22 October 2015

“ထိုင်းနိုင်ငံအကျဉ်းခန်းတွေထဲကပြစ်ပယ်ခံမြန်မာလူကုန်ကူးခံသားကောင်များ”

   ၂၁.၁၀.၂၀၁၅ နေ့ထုတ်“တို့ခေတ်”အပတ်စဉ်သတင်းဂျာနယ်တွင် ဖေါ်ပြထားသည့် ဆောင်းပါးအား အွန်လိုင်းပရိတ်သတ်များ အတွက် တင်ပြပါတယ်"

                
 အမေရိကန်အစိုးရကတစ်နှစ်တစ်ခါထုတ်ပြန်တဲ့လူကုန်ကူးမှုအစီရင်ခံစာကို  ဇူလိုင်လ ၂၇ ရက်ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံကိုလူကုန်ကူးမှုအဆိုးဆုံးအဆင့်Tier 3 သတ်မှတ်ပြီး မြန်မာနိုင်ငံကိုတော့
 စောင့်ကြည့်အဆင့် Tier 2 WL သတ်မှတ်ထားပါတယ်။ 
   
လူကုန်ကူးမှုအဆိုးဝါးဆုံးနိုင်ငံစါရင်းမှာထည့်သွင်းသတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံနဲ့ စောင့်ကြည့်အဆင့် မြန်မာ
နိုင်ငံ တို့  ပြီးခဲ့တဲ့ ၂၀၁၅ ခု ဇူလိုင်လကုန်ပတ်နဲ့ အောက်တိုဘာ ၁၄၊၁၅၊၁၆၊ ထိုင်းနဲ့မြန်မာအစိုးရ အဆင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအစည်းဝေးပွဲ ဘန်ကောက်မြို့မှာကျင်းပပြီးစီးသွားခဲ့ပါတယ်။

တိုင်ပြည်အကျိုးစီးပွားကြီးတစ်ခုကိုကာကွယ်နေတဲ့အစိုးရတပ်ဖွဲ့တစ်ခုနဲ့ ကိုယ့်တာကိုမလုံ၊ ကိုယ့်လူကို ကိုယ် မကယ်နိုင်တဲ့ တပ်ဖွဲ့တို့ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အောက်မှာ လူကုန်ကူးခံမြန်မာတွေ ပက် ပက် စက်စက်ခံနေရတဲ့ အသစ်စက်စက် အကြောင်းအရာတွေကို တင်ပြချင်ပါတယ်။ လားရာဘက် မတူညီ တာကို ဂရုပြုကြစေချင်လို့ဖြစ်ပါတယ်။



                      “ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့များအနေအထား

နောက်ဆုံးအခြေအနေတွေကို မပြောပြခင် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်နည်း လုပ်ဟန်တွေ ကို အကျဉ်းချုံ့တင်ပြမှ အဆင်ပြေပါမယ်။ ထိုင်းနိုင်ငံမှာ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ် ဖွဲ့ AHTD,ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းထောက်လှမ်းရေးဌာနDSIနဲ့ ထိုင်းဘုရင့် ကွန်မင်ဒို အထူးရဲတပ်ဖွဲ့ ဆိုတာရှိပါတယ်။ ဒီတပ်ဖွဲ့တွေအကုန်လုံးဟာ လစာ၊ အဆောင်အယောင်နဲ့ အသုံး စရိတ် အဆင့်မြင့်မြင့်ခံစားခွင့်ရှိပါတယ်။ အထူးသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းအတွက် နည်း ပညာ၊ ကိရိယာနဲ့ တပ်ဖွဲ့ဝင်တွေ စွမ်းရည်ပြည့်ဝမှုတွေရှိကြတဲ့အပြင် လုံလောက်တဲ့ခရီးစရိတ် သုံးစွဲခွင့်ရ ရှိကြသူတွေလည်းဖြစ် ပါတယ်။

     လူအင်အားလည်းတောင့်တင်းကြပါတယ်။ ထူးခြားတာတစ်ခုက အစိုးရအဖွဲ့ကို အစီရင်ခံရတာနဲ့ ဥပဒေ အရ ဖမ်းဝရမ်းယူရတာကလွဲရင် ကျန်တာတွေက လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရှိတဲ့ အဖွဲ့တွေဖြစ်ကြပါ တယ်။ အသေးအမွှားလူကုန်ကူးမှုဖြစ်ရပ်လောက်ကို ဒေသခံ ရဲတပ်ဖွဲ့ကိုဖုန်းဆက်ပြောလိုက်တာနဲ့ချက်ခြင်း အဆင်ပြေ နိုင်လောက်တဲ့သြဇာတက္ကမရှိကြသူတွေပါပဲ။ လုပ်ချင်သပဆိုရင် ခြစားမှုနဲ့ရဲချုပ်ပါ မချန်ဖမ်းဆီး ရုံမက လူကုန်ကူး မှုနဲ့ စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးကိုပါ ထောင်ချပစ်တဲ့တိုင်းပြည်ဖြစ်ပါတယ်။


