02 October 2014

“မြန်မာအစိုးရပိတ်မနိုင်တဲ့အိမ်ဖေါ်ပို့ကုန်လုပ်ငန်း”



                                    
        
        ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က   ဟောင်ကောင် မကာအိုနိုင်ငံတွေကိုသွားပြီးတော့ အိမ်ဖေါ်ပို့ဖို့ အဲဒီနိုင်ငံတွေက ပွဲစားအဖွဲ့တွေနဲ့သွားတွေ့   ခဲ့တဲ့ သတင်းဖတ်ရတယ်။ အလားတူပဲ စင်ကာပူနိုင်ငံကို အိမ်အကူ အလုပ်သမားတင်ပို့တာကို အစိုးရက ပိတ်ပင်တယ်ဆိုတဲ့သတင်းလည်းဖတ်ခဲ့ရတယ်။ ဟော မနေ့ကနဲဒီကနေ့ကျတော့ “အိမ်အကူတင် ပို့မှုအစိုး ရ တားမြစ်သော်လည်း မအောင်မြင်”ဆိုတဲ့ဆဲဗင်းဒေးသတင်းစာနဲ့ အာအက်အေသတင်းကို ဖတ်ရှုနားဆင် ရပြန်တယ်။
       ခေတ်အကူးမှာ ရတဲ့နည်းနဲ့သိုက်တူးနေကြတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်အချို့ဟာကုမ္ပဏီထောင်ပြီး  အိမ်ဖေါ်ပို့တဲ့အလုပ်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့လုပ်ကြတယ်။ သမာအာဇီဝ နည်းလမ်းမကျပဲ ခေါင်းပုံဖြတ် အသွင်ပြောင်းလူကုန်ကူးမှုမို့ လူတကာနှာခေါင်းရှုံ့တဲ့အလုပ်ဖြစ်တယ်။ လုပ်တဲ့လူတွေကိုလည်းကြည့်လိုက် အုံး။ တရားမ၀င်လူမှောင်ခိုကုန်ကူးတဲ့သူတချို့ပါဝင်နေကြတယ်။
             လက်နက်မှောင်ခို မူးယစ်မှောင်ခို၊ ဆေးတုနဲ့ငွေတု လုပ်တဲ့လူတွေထက်သတ္တိရှိကြတဲ့သူတွေဖြစ် တယ်။ ဒီပစ္စည်းတွေက အသက်မရှိတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်တာကြောင့် နေရာပေါင်းစုံမှာ သိုဝှက်ယူ   ဆောင်လို့ရတယ်။ လူဆိုတာ ခံစားမှုရှိတယ်။ စကားပြောတတ်တယ်။ မိမိကိုယ်ကာကွယ်နိုင်တယ်။ အိပ် ထဲမှာ အခြားသေးငယ်တဲ့ နေရာတွေမှာ လျှို့ဝှက်ယူငင် သယ်ဆောင်လို့မရဘူး။ လူကိုမှ နိုင်ငံတကာကို လူပို့တာ။ အေဂျင်စီတွေမှာ ဘယ်လောက်ကြီးကျယ် တဲ့အတွေးအခေါ်တွေ နည်းလမ်းတွေရှိမလဲဆိုတာ   တော်ရုံစဉ်းစားရုံနဲ့ ဖြုန်လောက်ပါတယ်။ အေဂျင်စီတွေကို အစိုးရအနေနဲ့ လျှော့မတွက်သင့်ပါ။
        
