30 October 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ဦးဘက်မှ ထိုင်းရှေ့နေများကောင်စီ အခကြေးငွေ မယူပဲ လိုက်မည်



ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၁၄

လိပ်ကျွန်းလူသတ်မှု၌ စွပ်စွဲခံရသည့် မြန်မာ ၂ဦး၏ အမှုကို ထိုင်းရှေ့နေများကောင်စီက အခကြေးငွေ မယူပဲ မေတ္တာဖြင့် စေတနာဝန်ထမ်း အစအဆုံး လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ယနေ့ တရားဝင်အမှု လိုက်ပါဆောင်ရွက်ရန် အပ်နှံစဉ် ရှေ့နေများကောင်စီဥက္ကဌ ပြောဆိုလိုက်သည်။


ဤ အမှုသည် ထိုင်းရှေ့နေများအတွက် အထူးစိတ်ဝင်စားဖွယ်ကောင်းသည့် အမှုဖြစ် ကြောင်း ထို့အတွက် မိမိအပါအ၀င် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့ဝင် ၂၀ ဦးက လိုက်ပါကာ မြန်မာအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် မိမိတို့ ဆောင်ရွက်သွားမည်ဟု စွပ်စွဲခံ မြန်မာ ၂ဦး၏ မိဘများကို ကတိပေးပြောကြားကြောင်း သိရသည်။