12 February 2018

ရခိုင်အမျိုးသားကောင်စီ ANC လည်း NCA လက်မှတ်ထိုးမည်ဟုဆုံးဖြတ်


11 February 2018   Mon News Agency မြန်မာ




ရခိုင်အမျိုးသားကောင်စီ ANC လည်း NCA လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်လိုက်ကြောင်း ချင်းမိုင်မြို့၌ ယနေ့ကျင်းပသည့် UNFC အစည်းအဝေးတက်ရောက်သူများထံမှ သိရသည်။

သို့ရာတွင် လာမည့်ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးပွဲကျင်းပမည့် မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်ပါတီ LDU တို့နှင့်အတူ ANC လက်မှတ်ရေးထိုးမည့်အစီအစဉ်ဖြစ်မဖြစ်ကို အစိုးရထံမှအကြောင်း မပြန်ကြားရသေးပေ။


ချင်းမိုင်မြို့၌ ယမန်နေ့ကစတင်ကျင်းပခဲ့သည့် UNFC အစည်းအဝေးကို လတ်တလောခေတ္တရပ်နားထားပြီး မွန်ပြည်သစ်နှင့် လားဟူ NCA လက်မှတ်ရေးထိုးပြီးမှ ဆက်လက်ကျင်းပရန် ရက်ရွှေ့ဆိုင်းလိုက်သည်။