23 October 2014

"အထူးကြေညာချက်"





သို့ /
ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) နှင့် ရခိုင်အမျိုးသားကွန်ရက်အဖွဲ့ (ရန်ကုန်)

          ယခုပူးတွဲပါ ကြေညာချက်တွင်ပါရှိသော ဦးကျော်သောင်း  အမည်အား အလျှင်အမြန် ပယ်ဖျက်ပေး ပါရန် လေးစားစွာတင်ပြအပ်ပါသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က (သံရုံးမှ ဖွဲ့စည်းတာဝန်ပေးထားသော အထူးစုံစမ်းရေးအဖွဲ့ အနေဖြင့် ငွေကြေးအလှူ ခံခြင်းများ တစ်စုံတစ်ခု မပြု လုပ် ရန် ကြိုတင်၍ မှာကြားထားပြီးဖြစ်ပါသည်။ ငွေကြေးများနှင့် ပတ်သက် လိုမှုလည်း ကျနော်စိတ်မ၀င် စားပါ။
     

          ယခုကဲ့သို့ အမည်စါရင်းထည့်သွင်းရန်အတွက် သဘောထား တစ်စုံတစ်ရာလည်း ကျနော့်ထံတွင်   တောင်းခံခြင်းမရှိခဲ့ပါ။ ယခု ကြေညာချက်ထွက်လာမှ ကျနော် သိရှိခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ကျနော် ဦးကျော်သောင်း အမည်အား ကော်မတီစါရင်း ထည့်သွင်းထားခြင်းမှ ပယ်ဖျက်ပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်။

ယခုကော်မတီနှင့်သော်လည်းကောင်း အဆိုပါ ငွေကြေးများဖြင့်သော်လည်းကောင်း ဦးကျော်သောင်း တစ်စုံတစ်ရာ သိရှိထားခြင်းမရှိပါ။


ဒုက္ခရောက်သူများအား ကူညီပေးနိုင်ကြသူအားလုံးကို လေးစားလျှက်

ဦးကျော်သောင်း (သံရုံး အထူးစုံစမ်းရေးအဖွဲ့ဝင်)
ဘန်ကောက်မြို့ ၊ထိုင်းနိုင်ငံ