      အယင်လပိုင်းတွေတုန်းက ထိုင်းက MOU အလုပ်သမားတွေပြဿ     နာကြောင့် MOEAF က သတင်းစာ ရှင်းလင်းပွဲတွေလုပ်ခဲ့ကြရာမှာ ဂိုဏ်းချုပ်ဥက္ကဌကြီးကသူတို့အဖွဲ့တရားဝင်မဟုတ်သေးဘူးလို့ထုတ်ဖေါ်ပြော   ဆိုခဲ့တယ်။ အစိုးရက ဘာပြောပြော မိမိတို့စီးပွားရေးကိုတော့ လုပ်နေရမှာပဲလို့လည်း ပြောခဲ့သေးတယ်။ တယ်။ နောက်တစ်လလောက်မှာပဲ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်နဲ့ မကာအို နိုင်ငံတွေကိုသွားပြီး အိမ်ဖေါ် အလုပ်သမ ပို့ပါရစေလို့ အဲဒီနိုင်ငံတွေက လူသွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တွေနဲ့ သွားပြီးတော့ သဘော တူညီမှုတွေ လုပ်ကြတယ်။
        မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနကလည်း စင်ကာပူကို အိမ်အကူအလုပ်သမားတွေ တင်ပို့တာ ကို ရပ်နားထားတယ်ဆိုပြီး တရားဝင်ထုတ်ပြန်ကြေညာတယ်။ မကြာခင်မှာပဲ ရန်ကုန် မင်္ဂလာဒုံလေယာဉ် ကွင်းမှာ ပြည်ပထွက်ခွာ အလုပ်လုပ်ကြတဲ့  အလုပ်သမားတွေ (လေဘာကဒ်)တွေမှတ်ပုံတင် စါရင်းပေးရ မယ့် ကောင်တာတစ်ခုဖွင့်လှစ်ခဲ့ပြန်တယ်။
            အောက်တိုဘာလ ၁ရက်နေ့မှာ…စင်ကာပူကို မြန်မာအိမ်အကူအလုပ်သမပေါင်း ၅၀ ထက်မနည်း   နေ့စဉ်ရောက်ရှိလာတယ်လို့  စင်ကာပူနိုင်ငံရဲ့အကြီးဆုံး အိမ်ဖေါ်အလုပ်သမတင်သွင်းတဲ့ အေဂျင်စီဖြစ်တဲ့ United Channel ဒါရိုက်တာ မစ္စကယ်ရီတန် ကိုယ်တိုင်က ထုတ်ဖေါ်ပြောဆိုလိုက်တယ်။ အလုပ်သမားဝန်
ကြီးဌာနကမွေးထုတ်ထားတဲ့ MOEAF ကျား၊ ကိုယ်မွေးတဲ့ကျားက ပြန်ကိုက်တာကိုခံလိုက်ရတာပဲဖြစ်တယ်။

                              “နိုင်ငံတကာက ထွက်လာမယ့်အဖြေစောင့်နေတယ်”
            ပြီးခဲ့တဲ့ စက်တင်ဘာလက ထိုင်းနိုင်ငံအတွင်းကို အလုပ်သမားခေါ်စာမမှန်၊ အလုပ်မရှိ အကိုင်မရှိ ပဲ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ခန့်အကွာမှာရှိတဲ့ မူစယ် အန်ဖေခေါင်ရွဲ၊ တန်ဘွန်၊ စလဖန်၊ ဖစ်ဘူရီမြို့နယ်က မြန်မာအမျိုးသမီးတစ်ဦးပိုင်SARISA INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီ နဲ့ မြန်မာနိုင်ငံက စွမ်းတော်ဝင်ကုမ္ပဏီက တင်သွင်းတဲ့ အလုပ်သမား၂၀၀ဦးနဲ့ နှင်းပန်းဝါ ကုမ္ပဏီက အလုပ်သမား၂၄ဦးတို့ တစ်လနီးပါးကြာ အလုပ်မလုပ်ကြသေးပဲ အခက်အခဲဖြစ်နေကြရာက ပြဿ      နာ တက်ခဲ့တယ်။
                အေဂျင်စီများအဖွဲ့ချုပ်အတွင်းရေးမှူးဦးကျော်ထင်ကျော်နဲ့ ဗဟိုကော်မတီဝင် ဦးကိုလေး တို့ဟာ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်တို့နဲ့ ဖြေရှင်းခဲ့ကြတယ်။ စက်တင်ဘာလ ကုန်လို့မှ အလုပ်မရရင် အလုပ်သမားတွေကို တစ်နေ့ ဘတ် ၃၀၀ ပေးရမယ်။ လို့ပြောဆိုဆုံးဖြတ်ခဲ့ကြတယ်။
     
