18 October 2014

မြန်မာအလုပ်သမားနှစ်ထောင်(၂၀၀၀)ခန့် ဘတ်ငွေသန်းနှင့်ချီး၍အလိမ် ခံရ



မြန်မာအလုပ်သမားနှစ်ထောင်(၂၀၀၀)ခန့် တစ်ဦးလျှင် တစ်သောင်းနှုန်းဖြင့် ငွေအလိမ် ခံရ
========================================================

18/10/2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘောရပ်ကွက် မူဘန့် ဒီကေ အနီး၌ ဖွင့်လှစ်ထားသော
SUNJAOPING(666)ကုပ္မဏီသည် ၎င်းကုပ္မဏီအစုရှယ်များကို တစ်စုလျင်  ဘတ်တစ်သာင်း (10000 Bhat)နဲ့   ၄လ ပြည့်ရင်  ဘတ် ၄ သောင်းအတိုးရမယ်ပြောပြီး   ဆိုစည်းရုံးခဲ့ရာ မြန်မာအလုပ်သမား 2000ကျော်ခန့်သည် အဆိုပါကုပ္မဏီအစုရှယ် ရာများကိုဝယ်ယူခဲ့ကြပါ သည်။



အစုရှယ်ယာဝင်ခဲ့သော မြန်မာအလုပ်သမားများမှ   ၁ နှစ်နီးပါ ရှိလာခဲ့သော်လည်အဆိုပါ ကုပ္မဏီ၌ အတိုး လို့ပြောတဲ့ အမြတ်လဲ မရ  အရင်းပြန်တောင်လဲမရလို့ တော့သဖြင့် လူပေါင်း၂၀၀ခန့်သည် ဖလန်ဆောင် ကုန်တိုက်အနောက်ရှိ ပန်းခြံတစ်ခု၌ စုပြီး ၎င်းတို့ လက်ရှိကြုံတွေ့နေရသော လိမ်လည်မှုအတွက် ဖြေရှင်ပေးရန်  တင်ပြအကူညီတောင်းခံရာ ကူညီရေးနှင့်ကယ်ဆယ်ရေးဆရာတော်.ထိုင်ဆရာတော်တို့ ဦးဆောင်ကာမြန်မာသံရုံး.FED.MAT.တွဲလက်ညီလူမှုကူညီရေးအဖွဲ့တို့ပူးပေါင်းလျှက်ထခန့်ရဲစခန်းတွင်အလုပ်သမား(500)ဦးရေဖြင့်သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ပါသည်။


ယခုဖြစ်စဉ်အား ပြေလည်အောင်ဖြေရှင်းနိုင်ရန်အတွက် နယ်မြေခံ ရဲများမှ SUNJAOPING (666) ကုပ္မဏီရုံးသို့သွာရောက်ရာ၌ အဆိုပါ ကုပ္မဏီရုံခန်းပိတ်ထားပြီး ရှောင်းတိမ်နေပါသည်။

SUNJAOPING (666)ကုပ္မဏီသည် မြန်မာအလုပ်သမားများထံမှ လိမ်ထားသော စုစုပေါင်း
ငွေအမောက်သည် ဘတ်နှစ်ဆယ့်ကိုးသန်းသုံးသိန်းနှစ်သောင်း ကိုးထောင်ငါးရာ ကိုးဆယ့် သုံးဘတ်(219329593 Bhat)ဖြစ်ပါသည်။