23 October 2014

“ဘတ်ငွေ ငါးဒဿမငါးဘီလီယန်ခန့်လိမ်လည်ထားသည့်ကုမ္ပဏီကိုဖမ်းပြီ”

                      
၂၀၁၄ ခု  အောက်တိုဘာလ ၂၄
မြတ်ညို(အလွတ်သတင်းထောက်)

 ၅လအတွင်း  အကျိုးအမြတ်ဖြစ်မည်ဆိုသည့် ဆွဲဆောင်မှုဖြင့် မြန်မာအလုပ်သမား ထောင်ချီရှိသည့် မြန်မာ အလုပ်သမားများထံမှ ဘတ်ငွေ ဘတ်ငွေ ငါးဒဿမ ငါးဘီလီယံခန့်လိမ်လည်ထားသည့် ကုမ္ပဏီအား ပူးပေါင်းအဖွဲ့များက ယနေ့ နှိမ်နင်းနိုင်လိုက်ကြောင်းသိရှိရသည်။

         ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ မူဘန်းDK ၂၆လမ်း တွင်ရှိသော ဆဲဗင်းအလဲဗင်း ဈေးဆိုင် အနီးတွင်ရှိသော စံကျော်ပင် ကုမ္ပဏီ SUNJAOPING.ltd အား ထိုင်းစစ်တပ်၊ ရာဇ၀တ်မှုတိုက်ဖျက် နှိမ်နင်း ရေးအထူးရဲတပ်ဖွဲ့ Economic Crine Suppression Division  မြန်မာသံရုံးအလုပ်သမားကူညီစောင့် ရှောက် ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော  ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

           ပြီးခဲ့သည့် ဇူလိုင်လက စတင်၍ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT သို့၊ TIN SAN DAR WIN     TE-  036141    WIN WIN KHAING@WIN KHAI   KT-045420,THEIN ZAW TUN@AIR KT-326714 ကိုင်ဆောင်ထားသူသုံးဦးတို့က စတင်တိုင်ကြား ခဲ့သည်။ ထိုအလုပ်သမားတို့သည်  စန်ကျောင်ပင်ကုမ္မဏီသို့ ၂၀၁၄ ခုဖေဖေါ် ၀ါရီလ ၇ ရက်နေ့က စတင် ဝင်ရောက်ခဲ့သည်။ ၀င်ကြေး ၁၂,၅၀၀ ဘတ်သွင်းရသည်။ စဝင်သည့်အချိန်မှစ၍ ကုမ္ပဏီမှ ရောင်းချ သည့်ပစ္စည်းများအား တစ်လလျှင်ဘတ်ငွေ ၁,၀၀၀ ဖိုးစီ၊ ၅လတိုင် တိုင်ဝယ် ယူရမည်ဖြစ်သည်။ ၅လ ပြည့်ပြီးလျှင် ကုမ္ပဏီမှ တစ်ဦးစီ ၄၅,၀၀၀ ဘတ် ပြန်လည်အကျိုးခံစားရမည်ဟု စာချုပ်ချုပ်ဆိုခဲ့ကြပါသည်။





          ဧပြီလတွင် အသက်အာမခံကြေးဟုဆိုကာ တစ်ဦးလျှင်  ၁,၀၇၀ ဘတ်စီ ပေးသွင်းခဲ့ရပါသည်။ မေလသို့ရောက် သည့်အခါ အလည်လက်မှတ်အတွက်ဟုဆိုကာ တစ်ဦးလျှင် ၁,၄၅၀ဘတ်  ထပ်သွင်း ရပါ သည်။  ဇွန်လသို့ရောက်သည့်အခါ စတိတ်ရှိုးလက်မှတ်ဝယ်ယူရမည်ဟုပြောသဖြင့် တစ်ဦးလျှင် ၁,၅၀၀ ဘတ် ထပ်မံသွင်းခဲ့ရပြန်ပါသည်။ ကုမ္ပဏီမှ သတ်မှတ်ချက်များအတိုင်း ပေးသွင်းခဲ့ပြီးဖြစ်သဖြင့် ၅လပြည့် သည့်နေ့တွင် မူလစာချုပ်ပါအတိုင်း ဘတ်ငွေ ၄၅,၀၀၀ ရမည်ကို သွားရောက်တောင်းခံခဲ့ကြပါသည်။

          ငွေထုတ်မပေးသည့်အခါ လိမ်လည်ပြီဖြစ်ကြောင်း သိရှိခဲ့၍ MAT အဖွဲ့သို့ အကူညီတောင်းခံလာ ခဲ့ခြင်းဖြစ်သည်။ MAT အဖွဲ့က မြန်မာသံရုံးမှ အကြောင်းကြားစာရယူ၍ ထိုင်းအထူးရဲတပ်ဖွဲ့သို့ အကူညီ တောင်းခံခဲ့သော်လည်း ထိုင်းအာဏာပိုင်များက အရေးယူဆောင်ရွက်နိုင်ခဲ့ခြင်းမရှိချေ။
ယမန်နေ့က MAT အတွင်းရေးမှူး ကိုခိုင်ကြီးသည် အလုပ်သမား ၈၀၀ ခန့်အား ဦးဆောင်၍ သံရုံးသို့ သွားရောက်အကူညီတောင်းခံခဲ့သည်။ သံရုံးအနီးတွင်ငြိမ်ချမ်းစွာ စုဝေးနေကြသည့် အလုပ်သမားများအား ထိုင်းစစ်တပ်ကားဖြင့် Economic Crine Suppression Division  သို့ ပို့ပေးခဲ့သည်။ ထိုင်းစစ်တပ်က ခိုင်မာသည့်အချက်အလက်များအား တွေ့ရှိရသဖြင့် နာရီ ၂၀ အတွင်းဖမ်းဆီးအရေးယူမည်ဟု ကတိပြု ခဲ့ပြီးနောက် အလုပ်သမားများပြန်လာခဲ့ကြသည်။

