20 February 2018

ထိုင်းနိုင်ငံတောင်ပိုင်း၊ကော့တောင်ကျွန်း(လိပ်ကျွန်း)(ခိုတောင်ကျွန်း)

Aung Myo Thant added 2 new photos.

အ၈င်္လိပ်နှစ်ဦး အသတ်ခံရမှု့ -
(၂၂-၂-၂၀၁၈) ရက်နေ့ ရက်ချိန်းတွင် -ထိုင်းအစိုးရရှေ့နေဖက်မှ နောက်ဆုံးလျှောက်လဲချက်တင်ရန်ချိန်ဆိုထားသည့်နေ့ရက်ဖြစ်ပါတယ်-
ထိုလျှောက်လဲချက်တင်ရန်အတွက်-ထိုင်းရှေ့နေဖက်မှ စတုတ္ထအကြိမ်
ရွေ့ဆိုင်းလာခဲ့ပြီး၊ ယခု ပဉ္စမမြောက် ရက်ချိန်းလည်းဖြစ်ပါတယ်။
အမှန်တရားသည် ခါး၏ ထိုပြင် အချိန်ကြာစောင့်ရတတ်၏ - လို့ ပြင်ရေး
ရပါတော့မည်။


အချင်းဖြစ်ညက တရားခံတို့သူငယ်ချင်းသုံးဦးဆိုင်ကယ်စီးနေသည့်ပုံကို တွေ့မြင်နိုင်ပါသည်-
A2 - ဇော်လင်း A1- မောင်မောင် A3- ၀င်းဇော်ထွန်း
တို့၏ cctv ပုံများဖြစ်ပြီး အချိန်မှာ ၁၄-၉-၂၀၁၄ ရက်
ည ၁၁-နာရီ ၁၀-မီးနစ် ၂၃ စက္ကန့်ဖြစ်ပါတယ်။
ဆိုင်ကယ်၏နောက်ဆုံးတွင် ထိုင်နေသော A3-၀င်းဇော်ထွန်းမှာ ဘောင်းဘီရှည် အနက်ရောင်ဖြစ်ကြောင်းလည်းတွေမြင်နိုင်ပါတယ်။
၁၅-၉-၂၀၁၄ရက်နေ့ နံနက် ၀၅း၄၁ -နာရီပါ
cctv ပုံရိပ် တွင် ပြေးနေသူမှာ ဘောင်းဘီတိုနှင့် ဖြစ်ကြောင်းလည်းတွေ့မြင်နိုင်ပါတယ်။
ထိုသို့မတူကွဲပြားနေသော ဓါတ်ပုံပေါ်တွင်-
(ဓါတ်ပုံပေါ်ရှိ ပြေးနေသောပုံမှာ ကျနော်၏ပုံဖြစ်ပါသည်) ဟု ထိုင်းဘာသာဖြင့်ရေးသားကာ A3-၀င်ဇော်ထွန်း ကိုဝန်ခံလက်မှတ်ရေးခိုင်းခဲ့သည်။
ထိုင်းဘာသာနားမလည်-ထိုင်းစာမဖတ်တတ်သော- A3-၀င်းဇော်ထွန်း ကလည်း ရဲစခန်းတွင် မလွန်ဆန်နိုင်သော ခြိမ်းခြောက်မှု့ကြောင့် လက်မှတ်ရေးထိုးပေးခဲ့ရသည်။
(၂၂-ရ-၂၀၁၅)ရက်နေ့တွင် ကော့စမွေတရားရုံးသို့ အမှတ်(၈)ရဲတပ်ဖွဲ့
အမှု့စစ်ရဲမှူးကြီး လာရောက်အစစ်ဆေးခံခဲ့ပါတယ်။အမေးအဖြေတွင်-
တရားခံရှေ့နေ- ခင်ဗျားတင်တဲ့ သက်သေခံဓါတ်ပုံ-ဆိုင်ကယ်ပေါ်က-
A3-၀င်းဇော်ထွန်း မှန်ပါသလား?
အမှူစစ်ရဲဖြေ - မှန်ပါတယ်။
တရားခံရှေ့နေ- A3- ၀င်းဇော်ထွန်း -ဘောင်းဘီ အတိုဝတ်လား?အရှည်
ဝတ်ပါသလား?
အမှု့စစ်ရဲဖြေ - မှုံ့နေလို့အသေအချာမမြင်ရပါ။
တရားခံရှေ့နေ- ခင်ဗျားတို့က ၀င်းဇော်ထွန်းပြေးနေပုံ ကို မဖမ်းမိခင်
ကတည်းက ဓါတ်ပုံမှာစာရေးပြီး သတ်မှတ်ထားတယ်ဆို
တော့ ဖမ်းမိဆဲ့အခါ သူ့ကို ဘောင်းဘီတိုဝတ်ပြီး ပြေးခိုင်း
ကြည့်ပါသလား?
အမှု့စစ်ရဲဖြေ- မပြေးခိုင်းခဲ့ပါ။
တရားခံရှေ့နေ- မပြေးခိုင်းပဲနဲ့ ဒီဓါတ်ပုံထဲက ပြေးနေသူကို ၀င်းဇော်ထွန်း
လို့ ဘာကြောင့် တထစ်ချ ပြောနိုင်ရတာလဲ?
အမှု့စစ်ရဲဖြေ - ပြေးနေတာ သူနဲ့တူနေတယ်။
မှတ်သားလောက်သည့် ဥပဒေကို ကိုင်တွယ်နေသူ၏ဖြေဆိုချက်ပါ ပေ-
လူသတ်လက်နက်ပါ ဟု အခိုင်အမာတင်ပြစွပ်စွဲ ခဲ့သော ပေါက်တူး တွင်
တရားခံ တို့၏ DNA မတွေ့ရခြင်းကပင် အပြစ်မရှိကြောင်းထင်ရှားစေခဲ့ပြီး- ယခု တူသည်ဆိုယုံဖြင့်- -တရားခံအဖြစ် ထားရှိကာ လက်မှတ်ရေးထိုးဝန်ခံခိုင်းခဲ့ ခြင်းသည်
ဥပဒေ၏ သာတူညီမျှမှု့ကို ဖျက်ဆီးစေရာ ရောက်သည့်အတွက် တရားခံများသည် အမှန်
ကျူးလွန်ခဲ့ကြသော လူသတ်တရားခံများမဟုတ်ကြောင်း ထင်ရှားနေပါသည်။