05 February 2018

လူတစ်ဦးအားသေနတ်အတိုနှစ်လက် နှင့်အတူဖမ်းဆီးရမိ

Thetoo Naing 
21 hrs
မြဝတီဖေဖော်ဝါရီ ၄ ရက်
မြဝတီမြို့တွင်ပူးပေါင်းအဖွဲ့မှမသင်္ကာ
ဖွယ်လူတစ်ဦးအားသေနတ်အတိုနှစ်လက်
နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။



ဖြစ်စဉ်မှာဖေဖော်ဝါရီ ၃ ရက်နေ့ ၂၁၃ဝ နာရီ
ချိန်ကမြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးအောင်
နိုင်ထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊နယ်ခြားစောင့်
တပ်၊တပ်နယ် ၃ မှဗိုလ်ကြီးစောဖိုးခွားနှင့်တပ်
ဖွဲ့ဝင်များ၊မြဝတီရှေ့တန်းမှူးဒုဗိုလ်မှူးကြီးအောင်
ဆွေဦးနှင့်တပ်မတော်သားများ၊ဌာနေပြည်သူ့
စစ်တပ်ဖွဲ့ဝင်များသည်ရပ်ကွက်အုပ်ချုပ်ရေးမှူး
များ၊ရာအိမ်မှူးများပူးပေါင်းပါဝင်လျှက်မော်
တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအား
ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ်မြဝတီ၊ဘားအံမော်
တော်ကားလမ်းပေါ်၌သင်္ဃန်းညီနောင်ဘက်
သွားသည့်နံပါတ်မပါသောအနက်ရောင်ဟွန်ဒါ
ဖစ်မော်တော်ယာဉ်တစ်စီးအားမသင်္ကာ၍ရပ်
တန့်ရှာဖွေစစ်ဆေးရာ
ယာဉ်မောင်းမှာအောင်
ဆွေဖြစ်ကြောင်းသိရပြီးကားခေါင်းအတွင်း၌
Stery C9-A1နံပါတ် ၀၆၅၁ဝ၁ အမျိုအစား Austria နိုင်ငံထုတ်အနက်ရောင်ပစ္စတိုသေ
နတ် ၁ လက်နှင့်၎င်းကျည်အိမ်တစ်ခု၊
Zoraki 925 အမျိုးအစားသေနတ်နံပါတ်
1217000915 တူရကီနိုင်ငံထုတ်အနက်
ရာင်ပစ္စတို ၁ လက်၊၎င်းကျည်အိမ်တစ်ခုနှင့်
ကျည်ဆံ ၃ တောင့်တို့အားတွေ့ရှိပြီးသက်သေ
များရှေ့တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာရဲစ
ခန်းသို့ခေါ်ယူစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေး
ရာ၌ယာဉ်မောင်းအောင်ဆွေ(၄ဝ)နှစ်သည်
မြဝတီစက်မှုဇုန်တွင်နေထိုင်လျှက်စိုက်ပျိုးရေး
လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းသိရပြီးနံ
ပါတ်မပါဟွန်ဒါဖစ်အနက် ရောင်နှင့် STERY
C9 -A1 အမျိုးအစားသြစတေးလျနိုင်ငံထုတ်
ပစ္စတိုသေနတ်နှင့်၎င်းကျည်အိမ်တစ်ခုမှာ
KNDO မှဗိုလ်ကြီးစောကိုကို၏ယာဉ်နှင့်လက်
နက်ဖြစ်ပါကြောင်းနှင့်တူရကီနိုင်ငံထုတ်သေ
နတ်နံပါတ် 1217000915ပစ္စတိုသေနတ်
၊ကျည်အိမ်တစ်ခုနှင့်ကျည်ဆံ ၃ တောင့်မှာ
လွန်ခဲ့သော ၁ နှစ်ကမိတ်ဆွေတစ်ဦးဖြစ်သူ
'အားချိန်း'ထံမှဝယ်ယူခဲ့ပြီး၎င်းကိုယ်တိုင်ကိုင်
ဆောင်အသုံးပြုနေပါကြောင်းစစ်ဆေးပေါ်
ပေါက်ခဲ့သည်။

သို့ဖြစ်၍တရားမဝင်လက်နက်ကိုင်ဆောင်
သောမြဝတီမြို့ကုန်သွယ်ရေးဇုန်နေ၊အောင်
ဆွေ(၄ဝ)နှစ်အားမြဝတီမြို့မရဲစခန်းမှ(ပ)၁ဝ၁/
၂ဝ၁၈။လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်အမှုဖွင့်
အရေးယူထားကြောင်းသိရသည်။