04 October 2014

ယာယီနိုင်ငံကူးလက်မှတ်ကနေ နိုင်ငံကူးလက်မှတ် ပြောင်းလဲလုပ်လိုသည့် မြန်မာအလုပ်သမားများအတွက် ငွေကြေးပြောင်းလဲကောက်ခံ


ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ယာယီနိုင်ငံကူး လက်မှတ်ကနေ ၄ နှစ် သက်တမ်းပြည့်ပြီး သာမန် နိုင်ငံကူးလက်မှတ် ပြောင်းလဲ လုပ်ဆောင်တာနဲ့ ပတ်သက်လို့ ငွေကြေး ပြောင်းလဲကောက်ခံကြောင်း အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။



passportဘန်ကောက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ငွေကြေး ဘတ် ၅၀၀ ကောက်ခံရာကနေ လုံးဝ မကောက်ခံတော့ဘဲ အခမဲ့ ၀န်ဆောင်မှု ပေသွားမယ်လို့ မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းတွေမှာတော့ ဘတ် ၂၀၀ ကောက်ခံနေရာကနေ ဘတ် ၇၀၀ အထိ တိုးမြှင့်ကောက်ခံတယ်လို့ ပါရှိပါတယ်။

ပြောင်းလဲကောက်ခံတဲ့ နှုန်းထားတွေကတော့ နိုင်ငံသားစိစစ်ရေးအတွက် လျှောက်လွှာတင်ချိန် ကောက်ခံ တဲ့ငွေကြေး ဘတ် ၅၀၀၊ သာမန်နိုင်ငံကူး လက်မှတ် ထုတ်ယူချိန် ကောက်ခံရမည့် ငွေကြေး ဘတ် ၁၀၃၀၊ one stop service တွေမှာ ပြည်ပအလုပ်အကိုင် အလုပ်သမားကတ် ထုတ်ယူဖို့ ကောက်ခံငွေ ဘတ် ၇၀ အသီးသီး ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ယာယီကနေ သာမန်နိုင်ငံကူး လက်မှတ် မပြောင်းချင် သူတွေအ တွက် အလုပ်သမားကတ်ပြား ထုတ်ယူချိန် ဘတ် ၇၀၀ ကောက်ခံသွားမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံကနေ နိုင်ငံကူးလက်မှတ် ထုတ်ယူခဲ့တဲ့ ၄ နှစ်ပြည့် သူတွေရဲ့ အလုပ် သမားကတ်အတွက် ကတော့ ဘတ် ၆၀၀ ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။

သတင်း ဒီဗွီဘီ