20 October 2014

နဲနဲလေးတော့ လွဲနေတယ် ထိုင်းတီဗီမှာ ထိုင်းအစိုးရ တပတ်ဖြစ်စဉ် ဟာသ




ထိုင်းနိုင်ငံကို လာလည်ကြပါ ။
မသေခင် အထိ အန္တာရာယ် ကင်းပါတယ် ။

ထိုင်းနိုင်ငံကို လာလည်ကြပါ ။
အရိုးသားဆုံး လိမ်လည်တာပါ ။

လိပ်ကျွန်း ဆိုတဲ့ နေရာက
ခရီးသွားရန် မသင့်ဖူးလို့ 
သတ်မှတ်ထားတဲ့ နေရာလား ။


ထိုင်းနိုင်ငံမှာ အန္တာရယ် ကင်းရှင်းရေး
အထူးစီမံချက်တွေက
တက္ကသိုလ်တွေ ဘဲလား ။
လိပ်ကျွန်းမပါလို့ လား

CSILA တော်တော်ရက်စက်တဲ့ ထိုင်း
အချိန်တို အတွင်းမှာ လူ ၃ သိန်းကျော်
ဝင်ကြည့်နေကြတယ် ။
ဒီလို အမှန်တိုင်း ရေးနေရင်
တိုးရစ်တွေ လာအို ။ မြန်မာ ။
ကမ်ဘောဒီးယား ကို
ပြေးကုန်ကြမှာပေါ့ ။

ထိုင်းပုလိပ်တွေ ကြိုးစားနေတာကို
ထိုင်းလူထုက အားပေးသင့်ပါတယ် ။
ပုလိပ်တွေ မှားမှား မှန်မှန် ပေါ့ ။

လူ့ အခွင့်အရေး ရှုထောင့်က အလုပ်လုပ်နေတဲ့
ပုလိပ်တွေ လာပ်ပေး လာပ်ယူ နဲ့  ပါတ်သက်ပြီး
ဘာမှ ပြောသံ လည်း မကြားရဖူး ။

စွပ်စွဲခံ မြန်မာလေးတွေ ရှေ့ နေကိစ္စနဲ့ 
ပါတ်သက်တာလဲ တနေ့ ကို တမျိုး ပြောတယ် ။
ထိုင်းပုလိပ်တွေ မြန်မာသံရုံးကို တခါမှ
အကြောင်းမကြားဖူး ။
ထိုင်းနယ်မြေမှာ ထိုင်းပုလိပ် ဘဲလား ။
ရှေ့ နေတွေ မရှိတော့ဖူးလား ။

ထိုင်းပုလိပ်တွေ ဒီလောက် အလုပ်များနေတာ
ကူညီပြီး စုံစမ်းကြပါလား ။
ဟို နေ့ က ပြောတာ
ဒီနေ့ မှာ မေ့တတ်တယ် ။
သရဲတွေပြောင်း ပူးနေတဲ့အတိုင်းဘဲ ။

ကြားဖူးကြလား ။ ထိုင်းပုလိပ်က
ရိုက်နှက်ပြီး ဝန်ခံ ခိုင်းတာ ။
ပလပ်စတစ်ခေါင်းစွပ်တာ လေးပါ ။
ကျန်းမာရေး စစ်ဆေးထားတဲ့ စာရွတ် ရှိပါတယ်တဲ့ ။

ထိုင်းလူ့ အခွင့်အရေးကော်မရှင် ပေါ်ထွက်လာတယ် ။
ထိုင်းနိုင်ငံမှာ မကြားရ တာ တော်တော် ကြာနေပြီ ။
မြန်မာလေးတွေ ဝန်ခံပါတယ်တဲ့ ။
သက်သေအဖြစ် ရှေ့ နေတွေ ပါရဲ့ လား ။
ထိုင်းလူ့ အခွင့်အရေးကော်မရှင် ဆိုတာ
ဘယ်တုံးက ဖွဲ့ တာလဲ ။
ဘယ်လို ရွေးလိုက်တာလဲ ။
အံ့သြဘွယ် ။

ထိုင်းပုလိပ်တွေက အမှုစစ်ဆေးတဲ့ အခါ
ရှေးဟောင်း ထုံးတမ်းစဉ်လာ နည်းတွေ သုံတယ်တဲ့ ။

ဒဏ်ရာတွေရှိတာ လူထု သိသွားရော
နားလည်မှု လွဲနေကြတာပါ
နောက်ဆုံး အဆင်ပြေသွားမှာပါ တဲ့။

လက်ရှိ အခြေအနေမှာ တော့
ထိုင်းပုလိပ်က သူတို့ တည်ဆောက်ထားတဲ့
မြန်မာတွေ သတ်တယ် ဆိုတဲ့ ယူဆချက်ကို
ပိုမို ခိုင်မာ လာအောင်
အကူညီတောင်းနေတယ် ။