16 October 2014

တို့အားလုံးကို ထိခိုက်တဲ့ခိုတောင်


စွပ်စွဲခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ရစဉ် (ဓာတ်ပုံ−အီးပီအေ)

ထိုင်းနှင့်   မြန်မာခေါင်း ဆောင်နှစ်ဦးအကြားသည်ပြဿနာကို ဘယ်သူက စမေးလိုက်သလဲဆို သည်က အဓိကပြဿနာမဟုတ်။ ပြဿနာက ထိုင်းနိုင်ငံခိုတောင် (ခေါ်)လိပ်ကျွန်းမှ လူသတ်မှု သည် ပြီးခဲ့သည့် ကြာသပတေး နေ့က ထိုင်းဝန်ကြီးချုပ်ပရာယွတ် နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ တွေ့ဆုံစဉ် သူတို့အ ကြားဆွေးနွေး ရသည့်အကြောင်းတစ်ခုဖြစ်လာ ပြီဆိုသည့်အချက်ဖြစ်ပါသည်။

သို့သော်လည်း သည့်ထက် ထူးဆန်းပြီး ပိုအရေးကြီးသည် တစ်ခုက ထိုင်းအစိုးရအိမ်တော် ဝန်ထမ်းများ သည်   ထိုင်းဝန်ကြီး ချုပ်၏ ပထမဆုံးပြည်ပခရီးစဉ် တွင် ယင်းပြဿနာကို အစီအစဉ် တစ်ခုအဖြစ် ထည့်သွင်းဆွေးနွေး ရသည်ဆိုသည်ကို မီဒီယာများ သို့ မပြောလိုကြခြင်းပင်။


ထိုင်းဝန်ကြီးချုပ်ပရာယွတ် နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ယင်းပြဿနာနှင့်ပတ်သက်ပြီး အမှတ်ယူရန်ကြိုးစား ခဲ့ကြသည်။ အိမ်ရှင်သမ္မတဦးသိန်းစိန် က ဧည့်သည်တော်ပရာယွတ်ကို ခိုတောင်ကျွန်းမှ ဗြိတိသျှကမ္ဘာ လှည့်ခရီးသည် ဟန်နာနှင့် ဒေး ဗစ်မီလာကိုသတ်သည်ဟု စွပ်စွဲ ခံရသည့် တရားမဝင်မြန်မာ အလုပ်သမားနှစ်ဦးအပေါ် သန့် သန့်ရှင်းရှင်းမျှမျှတတစီရင်ပါဟု တောင်းဆိုခဲ့သည်ဟု အေအက်ဖ် ပီသတင်းက ရေးသားခဲ့၏။

သည်အချက်က ထိုင်းဝန်  ကြီးချုပ်ပရာယွတ်၏ ပုံမှန်မြင် ကွင်းမဟုတ်ပါ။ မြန်မာဘက်က သည်မေးခွန်းမေး သည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ ပရာယွတ် အနေဖြင့် ဘူးခါပြီး ဦးသိန်းစိန်နှင့် စကားပြောရသည့် အခွင့်အရေး ကို ရှေ့ဆက်ရုံပင်။ ဦးသိန်းစိန်က လည်း အခြေအနေကိုနားလည် မည်ဖြစ်သည်။ ယခုမှ သည် အချက်က သာမန်ဆိုသော်လည်း တစ်ယောက်ယောက်ကတော့ ပုံမှန်အခြေအနေမဟုတ်ပေ။

ဆိုလိုသည်မှာ ယင်းခိုတောင် ကျွန်းပြဿနာသည်     နေပြည် တော်တွင် ဆွေးနွေးခဲ့ရသည်။ သို့ သော် ထိုင်းအစိုးရအိမ်တော်က ပြောကြားခြင်းမပြုခဲ့ချေ။ ၎င်းတို့ အနေဖြင့် ထိုင်းဝန်ကြီးချုပ်၏ ပထမဆုံးခရီးစဉ်တွင် အဆိုပါ ပြဿနာကြောင့် အနှောင့်အယှက် ဖြစ်ခွင့်မပေးပေ။

