18 October 2014

မြန်မာကိုယ်စားလှယ်အဖွဲ့စုံစမ်းစစ်ဆေးရေးကော်မတီမှ အစွတ်စွဲခံထား ရသောမြန်မာရွေ့ပြောင်းအလုပ်သမား( ၂) ဦး ၏ မိသားစုဝင်များအားလာရောက် တွေ့ ဆုံ



ရန်ကုန် အောက်တိုဘာ ၁၇

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှဖွဲ့ စည်းထားသောအလုပ်သမားကူညီစောင့် ရှောက်ရေး
ကော်မတီ အတွင်းရေးမှူးနှင့်  ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း) တွင် စက်တင်ဘာလ(၁၅)ရက်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရ မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မတီမှ ဦးကျော်သောင်းက ထိုင်းနိုင်ငံ
တောင်ပိုင်း စူရတ်ဌာနီခရိုင် အတွင်းမှ ကော့တောင်( လိပ်ကျွန်း) လူသတ်မှုတွင် ပါဝင်သည်ဟု အစွပ်စွဲခံ ထားရသောမြန်မာရွေ့ပြောင်းအလုပ်သမား( ၂) ဦး ၏ မိသားစုဝင် ၄ ဦး အား ၄င်းတို့ တည်းခိုရာနေရာဖြစ်
သော ဒဂုံတောင်မြို့ နယ် ၊ ၁၀၇ ရပ်ကွက်ရှိ ထွန်းသွင်ပရိယတ္တိ စာသင်တိုက်၌ အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီ ၁၅ မီနစ်ကလာရောက် တွေ့ ဆုံအားပေး စကားပြောခဲ့ ကြောင်းသိရသည်။



ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း) ဖြစ်စဉ်မှ အစွပ်စွဲခံထား ရသောမြန်မာရွေ့ပြောင်းအလုပ်သမား( ၂) ဦး ၏ မိသားစုဝင် ၄ ဦး ဖြစ်ကြသော ၀င်းဇော်ထွန်း၏ ဖခင်နှင့် မိခင်အားလည်းကောင်း၊အောင် ဇော်လင်း၏မိခင်ဒေါ်ဖြူရွှေနုနှင့်  ဦးလေးတော်စပ်သူ ဦးသိန်းရွှေအောင် အားလည်းကောင်း စုံစမ်းစစ်ဆေးရေးကော်မတီမှ ဦးကျော်သောင်းက တွေ့ ဆုံအားပေးစကားပြောခဲ့ ပြီး ရန်ကုန်မြို့ ရှိ အလှူရှင် တစ်ဦးမှ ကူညီထောက်ပံ သော ဒေါ်လာ ၁၀၀ အားပေးအပ်ခဲ့ ကာ၎င်းတို့  သိရှိလိုသည့်  အချက်အလက်များအား အထောက်အထားမှတ်တမ်း ဓာတ်ပုံများနှင့်  ဗွီဒီယိုဖိုင်များဖြင့်  ရှင်းလင်းပြသခဲ့ ခြင်းဖြစ်သည်။


မြန်မာသံရုံးမှဖွဲ့ စည်းထားသောအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီတွင် အတွင်းရေးမှူးနှင့်  မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သောစုံစမ်းစစ်ဆေးရေးကော်မတီမှ ဦးကျော်သောင်းက '' ဒီနေ့ စာသင်တိုက်မှာသူတို့ ကိုလာပြီး အားပေးစကားပြောတာပါ၊ပြီးတော့  သူတို့ ကလေးတွေအတွက်ကို မြန်မာအစိုးရနှင့်  ကျွန်တော်တို့  ထဲထဲဝင်ဝင်ကူညီနေတယ်ဆိုတာကို ပကတိအတိုင်းလာပြောပြ
တာပါ၊သူတို့ သိသင့် တဲ့ လိုအပ်တဲ့ အရာတွေကိုလည်း ပရိုဂျက်တာထိုးပြီးပြလိုက်တယ်၊ ပြီးတော့  ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးရဲ့ ညွှန်ကြားချက်အရ သူတို့ လေးယောက်ဗီဇာလျှောက်ဖို့ အတွက် ပတ်စပို့  မိတ္ထူကိုလာယူတာပါ၊ဒီနေ့  မွန်းတည့်  ၁၂ နာရီက မြန်မာ သံရုံးကိုပို့ လိုက်ပါပြီ၊ သံရုံးက နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက် သွယ်ပြီးတော့ မှထိုင်းသံရုံးကိုအကြောင်းကြားမယ်ဆိုတော့  လွယ်ကူနိုင်တယ်လို့ တော့  ယူဆရတာပေါ့ ၊

ကလေးမိဘတွေ သူတို့  သားသမီးတွေနဲ့  အမြန်ဆုံးတွေ့ ဖို့  လိုတယ်၊တနင်္လာနေ့  ထိုင်းသံရုံးမှာ ဗီဇာတင်မယ်၊အင်္ဂါနေ့  သွားနိုင်မယ်လို့ မျှော်လင့် ရပါတယ် '' ဟုပြောခဲ့  သည်။

