11 February 2018

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသကို သွားရောက်



By ဒီဗွီဘီ 11 February 2018

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေ လေဆိပ်ကို ဒီကနေ့ နေ့လယ်ပိုင်းက ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးလည်း လိုက်ပါလာပါတယ်။

အဲဒီနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့အတူ စစ်တွေ လေဆိပ်ကနေ မောင်တောဒေသကို တပ်မတော် ရဟတ်ယာဉ်နဲ့ ဆက်လက်ထွက်ခွာသွားပါတယ်။

မောင်တောကအပြန်မှာတော့ စစ်တွေပြည်သူ့ဆေးရုံကို သွားရောက်ကြည့်ရှုသွားမယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ဒီနေ့မနက်ပိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။