18 October 2014

စွတ်စွဲခံ အလုပ်သမားမိဘများအတွက် ဗီဇာရရှိရန်ပြင်ဆင်


၂၀၁၄ အောက်တိုဘာ ၁၇  မင်းစော

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး  ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦး၏ မိဘများ ယမန်မနေ့က ပတ်စပို့ရပြီးဖြစ် ပါတယ်။ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးမှာ တုံကင်ပြားရဖို့အတွက်တောင် ၃ရက်လောက်ကြာတတ်ပါတယ်။ဗီဇာရရှိဖို့  လွယ်ကူနိုင်ရေးအတွက် မြန်မာအစိုးရက ကူညီပေးမှ မြန်ဆန်ချော့မွေ့ မှာဖြစ်ပါတယ်။

      အဲဒါကြောင့် မြန်မာသံရုံးစုံစမ်းရေးကော်မတီကို အကူညီတောင်းခံ သတင်းပို့ထားပါတယ်။
ဗီဇာအဆင်ပြေလျှော့မွေ့ရင်တော့ လာမယ့်အင်္ဂါနေ့လောက်မှာ ထိုင်းနိုင်ငံကိုရောက်နိုင်မယ်လို့ မျှော်လင့်
ရပါတယ်။


      ဦးကျော်သောင်းဟာ ကုပ္မဏီတစ်ခုက လှူးဒါန်းတဲ့ ဒေါ်လာတစ်ရာကို  ဒီနေ့ မိဘတွေကိုအပ်နှံပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦး၏ မြန်မာနိုင်ငံရှိ နေရပ်ဇာတိရပ်ရွာများ နှင့် အမှုသက်သေများကတော့........

(၁) ကျောက်ဖြူမြို့နယ်၊ မီးကျောင်းရေသောက်ရွာ။
(၂) ရသေ့တောင်မြို့နယ် လိုင်ဂွင်ရွာ
(၃) သက်သေ ကိုညီညီအောင် ၊ ကိုမောင်မောင် ၊ ကိုအောင်လင်းဇော်တို့ ဖြစ်ကြပါကြောင်း ။  ဦးကျော်သောင်းက တင်ပြပါသည်။