အကယ်၍ အေအက်ဖ်ပီ သတင်းဌာနကသာ မရေးသားခဲ့ ပါလျှင် ထိုင်းဝန်ကြီးချုပ်သည် နေပြည်တော်တွင် အဆိုပါပြဿနာ ကို  ဆွေးနွေးခဲ့မှန်း  မည်သူမှသိ မည်မထင်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးပရာယွတ်ကိုကြည့်ရသည်မှာ ထိုင်းသတင်းမီဒီယာများ၏ အဆို ပါလူသတ်မှု သတင်းရေးသားမှု များကြောင့် စိတ်တိုနေပုံရ၏။

၎င်းက သတင်းရေးသူတွေ ကိုအဆိုပါလူသတ်မှုနှင့်ပတ်သက် ပြီး ဝေဖန်နေမှုများရပ်တန့်ရန်နှင့် အာဏာပိုင်များကို သူတို့အလုပ် သူတို့လုပ်ခွင့်ပေးရန် တိုက်တွန်း ခဲ့သည်။

‘‘ခိုတောင်အကြောင်းကို ပြောနေရတာ သီတင်းပတ်များ စွာရှိနေပြီ။ တာဝန်ရှိသူတွေလည်းခေါင်းကျိန်းလှပြီ’’ ဟု ထိုင်းဝန်ကြီး ချုပ်က ဒုန်မောင်းလေဆိပ်သို့ ခရီးသွားဖို့ထွက်ခွာစဉ် အစိုးရ အိမ်တော်မှ ထုတ်ပြန်သောကြေ ညာချက်တစ်ခုက    ဆိုသည်။ လူမှုအင်တာနက်စာမျက်နှာများ ပေါ်က ထိုင်းရဲများကို ပက်ပက် စက်စက်ဝေဖန်ရေးသားနေမှုများ ကိုသိရလျှင် ၎င်းအနေဖြင့်ပိုဒေါသ ထွက်ဖို့ရှိသည်။ အားလုံးက လက်ရှိတရားခံမြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ သည် ယခုကဲ့သို့ လူသတ်မှု ကြီးကို ကျူးလွန်သူများတကယ် ဖြစ်ပါ့မလား၊ တကယ့်တရားခံ အစစ်က လွတ်နေသလားဆိုသည် နှင့်ပတ်သက်၍    သံသယရှိပြီး မေးခွန်းများ  ထုတ်နေကြသည့် အတွက်ဖြစ်ပါသည်။

ထိုင်းရဲများအနေဖြင့် ၎င်းတို့ သည် အဆိုပါအမှုနှင့်ပတ်သက် ၍ မှန်မှန်ကန်ကန်လုပ်ဆောင်နေ ကြောင်း၊ ဖမ်းဆီးထားသောသူနှစ် ဦးသည် ကြားချောင်ဖမ်းဆီးထား တာမဟုတ်ကြောင်း ထပ်တလဲလဲ ကြိုးစားဖြေရှင်းနေရသည်။ သို့ရာ တွင် နောက်ဆုံးတရားရုံးသို့ ထို အမှုရောက်ပြီးရဲတွေပို့ထားသော အချက်အလက်များနှင့်ပတ်သက် ပြီး စီရင်ချက်ချမှတ်သည့်အခါ သံသယများ အဆုံးသတ်ပါလိမ့် မည်။

ခိုတောင်ကျွန်းအမှုနှင့်ပတ် သက်၍  ပြည်သူ  ပြည်သားများ နှင့် သတင်းမီဒီယာများက စုံစမ်း စစ်ဆေး သူများ ကိုင်တွယ်နေမှု နှင့်ပတ်သက်၍ ဝေဖန်နေကြ သည်ကို အပြစ်မတင်သင့်ပေ။ အဘယ်ကြောင့် ဆိုသော်   ထိုင်း နိုင်ငံတွင်က ကြေကွဲစရာသင်ခန်း စာများရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ထိုင်း-အမေရိကန် ဆယ်ကျော် သက်တစ်ဦးသည် ဆမွတ်ပရာ ကန်ပြည်နယ်တွင် အသတ်ခံ ရရာ ယင်းအမှုနှင့်ပတ်သက်ပြီး အမျိုးသားလေးဦးကို မှားယွင်းစွပ် စွဲအပြစ်ပေးခဲ့ဖူးသည်။

