26 June 2016

မန်မာလုပ်သားများအရေး ဆောင်ရွက်နေသော မြန်မာအဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


မြန်မာသံရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားအရေးကူညီဆောင် ရွက်ပေးသည့် အဖွဲ့၁၃ ဖွဲ့တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
          ထလေထိုင်းခန်းမတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နှင့် တွေ့ ဆုံခွင့်မရရှိခဲ့သည့် မြန်မာလုပ်သားများအရေးဆောင်ရွက်နေသော မြန်မာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ဒေါ်အောင် ဆန်းစုကြည်က ထိုင်းနိုင်ငံဆိုင်ရာ   မြန်မာသံရုံး၌ ခေါ်ယူတွေ့ဆုံခဲ့ သည်။

          ထလေထိုင်း ခန်းမအတွင်း ဝင်ခွင့်မရရှိခဲ့သော မြန်မာလုပ် သားများအရေး   ဆောင်ရွက်နေသည့် မြန်မာအဖွဲ့အစည်း ၁၃ ဖွဲ့မှခေါင်းဆောင်များကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ၎င်း၏ခရီးစဉ် နောက်ဆုံးနေ့ ဇွန်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

          မြန်မာလုပ်သားများအရေး ဆောင်ရွက်နေသူများသည် လိပ် ကျွန်းလူသတ်မှု၊ ရနောင်းလူသတ် မှုအပါအဝင် ထိုင်းရောက် မြန်မာ လုပ်သားများ၏ ဒုက္ခမျိုးစုံခံစားနေ ရမှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ တင်ပြဆွေး   နွေးခဲ့ကြသည်။

    ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း FED ဒါရိုက်တာဦးထူးချစ်ကရနောင်း လူသတ်မှု တွင် ဖမ်းဆီးခံနေရသော မြန်မာ လုပ်သားလေးဦးသည် မတရား ဖမ်းဆီး ခံနေရကြောင်း ဒေါ်အောင် ဆန်းစုကြည်ထံ တင်ပြခဲ့သည်။

      ထို့အပြင် မြန်မာလုပ်သားများ၏ ရပိုင်ခွင့် အခွင့်အရေးများ ရရှိရန် တင်ပြဆွေးနွေး ခဲ့သည်။ ထို့အပြင် မြန်မာလုပ်သား အရေးဆောင်ရွက်နေသော ဦးမိုး ကြိုးက ထိုင်းနိုင် ငံ မြန်မာလုပ်သားများ မတရားဖမ်းဆီးခံနေရမှုများ ကို တင်ပြခဲ့သည်။

    ထိုင်းနိုင်ငံရောက် မြန်မာနိုင် ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က လည်း MoU စာချုပ်ဖြင့် လာရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများ ဒုက္ခရောက် ရသည့် အကြောင်းများနှင့် လုပ်သားများ စေလွှတ်တင်သွင်းသော  အေဂျင်စီများကြောင့်   မြန်မာလုပ်သားများဒုက္ခ ရောက်ရသည့်အကြောင်းများ ကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့သည်။

      ဒေါ်အောင်ဆန်းစုကြည် က မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများ၏ တင်ပြ ဆွေးနွေးမှုများကို လက်ခံပြီး အစိုးရနှင့် သံရုံးက အတတ်နိုင်ဆုံး ကူညီပေးသွား မည်ဟု ပြောဆိုသည်။

‘‘အလုပ်သမားဝန်ကြီးဌာန တွေ၊ သံရုံးတွေက ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို ကာ ကွယ်စောင့် ရှောက်ဖို့ပဲ။ မပစ်ပယ်ထားရဘူး။ တကယ် ဥပဒေချိုးဖောက်ရင်တောင်မှ သူအပြစ်ကျရင် ကိုယ်ကစောင့်ရှောက်ရမယ်။ ပေးသင့်ပေးထိုက်တဲ့ အကူ အညီအား လုံးကို ပေးရမယ်။ ဘယ်တော့မှ မပစ် ပယ်ထားဘူး။ အမေပြောပြီးပြီ။ ငါတို့နဲ့မဆိုင်ဘူး လို့ ပြောစရာမရှိ ဘူး။ ဆိုင်ကိုဆိုင်တယ်။ ဆိုင်လို့ကိုတာဝန်ယူရမယ်။ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကို လေးစားပြီးတော့ တာ ဝန်ယူရမယ်။ ကိုယ့်နိုင်ငံမဟုတ်ဘဲ ငါတို့လုပ်ချင်သလို လုပ်မယ်လို့ ပြောလို့မရဘူး။ ကိုယ့်နိုင်ငံမှာ လို လုပ်ချင်သလို လုပ်လို့မရဘူး။ တရားဥပ   ဒေဘောင်အတွင်းကပဲလုပ်ရမယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
အလုပ်သမားအရေးဆောင်ရွက်နေသူများအနေဖြင့် မြန်မာလုပ်သားများဒုက္ခရောက်   နေသည်ကို သိရှိပါက သံရုံးသို့ လာရောက်ပြောကြားကြရန် ဒေါ်အောင်ဆန်းစုကြည် က မှာကြားသည်။

‘‘ဒါတွေဟာ အစိုးရအဖွဲ့ကပဲ တာဝန်ယူရမှာပဲ။ မယူချင်ရင် အစိုးရမလုပ်ရုံပဲ။ တတ်နိုင် သ လောက်ကူညီပါ့မယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။‘‘ပထမနေ့ အစီအစဉ်မှာ စိတ်ကြိုက်မတွေ့ဆုံရတဲ့အခါကျ တော့ အခုလို နောက်ဆုံးနေ့ မူလအစီ အစဉ်ပျက်သွားတဲ့အခါအစားထိုးဖို့လုပ်လိုက်ပုံရတယ်။ အထူးသဖြင့်ရွှေ့ပြောင်းအလုပ် သမားတွေအပေါ် အလေးထား ကြောင်း သိသာထင်ရှားစေလိုလို့ ဖြစ်မယ်ထင်တယ်။   တကယ်ဆို အချက်အလက်တွေ တော်တော် များများ သူသိထားပြီးသားပဲလို့ ယုံကြည် တယ်။ သို့သော် သူ အ လေးထားတယ်ဆိုတဲ့ သဘော ထားကို သိသာထင်ရှားစေတာ ရယ်၊ အလုပ်သမားတွေကို သံရုံး ကနေတစ်ဆင့် ရှေ့လျှောက်မှာ တိုးတက်ကူညီသွား မယ်ဆိုတာရယ် လူအများဆီ ပျံ့နှံ့သိသွားအောင် အခုလို ခေါ်တွေ့တာမျိုး ဖြစ်မယ်ထင်   တယ်’’ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ဥက္ကဋ္ဌ ဦးစိန်ဌေး က ပြောသည်။