ကျောက်ဖြူမြို့ နယ် ၊သဲချောင်းကျေးရွာအုပ်စုမှ အစွတ်စွဲခံထားရသောမြန်မာရွေ့ပြောင်း အလုပ်သမား ၀င်းဇော်ထွန်း၏ မိခင် ဒေါ်မေသိမ်း က '' ကျောက်ဖြူကနေ ရခိုင် အမျိုးသားများကွန်ရက် နှင့်  ဦးငြိမ်းချမ်းမောင် တို့ ကနေပြီး မိသားစုတစုကိုငွေငါးသိန်း စီထောက်ပံ့  ပြီးခေါ်လိုက်တာပါ၊ဒီစရိတ်နဲ့  လေယာဉ်စီးပြီး ရန်ကုန်ကိုရောက်လာတာပါ၊ဒီစာသင်တိုက်ကို ရောက်တာ ၅ ရက်ရှိပါပြီ၊ ကျွမသားက မိဘဆင်းရဲလို့  အိမ်ကိုရှာကျွေးမယ်ဆိုပြီးသွားတာပါ၊ အကယ်လို့ သားကသူသတ်တာမဟုတ်ဘဲ အစွတ်စွဲခံရတယ်ဆိုရင် အကယ်လို့  သူလွတ်လာပြီဆိုရင်တောင်လူသတ်တယ်၊မုဒိန်းကျင့် တယ်ဆိုပြီး ငယ်ငယ်လေးနဲ့ လူ့ လောက ကြီးမှာအညွှန့် ကျိုးသွားပြီပေါ့ '' ဟုဝမ်းနည်းရင်ဖွင့် စကားဆိုလေ သည်။


ထို့ အပြင် ကျောက်ဖြူ မြို့  နယ်၊ငဆိပ်ပြင်အုပ်စု၊မိကျောင်းရေသောက်ရွာမှ အစွတ်စွဲခံထား ရသောမြန်မာ
ရွေ့ပြောင်းအလုပ်သမားအောင် ဇော်လင်း၏မိခင်ဒေါ်ဖြူရွှေနု က လည်း '' ကျွမသားကအဘိုးနဲ့  အဘွားအပါအ၀င် ကျွမကိုလုပ်ကျွေးနေတာပါ၊ ၁ လ တစ်ခါလည်း ပုံမှန်ငွေပို့ ပါတယ်၊ မပို့ ပေးရင်မဖြစ်ပါ ဘူး၊သူ့ ရှာစာနဲ့ စားနေတာပါ၊ကျွမသားက ဒီလို သတ်တယ်ဆိုတာမထင်ပါဘူး၊မဖြစ်နိုင်ပါဘူး၊လူကိုသတ်ဖို့  မပြောပါနဲ့ ၊အရမ်းကြောက် တတ်တဲ့ သူပါ၊ကျွမသားကိုဟိုရောက်ရင်ပြောမယ်၊မဟုတ်ဘဲနဲ့  အစွတ်စွဲခံ ရတယ်၊ မနေနဲ့  ၊ရွာ ကိုပြန်ကြမယ်ဆိုပြီးခေါ်မယ်''ဟုဝမ်းနည်းစကားဆိုပြန်လေသည်။

လက်ရှိ အနေအ ထားအရ ထိုင်းနိုင်ငံမြို့ တော် ဗန်ကောက် ရှိ မြန်မာသံရုံး မှ သံအမတ် ကြီး ၏အစီအ စဉ်ဖြင့်  စွတ်စွဲခံထားရသူနှစ်ဦး ၏ မိဘများနေထိုင် စားသောက်ရေးအ တွက် စီစဉ်ဆောင်ရွက် ထားပြီး
ဖြစ်ကြောင်းနှင့်  ထိုင်းနိုင်ငံသို့  ရောက်ရှိလျှင် ၄င်းတို့ ၏ သားများရှိရာ ကော့စမွီကျွန်းရှိ အကျဉ်းထောင် သို့  လိုက်ပါပို့ ဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်  စီစဉ်ဆောင်ရွက်ပေးထားသောကြောင့်  ထိုင်း အာဏာပိုင် များ မှ လုံခြုံရေးပေးရမှာဖြစ်ပါကြောင်း၊ ထို့ အပြင်အစွတ်စွဲခံထားကြရသူများ၏
မိသားစုဝင် များအား မြန်မာသံအမတ်ကြီး၊ ထိုင်းလူ့ အခွင့် အရေးကော်မရှင်၊ထိုင်းရှေ့ နေများကောင်စီနှင့်  စုံစမ်းစစ်ဆေးရေးကော်မတီတို့  မှ တွေ့ ဆုံနိုင်ရန်စီစဉ်ထားကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီမှ ဦးကျော်သောင်းက ရှင်းပြခဲ့ သည်။

ပုံစာ။ ။ထွန်းသွင်ပရိယတ္တိ စာသင်တိုက်၌ အစွပ်စွဲခံထားရသောမြန်မာရွေ့ပြောင်း အလုပ်သမား( ၂) ဦး ၏ မိသားစုဝင် ၄ ဦး အား မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သောစုံစမ်းစစ်ဆေးရေးကော်မတီမှ ဦးကျော်သောင်း က ရှင်းလင်းပြောကြားနေ စဉ်။

သတင်းနှင့်ဓာတ်ပုံ=စိုးဝင်း-MLA (ကြေးမုံ)