ယခုအချိန်တွင် ၎င်းလေးဦး စလုံးကွယ်လွန်သွားကြပေပြီ။ သို့ ရာတွင် နောက်ဆုံးတရားခံကရာ ဆေပလွိုင်ကလန်သာ ထောင်ထဲ မှာ အရိုးဒဏ်ရာဖြင့် ဒုက္ခိတဖြစ် ပြီး ၂ နှစ်အကြာတွင် ကွယ်လွန်ခဲ့ ၏။ ၁၉၉၃ ခုနှစ်တွင် ထိုင်းတရား ရုံးက ၎င်းတို့လေးဦးကို အပြစ်မရှိ ကြောင်း ကြေညာခဲ့သည်။ ၁၀ နှစ်အကြာတွင် ထိုင်းတရားရုံးက မှားယွင်းစွပ်စွဲမှုဖြင့် ရဲတပ်ဖွဲ့ကို ကွယ်လွန်သူများ၏ မိသားစုများ အား နစ်နာကြေး ဘတ် ၂၆ သန်း ပေးလျော်စေခဲ့သည်။

အဆိုပါအမျိုးသားလေးဦး ၏   ဖြစ်ရပ်မျိုးမည်သူကမှ   ခို တောင်လူသတ်မှုတွင် မမြင်ချင် ကြပါ။ ထို့ထက်ပိုအရေးကြီးသည် က ယင်းအမှုကိုမြန်မာနိုင်ငံက ရော ဗြိတိန်နိုင်ငံကပါ သေသေ ချာချာ စောင့်ကြည့်နေသည့် အချက်ပင်။ ထိုင်းတရားရုံးက တရားခံများကို ယခုသီတင်းပတ် မှာ ဆုံးဖြတ်ချက်ချပါက အားလုံး ၏ အာရုံများက တရားရုံးဆီသို့ ရောက်ရှိလာကြမည်ဖြစ်ပါသည်။ အနည်းဆုံးတော့ ထိုင်းတရားရုံး သည် ယုံကြည်အားထားနိုင်ပါ သေးသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ပရာ ယွတ်က မြန်မာနိုင်ငံမှ လက်ချည်း သက်သက်ပြန်လာခဲ့ခြင်းမဟုတ်။ ၎င်းသည် နှစ်နိုင်ငံနယ်စပ်ဒေသ များ အကျိုးစီးပွားအတွက် မြန်မာ ခေါင်းဆောင်များကို ထားဝယ် ဆိပ်ကမ်းစီမံကိန်းကြီးဆောင် ရွက်ဖို့ ပြောဆိုသိမ်းသွင်းခဲ့သည်။

ယခုမူ ၎င်းရောမြန်မာသမ္မတ ဦးသိန်းစိန်ပါ ထိုအမှုမည်သို့ဖြစ် လာမည်လဲဆိုသည်ကို ထိုင်ပြီး သာစောင့်ကြည့်နိုင်ပါသည်။ ယင်းအတောအတွင်း ထိုင်းနိုင်ငံအနေ ဖြင့် အဆိုပါအပန်းဖြေကျွန်းမှ လူသတ်မှုပြဿနာသည် ယခုနှစ် ကုန်တွင် စတင်မည့်နိုင်ငံ၏ ခရီး သွားအများဆုံးနောက်လာသည့် ရာသီကို မည်ကဲ့သို့ထိခိုက်မှုများ သက်ရောက်မည်လဲဆိုသည်ကို စောင့်ကြည့်ရပါတော့မည်။

(ဘန်ကောက်ပို့စ်သတင်းစာပါ ဆောင်းပါးရှင် အယ်ဒီတာ Sari-tdet Marukatat ၏ We are all affected by Koh Tao ဆောင်းပါးကို ထားထားမြင့် ဘာ သာပြန်ဆိုသည်။)