     မြန်မာအေဂျင်စီ ရွှေလမ်းဖွင့်နဲ့ မဟာချိုင်က PP Group ဆိုတဲ့  အုပ်စုတို့ အလုပ်သမား ၁၈၆ ယောက်ကို ကားအပိုပစ္စည်းအလုပ်ရုံဆိုပြီး ရန်ကုန် ပင်လုံခန်းမကြီးမှာ စာချုပ်ချုပ်ဆိုပြီးသွင်းထားတယ်။ အလုပ်သမားေ တွကို အုပ်စုလိုက်ခွဲပြီး ဟိုပြောင်း ဒီရွှေ့လုပ်လို့ အလုပ်သမားတွေက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ကို အကူညီတောင်းလို့ ဘန်ကောက် အေဂျင်စီများအဖွဲ့ချုပ်ရုံးကို အလုပ်သမားအချို့ ခေါ်သွား ပြီး ရှင်းကြလင်းကြတယ်။ အဲဒီအချိန်က (အေဂျင်စီတွေဘက်က ဦးထွန်းမင်းလတ်၊  ဦးမြတ်သူ တို့ရှိကြ တယ်) ရွှေလမ်းဖွင့် ကုမ္ပဏီပိုင်ရှင် က အလုပ်မရခင် အလုပ်သမားတွေ စားစရိတ်အဖြစ် တစ်ရက်ကို ၆၅ ဘတ်နုန်း ပေးထားမယ်လို့ ကတိပြုခဲ့တယ်။ လကုန်လို့မှ အလုပ်သမားတွေ အလုပ်မရရင် ကြိုက်တာလုပ် လို့လည်း ပြောခဲ့တယ်။
         အဲဒီအလုပ်သမားတွေကပဲ ဘန်ကောက်မြန်မာသံရုံး သံမှူးရုံးခန်းမှာ အေဂျင်စီအဖွဲ့ချုပ်က လာတဲ့ ဦးကျော်ထင်ကျော်နဲ့ ဦးကိုလေးတို့ သံရုံးကပါ လို့ပြောတာတွေကို တင်ပြကြတယ်။ ရွှေလမ်းဖွင့် ကုမ္ပဏီက  အလုပ်မရှိပဲ လူတွေကိုသွင်းလာတာကိုလည်း တင်ပြကြပါတယ်။ ဘန်ကောက်လာခဲ့သမျှ အေဂျင်စီတွေ တနည်းအားဖြင့်  လူပို့တဲ့အေဂျင်စီပွဲစားတွေ  သံရုံးကပါလို့ ပြောဆိုလာခဲ့သမျှ ဒီတစ်ခါ  ပဲခူးသူလေး မြန်မာ သံရုံးမှာဖွင့်ချမှ မငြင်းနိုင်ဖြစ်ခဲ့ရတယ်။ လူပို့ပွဲစားကပွဲစားပဲပေါ့။ ဘာကြောင့်သံရုံးကပါလို့ပြောချင်ကြတာလဲ။
           မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ အေဂျင်စီများအဖွဲ့ချုပ်ဟာ အလုပ်မရှိပဲ ရာချီတဲ့အလုပ်သမားတွေ ကိုတင်သွင်းထားတဲ့ ဒီကုမ္ပဏီတွေကို ဘယ်လိုအရေးယူမလဲ။ လချီပြီးအလုပ်မလုပ်ပဲ နိုင်ငံရပ်ခြားမှာနစ်နာ   နေတဲ့ အလုပ်သမားတွေကို  ဘယ်လို ကုစားပေးမလဲဆိုတာ မြန်မာအလုပ်သမားအရေးကို စိတ်ဝင်စား ကြတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။  
            လက်ရှိအခြေအနေမှာတော့ ရွှေလမ်းဖွင့် ကုမ္ပဏီနဲ့ PP.Group ကသွင်းတဲ့အလုပ်သမားတွေဟာ မဟာချိုင်တစ်နေရာမှာ စုပြုံထားပြီး တစ်ရက်တစ်လေမှာ တစ်ရက်ကို ဘတ်လေးဆယ်လောက်ရတဲ့ခရုအခွံ ခွာတဲ့အလုပ်ကိုလုပ်နေကြရတယ်။ ဗမာပြည်ပြန်ချင်ရင်ပြန်ပို့မယ်။ အခြားမှာ အလုပ်သွားလုပ်ချင်ရင် ပတ်စ ပို့ စာအုပ်ကို ဘတ် ၇,၀၀၀နဲ့ ရွေးယူနိုင်တယ်လို့ PP.Group ကပြောတယ်လို့ အလုပ်သမားတွေကပြော တယ်။ ဆန္ဒပြတဲ့သူတွေနဲ့ MAT နဲ့ ဆက်သွယ်တဲ့သူတွေ ဗမာပြည်ကို ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို   နားဆင်ရင်း၊ အလုပ်သမားတွေကြားထဲမှာ ဘယ်သူက ဘယ်ကိုဖုန်းဆက်သလဲဆိုတဲ့ သတင်းပေး အလုပ် သမားတွေ မွေးထုတ်ပြီးတော့ အလုပ်သမားတွေ အချင်းချင်း ရန်တိုက်တာလည်း ခံနေကြရတယ်လို့ဆိုပါ တယ်။
ဖစ်ပူရီက မြန်မာအမျိုးသမီးတစ်ဦးပိုင် SARISA INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီခြံထဲ မှာ ရှိတဲ့အလုပ်သမားတွေလည်း တစ်နေ့ကို တကယ်ပဲ ၃၀၀ ရမလားလို့ စောင့်မျှော်နေကြတယ်လို့သိရ   ကြောင်းပါ။
                                                   ကျော်သောင်း