04 February 2018

သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းကို သေဒဏ်ပေးရန် လက်မှတ်ကောက်ယူမှုများ ပြည်မြို့တွင် ပြုလုပ်


လူသတ်မုဒိမ်းနှင့်သက်ငယ်မုဒိမ်းများ သေဒဏ်ပေးရန် လူထုလက်မှတ်ကောက်ယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ −ဇော်မင်းထိုက်)
သက်ငယ်မုဒိမ်းနှင့် လူ သတ်မုဒိမ်းကို သေဒဏ်ပေးရန် လူထုလက်မှတ်ကောက်ယူမှုကို ဖေဖော်ဝါရီ ၂ ရက်က ပြည်မြို့ လူငယ့်ရိပ်မြုံအဆောက်အအုံ ရှေ့တွင် ပြုလုပ်ခဲ့သည် ။


ပြည်ဒေသခံရှစ်ဦးက ဦး ဆောင်လှုပ်ရှားပြီး သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မုဒိမ်းမှုများ နည်းပါးပပျောက်စေရန် ဆောင် ရွက်ခြင်းဖြစ်ကြောင်း ဦးဆောင် လှုပ်ရှားသူများက ပြောသည်။
‘‘အခုတစ်လော လူသတ်မုဒိမ်း၊ သက်ငယ်မုဒိမ်းတွေအဖြစ် များလာတာတွေ့ရတယ်။ လျင် လျင်မြန်မြန်၊ ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ပေးဖို့၊ သေဒဏ်ချ မှတ်တဲ့ဥပဒေပြဋ္ဌာန်းပေးနိုင်ဖို့ လူ ထုလက်မှတ်ကောက်ယူရခြင်း ဖြစ်တယ်။ ဘယ်အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအောက်ကလုပ်တာ မဟုတ်ပါဘူး။ စိတ်ပါဝင်စားတဲ့ ဒေသခံရှစ်ဦးက လုပ်ကြတာ’’ ဟု ဒေသခံဦးအောင်ဝင်းနိုင်က ပြော ကြားသည်။
အဆိုပါ လူထုလက်မှတ် ကောက်ယူခြင်းမှ ရရှိလာမည့် လက်မှတ်များကို လွှတ်တော်သို့ တင်ပြမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်၌ လူ ၂၀၀ ကျော်၏ လက်မှတ်များရရှိ ထားပြီး နောက်ရက်များတွင် လည်း ပြည်ဈေးကြီးနှင့် အဝေး ပြေးကားကြီးဂိတ်များတွင် ဆက် လက်ကောက်ယူမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူများက ဆိုသည်။