23 October 2014

မြန်မာလူငယ် ၂ ဦး၏ မိဘများ သတင်းစာရှင်းလင်းပွဲ ပြုလုပ် (ဓာတ်ပုံ)


ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို သွားရောက်တွေ့ဆုံဖို့ သူတို့ရဲ့ မိဘတွေ ဒီနေ့မနက် ဘန်ကောက်ကိုရောက်ရှိလာပြီးနောက် မြန်မာသံရုံးမှာ ညနေပိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။






သတင်းစာရှင်းလင်းပွဲမှာ မြန်မာလူငယ် ၂ ဦးရဲ့ မိဘ အုပ်ထိန်းသူတွေက ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို တရားဥပဒေအရ မျှမျှတတ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံသွားတယ်လို့ မြန်မာသံရုံးမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။


သတင်းစာရှင်းလင်းပွဲပြီးနောက် ထိုင်းလူ့အခွင့်အရေးကောင်စီ၊ ရှေ့နေများကောင်စီက တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထဲမှာ သံရုံးတာဝန်ရှိသူတွေ၊ မြန်မာလူငယ် ၂ ဦးရဲ့ မိဘ အုပ်ထိန်းသူတွေနဲ့ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။

 By ဒီဗွီဘီ