31 October 2014

မြန်မာနိုင်ငံသားနှစ်ဦး၏ DNA ကို ပြန်လည်စစ်ပါက နစ်နာနိုင်၍ အခြေအနေပေါ်မူတည်ပြီးသာ ခွင့်ပြုမည်


ထိုင်းတွင် လူသတ်မှုဖြင့် စွပ်စွဲခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ DNA ကို ပြန်လည်စစ်ပါက နစ်နာနိုင်၍ အခြေအနေပေါ်မူတည်ပြီးသာ ခွင့်ပြုမည် ဗြိတိန်နိုင်ငံသားနှစ်ဦးအသက်ခံရမှုမှာ မြန်မာနိုင်ငံသားနှစ်ဦး၏ DNAကို ပြန်လည်စစ်ဆေးမည်ဆိုပါက အစွပ်စွဲခံထားရသူတွေအတွက် နစ်နာနိုင်တာကြောင်း အခြေနေပေါ်မူတည်ပြီးမှသာ ခွင့်ပြုမည်ဟု မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန့်ကပြောပါတယ်။

 အောက်တိုဘာလ ၂၉ရက်နေ့က ထိုင်းဝန်ကြီးချုပ်က လူသက်မှုမှာ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို DNAစစ်ဆေးခဲ့မှုအပေါ် တရားမျှတမှုမရှိဘူးဆိုပါ ထပ်မံစစ်ဆေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအတွက် မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန့်က DNAပြန်လည်စစ်မည်ဆိုလျှင် မြန်မာနိုင်ငံသားနှစ်ဦးဘက်က ရှေ့နေပါဝါလွဲယူထားတဲ့ ရှေ့နေအဖွဲ့ကို ဆက်သွယ်ရမှာဖြစ်ပြီး ရှေ့နေအဖွဲ့မပါဘဲ ဘာမှလုပ်လို့မရဘူးလို့ ပြောပါတယ်။


လက်ရှိအချိန်ထိတော့ ရှေ့နေအဖွဲ့ကို အကြောင်းမကြားသေးဘူးလို့ သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ မျက်မြင်သက်သေမရှိတဲ့ အဆိုပါလူသက်မှုမှာ DNAစစ်ဆေးတစ်ခုတည်ကိုသာ ခိုင်လုံးတဲ့ သက်သေအဖြစ်တင်သွင်း ခဲ့တဲ့အပေါ် ထိုင်းဥပဒေအရာရှိကလက်မခံတဲ့အတွက် အမှုကို သက်သေခိုင်လုံး ထပ်မံ စစ်ဆေးဖို့ အောက်တိုဘာလ၈ရက်နေ့မှာ ရဲလက်ကိုအမှုတွဲပြန်လည်ပေး အပ်ခဲ့ပါတယ်။

 အဆိုပါအမှုဟာ သေဒဏ်ထိုက်တန်လောက်တဲ့ ပြစ်မှုကြီးဖြစ်ပြီး အဲဒီအမှုကို ထိုင်းရဲတပ်ဖွဲ့အနေနဲ့မူလကတည်က အမှုကို ခိုင်လုံးအောင်လုပ်ထားသင့်ပြီး မျက်မြင်သက်သေမရှိတဲ့ အမှုကြီးမှာ DNAအဖြေတစ်ခုတည်ကို ခိုင်လုံးတဲ့ သက်သေအဖြစ် တင်သွင်းခဲ့တာကြောင့်ကော့စမွေ့ခရိုင် ဥပဒေအရာရှိက လက်မခံဘဲ အမှုကို ထပ်မံခိုင်လုံးလုပ်ခိုင်တာဖြစ်တယ်လို့မြန်မာသံရုံရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။ ဆက်လက်ပြီး ဦးမျိုးသန့်က အခုတစ်ခါ DNAထပ်စစ်မို့ပြောလာတာ ကြောင့် လည် ဒါတွေဟာ စဉ်စာစရာဖြစ်နေတာကြောင့် DNAထပ်စစ်မို့ ကိစ္စကို အခြေနေပေါ်မူတည်ပြီ ခွင့်ပြုသင့်ပါ ခွင့်ပြုကာ ခွင့်မပြုဘူးသင့်ဘူး ထင်ပါက ခွင့်မပြုဘူးလို့ ပြောပါတယ်။

 စွပ်စွဲဖမ်းစီခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဘက်က ဆောင်ရွက်ပေးမို့အတွက် မြန်မာအစိုးရကနေ ထိုင်းရှေ့နေများကောင်စီကို အောက်တိုဘာလ ၂၉ရက်နေ့ ကအမှုသွားရောက်အပ်နှံခဲ့ပြီး အောက်တိုဘာလ၃၁ရက်နေ့မှာတော့ ကောစမွေ့ အကျဉ်ထောင်ကို သံရုံးအထူးစုံစမ်းစစ်ရေးအဖွဲ့က ထပ်မံသွားရောက်မယ်လို့ သိရပါတယ်။

 Eleven ရုပ်သံအစီစဉ်မှ ပြန်လည်ကူးယူဖော်ပြသည်။