ယနေ့နံနက် ၈နာရီခွဲကျော်အချိန်တွင် နယ်မြေခံရဲတစ်ချို့ရောက်ရှိလာပြီးနောက် များမကြာမီ စစ်ကား ၂စီး ရောက်ရှိလာပြီးနောက် SUNJAOPING.ltd ကို စီးနင်းသိမ်းပိုက်ခဲ့သည်။ စီးနင်းဝင်ရောက်စဉ် သူဌေးမရှိ သော်လည်း ကုမ္ပဏီပိုင်ရှင်၏  သားနှင့် မြန်မာဝန်ထမ်း ၁၅ ဦးတို့ကို ပစ္စည်းများ အထောက်အထားများ၊ စာရွက်စာတမ်းအထောက်အထားများနှင့် အတူ စစ်ကားဖြင့် တင်ဆောင်ခေါ်ယူသွားခဲ့ကြသည်။


         MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီးက “ ထိုင်းအထူးရဲတပ်ဖွဲ့ECSD ကတော့ မြန်မာအလုပ်သမား ပေါင်း သုံးထောင်ကျော်ဆီက လိမ်ထားတဲ့ ငွေ ၅ဒသမ ၅မီလီယံ ဆိုတာ ကြီးမားတဲ့လိမ်လည်မှုကြီးဖြစ် တယ်လို့ပြောတယ်။ ကျနော်တို့ဆီမှာ အမှုဖွင့်ထားတဲ့  အလုပ်သမား  ၈၀၀ဦးအတွက် ဘတ်ငွေ၄၃သန်း တင်ပြထားပါတယ်။ ဒီကုမ္ပဏီမှာ တစ်လကို အနည်းဆုံးမြန်မာအလုပ်သမား ၃၀၀ လောက်ဝင်နေကြတယ်။ ၀င်လောက်အောင်လည်း မြန်မာဝန်ထမ်းတွေက ဆွဲဆောင်အားကောင်းကြတယ်။ ကျနော်တို့ အခုလို စုပေါင်းနှိမ်နင်းနိုင်တဲ့အတွက် နောက်ထပ် မြန်မာအလုပ်သမားတွေ အလိမ်မခံရတော့တဲ့အတွက်တော့ ၀မ်းသာပါတယ်။ မြန်မာအလုပ်သမားတွေကို ပြောချင်တာကတော့ ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့လာတာ မိမိလုပ်အားခလောက်ကိုပဲ စနစ်တကျ စုဆောင်းကြပါ။ မိမိလုပ်အားခကိုပဲချွေတာသုံးစွဲကြပါ။  အခြားသော မက်လုံးအမျိုးမျိုးပေးနေကြတဲ့ ကုမ္ပဏီတွေကို မ၀င်ကြပါနဲ့။ ကျနော်တို့ ခက်ခက်ခဲခဲနဲ့ ဖြေရှင်းရတာပါ” ဟုပြောသည်။

အစုရှယ်ရာတစ်မှ ဆယ်တစ်ခုအထိ ရင်းနှီးထားကြသဖြင့် အလုပ်သမားအမြောက်အများတို့မှာ အခက်အခဲ ပေါင်းစုံ ကြုံတွေ့နေကြရကြောင်းသိရှိရသည်။ အစုရှယ်ယာ ဆယ်တစ်ခုအထိ  ရင်းနှီးမိသည့် ပဲခူးတိုင်း တောင်ငူမှ ကိုနိုင် လင်း က“ ပထမဦးဆုံးဝင်တဲ့သူတွေကို ထုတ်ပေးတယ်။ ကျနော်တို့ အင်တိုက်အားတိုက် ၀င်လိုက်တဲ့အခါ ထုတ်မပေးတော့ဘူး။ လောဘကြီးပြီးဝင်လိုက်တာ ခုတော့ ဘတ် သုံးသိန်းကျော်ဆုံးပြီ။” ဟုပြောသည်။ အစုရှယ်ယာ ရှစ်ခု ၀င်ထားသည့် အလုပ်သမ မသီသီမွန် က “ကျမ ဘတ်ငွေ နှစ်သိန်းကျော် ဆုံးရှုံးပါတယ်။ သမီးတို့ ငွေဆုံးရှုံးတဲ့အတွက် နှမျောတယ်။ သမီးတို့ကိုမြန်မာဝန်ထမ်းခေါင်းဆောင် ကိုလေး
တို့ ကိုသိုက်ဖွားတို့က ကြိုက်တဲ့နေရာမှာတိုင်တဲ့။ စောက်ဂရုမစိုက်ဘူးတဲ့၊ ခု MAT ရှင်းလိုက်တော့လည်း သူဌေး ပြေးတော့တာပဲ” ဟု ပြောသည်။

        ယခုလိမ်လည်မှုနှင့်ပတ်သက်၍ နက်ဖြန်တွင် Economic Crine Suppression Division  ရုံးချုပ် တည်ရှိရာ ဘန်ကောက်မြို့လပ်ဖလောက်၈လမ်း တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း ကိုခိုင် ကြီးပြောပြချက်အရသိရှိရသည်။