16 October 2014

လိပ်ကျွန်းအမှု ရှေ့နေကောင်းများနှင့် ခုခံချေပမည်ဟု မြန်မာသံအမတ်ပြော



Byငြိမ်းချမ်းOn Thu, 2014-10-16 06:40

ဗြိတိန်စုံတွဲအသတ်ခံရ သည့်အမှုကို လာရောက်စစ်ဆေးမည့် မြန်မာနိုင်ငံမှ စစ်ဆေးရေးအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က လက်မခံ၍တရားခွင်တွင် ရှေ့နေကောင်းများ ဖြင့် ခုခံချေပသွားမည်ဟု ထိုင်း နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးဝင်း မောင်က ပြောကြားသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှု တွင် အမှုမှန်ပေါ်ပေါက်ရန် ထိုင်း နိုင်ငံရဲတပ်ဖွဲ့၊ ဗြိတိန်သံရုံးမှ သံ အမတ်ကြီးနှင့် မြန်မာသံရုံးမှ သံအမတ်ကြီးတို့သည် အောက် တိုဘာ ၁၄ ရက်တွင် သုံးပွင့်ဆိုင်ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေး ပွဲ တွင် ဗြိတိန်သံရုံးမှ သံအမတ် ကြီးနှင့် မြန်မာသံရုံးမှ သံအမတ် ကြီးတို့သည် အမှုမှန်ကန် စွာပေါ် ပေါက်ရန် စုံစမ်းစစ်ဆေးမှုများ အကူအညီပေးရန် တောင်းဆိုရာ ထိုင်းရဲတပ်ဖွဲ့က လက်မခံဘဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ သာလာရောက်ရန် ထိုင်းရဲချုပ်က ပြောကြားလိုက်သည်။


‘‘အမှုနဲ့ပတ်သက်ပြီး ကျွန် တော်က မေးခွန်း ၁၆ ခုမေးခဲ့ပါ တယ်။ DNA စစ်ချက်တွေ အကြောင်းကို အဓိကထားပြီးမေး ပါတယ်။ CCTV မှာ သိပ်မသဲကွဲ ဘဲ မြင်ရတဲ့သူကို ဘာလို့ဝင်းဇော် ထွန်းလို့ပြောတာ လဲလို့လည်း မေးခဲ့ပါတယ်။ အထောက် အထားတွေကွဲလွဲနေတာတွေမေး ပါတယ်။ နိုင်ငံတကာစံချိန်စံနှုန်း အတိုင်း စစ်ဆေးဖို့ တောင်းဆိုခဲ့ ပါတယ်’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က 7 Day Daily အား ပြောကြား သည်။

အမှုတွင် အဓိကလူများဖြစ် သော AC BAR ပိုင်ရှင်သား၏ DNA ကိုစစ်ဆေးရန်နှင့် လွတ် မြောက်နေသော နိုင်ငံခြားသား ရှောင်ကိုခေါ်ယူစစ်ဆေးမှုများပြု လုပ်ရန် တောင်းဆိုခဲ့ကြောင်း ၎င်းကပြောသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ သက် သေဖြစ်သော မြန်မာလုပ်သားသုံး ဦးကို အောက်တိုဘာ ၁၄ ရက်က စမွီခရိုင်တရားရုံးတွင် စတင်စစ် ဆေးခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက် များသည် ဖမ်းဆီးခံမြန်မာလုပ် သားနှစ်ဦး၏ အမှုအတွက်အခြေ အနေကောင်းမွန်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့က ပြောသည်။

ထိုင်းအစိုးရ၏ တရားလိုပြ သက်သေအဖြစ်ထားရှိသော ကိုမောင်မောင်၊ ကိုအောင်ဇော် လင်း၊ ကိုညီညီအောင် တို့ကို အောက်တိုဘာ ၁၄ ရက်တွင် ကော့စမွီခရိုင်တရားရုံး၌ တစ်နေ ကုန်စတင်စစ်ဆေး ခဲ့ပြီး ညတွင် အပြီးပြန် လွှတ်ပေးခဲ့ သည်။ ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သား နှစ်ဦး၏အမှုတွဲကို တစ်လအတွင်း တရားရုံးတင်သွင်းမည်ဖြစ်ကြောင်းမြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေဦးအောင်မျိုးသန့် ကပြောသည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံ သို့သွားရောက်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေ သည်။

7Day Daily