11 June 2016

“စာချုပ်စည်းကမ်းဖေါက်ဖျက်သည့်အေဂျင်စီအား NLD အစိုးရမည်သို့အရေးယူမည်နည်း”

          
 ၂၀၁၆   ဇွန်လ . ၁၁ . ရက်
မင်းဘခက်

           စာချုပ်ပါစည်းကမ်းချက်များကိုဖေါက်ဖျက်ခံနေရသော အလုပ်သမား ၇ဦး အကာအကွယ်မဲ့နေကြောင်း အလုပ်သမားများကပြောသည်။

      ဇော်လင်းထွန်း ဧရာဝတီတိုင်း ဖျာပုံ။ မြင့်လွင်  ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရေတာရှည်။ ကျော်စိုးဝင်း၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရေတာရှည်။ ဇော်နိုင်ဝင်း၊ ဧရာဝတီတိုင်း ငပုတောမြို့။  မင်းအောင်၊မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့။  ကျော်နိုင်စိုး၊ မကွေးတိုင်း ဆင်ပေါင်းဝဲမြို့။ နှင့်  ဆန်းမင်းဦး၊ မကွေးတိုင်း ဆင်ပေါင်းဝဲမြို့တို့ သည် တိုးတက်ချမ်းသာအေဂျင်စီဖြင့် ၂၀၊ ၇၊ ၂၀၁၅ နေ့က အလုပ်သမားအရေအတွက် ၂၆၅ ဦးထွက်လာခဲ့သည်။ 

၂၀.၆.၂၀၁၅ နေ့ကမြောက်ဥက္ကလာ၊ ပင်လုံခန်းမတွင်စာချုပ်စဉ်  ဆောက်လုပ်ရေးအမည်ခံ၊  စက်ရုံ ဆိုပြီးချုပ်ဆိုကြတာပါ။ အလုပ်သမားများတို့က ထိုင်းတွင်အလုပ်လာလုပ်ခွင့်ရရှိရေးအတွက် တိုးတက်ချမ်းသာ အေဂျီစီကို  တစ်ဦးလျှင် ကျပ်ငွေ လေးသိန်းစီပေးခဲ့ရပါသည်။ထို့အပြင် ရန်ကုန်မှအလာတွင် အသက်အာမခံ ကြေးဟုဆိုကာ တစ်ဦးလျှင် ကျပ်ငွေ တစ်သောင်းငါးထောင်စီပေးခဲ့ရသည်ဟု အလုပ်သမားများကပြောပါသည်။

         အလုပ်သမားများတို့သည်  ခြုံဘူရီ၊ CD ပြားစက်ရုံ၊ ပုဇွန်ကန်၊ စိုက်ပျိုးရေးနှင့် ပကျွတ် နာနာသီးစိုက်ပျိုး ရေးခြံတို့ကို ခွဲ၍ ပို့ဆောင်ပေးခဲ့သည်။ ယခုအခါ အထက်ပါ အလုပ်သမား ၇ဦးမှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့၊ ထလန်ပါပစ် ၈လမ်းတွင်ရှိသော ပန်းရံဆိုဒ်တွင်အလုပ်လုပ်နေကြရပါသည်။

         အလုပ်သမား  ၇ဦးတို့သည် ၂၁၊၁၁၊၂၀၁၅ နေ့က ယခု အလုပ်လုပ်နေသည့် ဆောက်လုပ်ရေးဆိုဒ် သို့ရောက် ရှိခဲ့ပါသည်။

MAT အဖွဲ့သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သူ ကိုဇော်လင်းထွန်း က “ရောက်ကတည်းက  နံနက် ၇နာရီမှ ညနေ ၅နာရီခွဲ၊  ၆နာရီအထိ ခိုင်းတယ်။  တစ်နေ့ကို ၃၀၀ ဘတ်ပဲပေးတယ်။ ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်ဧပြီလကစပြီး တစ်နေ့ကို ဘတ်ငွေ ၃၂၀ စီ ပေးပါသည်။ အချိန်ပို တစ်နေ့ကို ၁နာရီခွဲခန့် ခိုင်းပေမယ့် ဘတ်ငွေ ၅၀ ပဲပေးပါ တယ်။ တနင်္ဂနွေနေ့ပေါင်း ၇လ တိုင်တိုင်လုပ်ခဲ့ပေမယ့် တစ်နေ့ကို ဘတ်ငွေ ၃၀၀ ပဲပေးပါတယ်။ ဘန်ကောက် အလုပ်သမားသံအရာရှိနဲ့ နေပြည်တော်အလုပ်သမားဝန်ကြီးဌာနကို ဖုန်းဆက်ပြီးအကြောင်းကြားထားပါတယ်” ဟုပြောသည်။

          ပတ်စပို့စာအုပ်ဖိုးအတွက် အလုပ်သမားများထံမှ စူရတ်ဌာနီတွင် ဘတ်ငွေ ၃၀၀၀နှင့် ယခုအလုပ်ဆိုဒ် တွင်ဘတ်ငွေ ၅၀၀၀ စီဖြတ်တောက်ထားပြီးဖြစ်ပါသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ဒီဖြစ်စဉ်ထဲမှာသေချာကြည့်ပါ။ ပထမအချက်က  အလုပ်သမားတစ်ယောက်ဟာ မြန်မာပြည်မှာ ကျပ်ငွေ လေးသိန်းကျော်ကုန်ခဲ့ပြီ၊ ထိုင်းမှာ ဘတ်ငွေ တစ်သောင်း(ကျပ်ငွေသုံးသိန်းခွဲခန့်) အပြင် ရန်ကုန်နဲ့ မြ၀တီမှာ အသက် အာမခံကြေးဆိုပြီး အေဂျင်စီပွဲစားတွေက ကောက်ခံတယ်။ ဒုတိယအချက်က ထိုင်းနိုင်ငံအထဲမှာ အလုပ်သမား အခွင့်အရေးချိုးဖေါက်ခံရတာပါ။  တင်္ဂနွေနေ့လုပ်ရင် ၂ဆရရမယ်။ အချိန်ပို လုပ်အားခ တစ်နာရီ ကို ၅၆ ဘတ်ရ ရမယ်။ ဒါတွေကို အလုပ်သမားတွေမရဖြစ်နေတယ်။ သွင်းလာတဲ့အလုပ်သမား တွေကိုနေရာ ပေါင်းစုံကိုပို့ထားတယ်။ ဆိုတော့ G toG  အလုပ်သမားတင်ပို့တဲ့ MOU အလုပ်သမားကိစ္စက ပြည်တွင်းမှာကော ပြည်ပမှာပါ ပွဲစား အေဂျင်စီတွေလုပ်ချင်တိုင်းလုပ်ခွင့်ရနေကြတာကိုဖေါ်ပြနေတာပဲ” ဟုပြောသည်။


        ယခုအလုပ်သမား ၇ဦးတို့သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းတို့တွင်ပါ  MOU စည်းကမ်းချက်များကို ဖေါက်ဖျက်ခံနေရသူများဖြစ်ပါသည်။ အဆိုပါ အလုပ်သမား ၇ဦး MOU စာချုပ်စည်းကမ်းဖေါက်ဖျက်ခံခြင်းကို ပြည်သူရွေးကောက်တင်မြှောက်ထားသည့် NLD အစိုး မြန်မာအလုပ်သမားဝန်ကြီးဌာနက မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည်ရဦးမည်ဖြစ်ကြောင်း ဦးကျော်သောင်း ကပြောသည်။