18 June 2016

“ထိုင်းမှာတရားဝင်နေထိုင်ခွင့်မူဝါဒအားနည်းချက်ကိုမြန်မာအစိုးရသတိပြုဆောင်ရွက်သင့်”

  
၂၀၁၆  ဇွန်လ -  ၁၈
ဦးစိုင်းမင်းသန့်

    ဘန်ကောက်မြို့တောင်ဘက် ကီိလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီမြို့ နယ်မှ W.A. RUBBERMATE  CO,LTD (လက်အိပ်စက်ရုံ) တွင်အလုပ်လုပ်ကိုင်နေ ကြသည့် မြန်မာအလုပ်သမားတစ်ရာကျာ်တို့ထံ၏ တရားဝင်နေထိုင်ခွင့်ပြဿနာဖြစ်    နမှုကို မြန်မာအလုပ်သမားသံအရာရှိနှင့်MAT အဖွဲ့တို့ ပူးပေါင်းဖြေရှင်းနိုင်ခဲ့သည်။

      လက်အိပ်စက်ရုံတွင် မြန်မာအလုပ်သမားတစ်ရာကျော်ခန့်ရှိသောအဆိုပါအလုပ် သမားများကိုဆပ်ကန်ထရိုက်၂ဖွဲ့တို့က မြန်မာနှင့်ထိုင်းပွဲစားကိုကြားတစ်ဆင့်ခံပြီးလည် ပတ်နေခြင်းဖြစ်ပါသည်။ အလုပ်သမားအားလုံးအနက် ထက်ဝက်ခန့်မှာ လက်အိပ် စက်ရုံ စာရွက်စာတမ်းများဖြင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့နှင့် ၀တ်ပါမစ်တို့ ကို လုပ်ထားပါသည်။ ကျန်ထက်ဝက်တို့မှာအခြားနေရာများမှပတ်စပို့ဖြင့် ပြောင်းရွှေ့
လာကြသည့် အလုပ်သမားများဖြစ်ကြပါသည်။

       အလုပ်သမားအားလုံးတို့သည် လာမည့် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ၄နှစ်ဗီဇာကုန်ဆုံးမည် ဖြစ်ပါသည်။ပတ်စပို့စာအုပ်များမှာ နောက်ထပ်၂ နှစ်အသုံးပြုနိုင်
ပါသေးသည်။ထိုအထဲမှ အလုပ်သမ မခင်မာညွန့် ဆိုသူတွင် အခြားနေရာမှ ပန်းရောင် ဘတ်အသစ်လုပ်လာပြီး ထိုဘတ်မှတစ်ဆင့် ပတ်စပို့အသစ်ကို ပြုလုပ်ထားသည်မှာ ၂လသာရှိသေးပြီး နေထိုင်ခွင့်ဗီဇာ၂နှစ်ရရှိထားပြီးသူလည်းဖြစ်ပါသည်။

         အလုပ်သမားများအတွက်နေထိုင်ခွင့် သက်တမ်းဆက်မည်ဟုဆိုကာ အလုပ်ရုံ ပွဲစားက အလုပ်သမားများထံမှ ပြီးခဲ့သည့်ဖေဖေါ်ဝါရီကတည်းပင် အနည်း ဆုံး၇,၅၀၀ ဘတ်မှ ၁၀,၅၀၀ ဘတ်အထိဖြတ်တောက်ထားပြီးဖြစ်ပါသည်။

        ပြီးခဲ့သည့် ရက်ပိုင်းကမှဘာသာပြန်ပွဲစားကပတ်စပို့သက်တမ်းဆက်မပေးတော့ ပဲ ပန်းရောင်ဘတ်ကဒ်ကိုအယင်ဆုံး လုပ်ကိုင်ကြရမည်။ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်အတွက်တစ်ဦးကို ဘတ်ငွေ၇,၅၀၀အထိကုန်ကျမည်ဟုဆိုခဲ့သည်။

      သို့ဖြစ်၍ အလုပ်သမားများက ပတ်စပို့ရှိသည့်ဘ၀မှ ပန်းရောင်ဘတ်ကဒ်သို့ ပြန် ဆင်းရမည်။ ဘတ်မှတစ်ဆင့် ပတ်စပို့ဖြစ်အောင် ပြန်လုပ်ရလျှင် အချိန်နှင့်ငွေအကုန် အကျပို့များမည်ကို နားလည်သဖြင့် ကူညီနိုင်မည့်သူများကိုရှာဖွေခဲ့သည်။

         ထိုင်းအလုပ်သမားဥပဒေဆိုင်ရာနှင့် တရားဝင်အလုပ်သမားနေထိုင် အလုပ် လုပ်ကိုင်ခွင့်ဖြစ်နေသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MAT အဖွဲ့က၊မြန်မာသံရုံးအလုပ် သမားသံအရာရှိ ထံသို့သတင်းပေးပို့ အကူ ညီတောင်းခံခဲ့သည်။ သို့ဖြစ်၍ ယမန်နေ့နက်ပိုင်းမှတင်၍ ပြဿနာဖြစ် နေသည့် လက် အိပ်စက်ရုံသို့ အလုပ်သမားသံအရာရှိနှင့် MAT တစ်ဖွဲ့လုံးသွားရောက်ခဲ့ကြပါသည်။

        အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း  က“၄နှစ်တို့ ၆နှစ်တို့ကို ထိုင်းဘက် က ဗီဇာထုမပေးတော့ဘူး။ ပန်းရောင်ဘတ်ကဒ်လုပ်တာကလည်း ဒီလကုန်ရင် ပြီးတာ မို့ ဆပ်ကန်ထရိုက်သူဌေးက ဘတ်လုပ်ပေးတယ်ထင်တယ်။ အစတုန်းကတော့ MOU  ဘပြောင်းပြီးလုပ်မယ်လို့စိတ်ကူးထားတာတွေ့ရတယ်၊ ဘတ်မလုပ်ရင်သူတို့မှာရွေး စရာ မရှိတော့ဘူး။ သူဌေးကလည်း ဘတ်မလုပ်ရင် ဖြတ်ထားတဲ့ပိုက်ဆံတွေ ပြန်ပေး မယ်လို့ပြောတယ်”ဟုပြောသည်။

         ပူးပေါင်းကူညီသူများသည် ဘန်ကောက်မှခြုံဘူရီသို့ရောက်ရှိသွားပြီးနောက် ခြုံဘူရီဆ၀ါဒီကန်ရုံး(အလုပ်သမားပြဿနာဖြန်ဖြေပေးရေးရုံး)သို့သွားရောက်၍အကျိုး အကြောင်းကိုတင်ပြခဲ့ကြသည်။ သို့ရာတွင် ဆ၀ါဒီကန်ရုံမှ တာဝန်ရှိသူများလိုက် ပါမ လခဲ့ပါ။ သို့ဖြစ်၍ အလုပ်သမားများနေထိုင်ရာ စက်ရုံအနီးသို့လာရောက်၍ အလုပ် သမားများကိုရှင်းပြနေစဉ် အလုပ်သမားတင်သွင်းထားသည့် ဆပ်ကန်ထရိုက်သူဌေး ပါ ရောက်ရှိလာခဲ့ရာ စုပေါင်းဖြေရှင်းပေးခဲ့ကြသည်။

     MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ အလုပ်သမားတွေနစ်နာပါတယ်။ တရားဝင်မှုရှိလျှက် ပယ်ဖျက်ပေးရတော့မယ်။ ဖြတ်ထားတဲ့ ပကာစာခွန်း(အာမကြေး) ကိစ္စတွေနစ်နာနိုင်တယ်။ ဘတ်လုပ်ပြီး CIလုပ်ရမယ်၊ CI လုပ်ပြီး ပတ်စပို့ပြန်လုပ်ရ မယ်။ လုပ်ပြီတော့လည်း သူဌေးမတူဘာညာဆိုတာလာအုံးမယ်။ ဒါတွေလုပ်ဖို့အတွက် အချိန်နဲ့ပိုက်ဆံတွေအများကြီးကုန်ကျအုံးမယ်။ မြန်မာအလုပ်သမားတွေ တရားဝင်ခွင့် ဆိုတာ ဘာကိုပြောတာလဲ။ ဘာအာမခံရှိသလဲလို့ ကျနော်တို့မေးရပါမယ်။ အာမခံမယ့် သူမရှိဘူး။ အလုပ်သမားတွေဘ၀က ကိုယ်ဖြစ် ကိုယ်ခံဖြစ်နေတာ အလွန်ဝမ်းနည်း စရာကောင်းပါတယ်”ဟုပြောသည်။

    ထိုင်းနိုင်ငံအတွင်း ကျင့်သုံး နေသည့် အလုပ်သမားဥပဒေပါ ပြဌာန်းချက်များကို   ရွှေ့ပြောင်းမြန်မာအလုပ်သမားသာခံေ နကြရပြီး ဥပဒေကိုဖေါက်ဖျက်ကျူးလွန် သည့် ထိုင်းလုပ်ငန်းရှင်များ၊ ပွဲစားများကို ထိုင်း အစိုးရက တစ်စုံတစ်ခုအရေးယူ   ခင်းမရှိပေ။


    တရားဝင်နေထိုင်ခွင့်ရှိ သည့်မြန်မာအလုပ်သမာများ၏ အခွင့်အရေးချိုးဖေါက်ခံနေ ရမှုများကို မြန်မာအစိုးရအလုပ်သမားသံအရာရှိကလည်း ထိထိရောက်ရောက်အကူ ညီ မပေးနိုင်လျှင်၊ မည်သူ့ကို အကူညီတောင်းလျှင် ရနိုင်မည်နည်းဟု အလုပ်သမားများ ကမေးမြန်းကြပါသည်။

       ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့်သာမန်အလုပ်သမား အရေးကူညီစောင့်   ရှာက်သူများ၏ ကူညီပေးနှိုင်မှုဟူသည်မှာ ပို၍ ပင်အလှမ်းကွာဝေးနေဦးမည်ဖြစ်သ လို အလုပ်သမားများမှာလည်း အကာအကွယ်မဲ့နေဦးမည်ဖြစ်ကြောင်း MAT အဖွဲ့က   ပြောသည်။