15 February 2018

ချင်းအမျိုးသားတပ်ဦးမှ ခိုးဝင်ဘင်္ဂလီ ၄ ဦးဖမ်းမိ




ခိုနူမ်းသုန်သတင်း၊ ၁၄ ဖေဖော်ဝါရီ ၂၀၁၈

ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချူပ် ၀ိတိုရိယစခန်းအနီးတွင် ယခုလ ဖေဖော်ဝါရီလ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ခိုးဝင်လာသော ဆယ်ကျော်သက်အရွယ် ဘင်္ဂလီ ၄ ဦးကို ဖမ်းမိခဲ့သည်ဟုသိရသည်။

အသက် (၁၄) နှစ်မှ (၁၈) နှစ်ခန့်အရွယ်ရှိကြသော ဘင်္ဂလီအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် နယ်စပ် တီယိုချောင်းတွင် ချင်းအမျိုးသားတပ်မတော် ( CNA) တပ်သားများက ဖမ်မိခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထန်တလန်မြို့ရဲတပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF ) အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီကပြောသည်။

၎င်းတို့ ၄ ဦးသည် ဘင်္ဂလားဒေရှ့်နိုင်ငံမှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဖြန်သန်းကာ ချင်းပြည်နယ်မှတဆင့် ရန်ကုန် မလေးရှားနိုင်ငံသို့ သွားရောက်ရန်စီစဉ်နေကြခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရသိရသည်ဟု ဦးထက်နီကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၁ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှ ခိုးဝင်လာသည့် ဘင်ဂါလီ (၄) ဦးကို ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် Mualbem ကျေးရွာအနီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့ပြီး အမှုစစ်ဆေးလျက်ရှိ ကြောင်းသိရသည်။