးအစား ထဲမှမဟုတ်ပဲ မှန်ရာကိုဥပဒေဘောင်အတွင်းက လုပ်ရဲသည့်ဖိုက်တာများဖြစ်ရန်လိုအပ်ပါသည်။
၂