04 June 2016

"MOU အလုပ်သမားခေါ်ယူရေး သတင်း၂ခုကွဲလွဲချက် MAT အဖွဲ့ရဲ့အဖြေ"

       ထိုင်းအခြေစိုက်သတင်းဌာနတစ်ခုကဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း အား  ပေါ်ပြူလာတွင်ဖေါ်ပြထားသည့် ပူးတွဲပါ
သတင်းနှင့်ပတ်သက်၍ မေးမြန်းလာခဲ့ပါသည်။
ယခုဖေါ်ပြပါသတင်းအရ ထိုင်းနိုင်ငံအတွင်းသို့ တစ်ဆင့်ခံ ကန်ထရိုက်ဖြင့် မြန်မာအလုပ်သမား
ခေါ်ယူခြင်းကို ထိုင်းအစိုးရပိတ်ပြီးဟု  မဟာချိုင်အခြေစိုက် MWRN အဖွဲ့က ဆိုထားသည်။
ယနေ့တွင် DVB သတင်းဌာနက ..................................


"အလုပ်သမား ခေါ်ယူမှု ရပ်ဆိုင်းမည့်ကိစ္စ ထိုင်းအစိုးရ အကြောင်းမကြားသေး"

By DVB        4 June 2016

            ထိုင်းနိုင်ငံက မြန်မာလုပ်သားခေါ်ယူနေတာ ရပ်တန့်မယ်ဆိုတဲ သတင်းနဲ့ ပက်သက်ပြီး သက်ဆိုင် ရာက တစုံတရာ အကြောင်းကြားလာတာမရှိသေး ဘူးလို့ မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်း ရှင်များ အသင်းချုပ်ရဲ့ အတွင်းရေးမှူးက ပြောပါတယ်။
        ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU နဲ့ ခေါ်ယူနေရာမှာ ကြားခံကန် ထရိုက်တွေ က တဆင့် ခေါ်ယူနေတာကြောင့် လူကုန်ကူးခံရတာတွေ၊ စာချုပ်ပါလုပ်ငန်းတွေမှာ မလုပ်ရတာတွေနဲ့ အလုပ်မရရှိတာတွေအပြင် အလုပ်သမားအခွင့်အရေးတွေမရရှိတာတွေ ကြုံတွေ့နေရတာကြောင့် တဆင့်ခံခေါ် ယူနေမှုတွေကို ထိုင်းအစိုးရက မေလ ၃၀ ရက်နေ့မှာ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါ တယ်။

         ဒီကိစ္စနဲ့ပက်သတ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိကိုတစုံတရာ အကြောင်းကြားထားတာမရှိသေးသလို မြန်မာနိုင်ငံထဲကအေဂျင်စီတွေကိုလည်း အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
................................................................................................
       ဒီသတင်း ၂ပုဒ်ကွဲလွဲချက်နဲ ပတ်သက်ပြီး MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကတော့ " နိုင်ငံခြားကို 
အလုပ်သမားတင်ပို့တဲ့ကိစ္စကို ဘာပွဲစားအဖွဲ့မှ မလိုပါဘူး။ အစိုးရအသစ်အနေနဲ့ လုပ်တတ်ဖို့ပဲလိုပါတယ်။  ခေါက်ရိုး ကျိုးနေတဲ့ဝန်ထမ်းတွေနဲ့ ခေတ်မမီတော့တဲ့ ကိုယ်ကျိုးရှာမူတွေနဲ့ အလုပ်သမားဝန်ကြီးဌာနဟာ ပွဲစားများအဖွဲ့ချုပ်နဲ့ ဆက်ပြီးပလူးနေကြမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ကျနော်ကတော့ နိုင်ငံခြားကို အလုပ်သမားတင်ပို့တဲ့ကိစ္စမှာ အလုပ်သမားတွေလည်းအလိမ်မခံရ၊ ငွေလည်းအကုန်အကျနည်းပြီးပွဲစားလုံးဝမလိုတဲ့အပြင် အစိုးရလည်း သိက္ခာရှိ   စေမယ့်တဲ့နည်းလမ်းကိုရှာတွေ့ထားတယ်။ ပေါ်လစီကိုချမှတ်အကောင်အထည်ဖေါ်နိုင်သူကိုတိုက်ရိုက်ပေးချင် တယ်လို့ NLD အလုပ်သမားရေးရာကော်မတီကို  စကားကမ်းလှမ်းထားတယ်။ ပြည်ပမှာ အလုပ်သမားတွေ မျက်နှာ ငယ်ရလွန်းလို့ပါ။ အပြောင်းအလဲမှာ ပြည်တွင်းကအလုပ်သမားမူဝါဒရော MOU စနစ်ကိုပါ ပြောင်းလဲပေးနိုင်ပါစေလို့ NLD ကို တိုက်တွန်းချင်ပါတယ်" ဟု ဆိုသည်။