                                “မြန်မာအစိုးရလူကုန်ကူးမှုတပ်ဖွဲ့ရဲ့အနေအထား”

                တစ်ခွန်းတည်းသောစကားနဲ့ပြောရရင် ထိုင်းတပ်ဖွဲ့နဲ့ အားလုံးပြောင်းပြန်အနေထား ရှိတာ မြန်မာ လူကုန် တားတပ်ဖွဲ့လို့ပြောနိုင်မယ်ထင်ပါတယ်။ မကျွမ်းကျင်သူတွေညွန်ကြားမှုအောက်က အရာရာချို့ချို့ငဲ့ငဲ့ နဲ့ လုပ်နေ ကြရတဲ့တပ်ဖွဲ့ပါ။ စိတ်ဆင်းရဲစရာအကောင်းဆုံးက မသိတဲ့သူတွေကညွန်ကြား ခိုင်းမှထလုပ်ကြတဲ့ ယန္တရား အောက်က အချိန်အခါလိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့တပ်ဖွဲ့ဖြစ်တယ်။ ကျွန်ပြုခံ၊ လူကုန်ကူးခံနေ ရတဲ့ နိုင်ငံသားတွေကို သုတ်ကနဲ့ သုတ်ကနဲ ကယ်တင်ရမှာဖြစ်ပေမယ့် တအိအိလှမ့်နေတဲ့အဖွဲ့မျှသာဖြစ်နေ ပါတယ်။

            အရှေ့တောင်အာရှမှာ တိုင်းသစ်ပြည်ရွာ ထူးထောင်ဖို့ ပြည်ပကိုထွက်ခွာနေကြတဲ့ ဘင်္ဂါလီလူမျိုးတွေ ကလွဲရင် လူကုန်ကူးအခံရဆုံးက မြန်မာတွေဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတိုင်းမြန်မာနိုင်ငံသားတိုင်း လူကုန်ကူးခံ ရန်အသင့်အနေအထားမှာရှိနေတယ်ဆိုရင် လွန်အံ့မထင်ပါ။ တရုတ်နိုင်ငံကို ပွဲစားတွေက တရုတ်မယား အဖြစ် နေ့စဉ်ရက်ဆက်တင်ပို့ ရောင်းချနေရုံသာမက ရန်ကုန်သို့ကိုယ်တိုင်ဆင်းပြီး မယား ၀ယ်ယူနေကြတာဟာ အထင်အရှားဖြစ်တယ်။

          အကြီးအကျယ် တားဆီးနှိမ်နင်းမှုအလုပ်ကို ဖိဖိစီးစီးအလုပ်လုပ်ကြရမယ့် မြန်မာလူကုန်တားတပ်ဖွဲ့က လှုပ်လှီးလှုပ်လဲနဲ့ဖြစ်နေတော့ခါ လူကုန်ကူးမှုအဆိုးဝါးဆုံးနိုင်ငံကို ကျဆင်းရုံမှတပါးအခြားမရှိနိုင်။ မိမိတို့ အနေ နဲ့လည်း ပြည့်စုံလုံလောက်မှုမရှိ။ ပြည်ပနိုင်ငံနဲ့ ပြည်ပအဖွဲ့အစည်းတွေက အင်တိုက်အားတိုက်လုပ်နိုင်
အောင် အထောက်အကူပြုမယ့် ငွေကြေး၊ ကိရိယာနဲ့ နည်းပညာတွေကိုတောင်မှ လွတ်လွတ်လပ်လပ် လက်ခံခွင့်မရှိ မှတော့ ဒီတပ်ဖွဲ့မပြည့်စုံတာအဆန်းမဟုတ်ဘူး။

             လူကုန်ကူးမှုဥပဒေကိုကြည့်လိုက်ပြန်တော့လည်း မြန်မာနိုင်ငံမှာ ငွေကြေးချမ်းသာတဲ့လူတွေအသက် မပြည့်
သေးတဲ့ကလေးတွေကိုခိုင်းစေရုံသာမက လူစဉ်မမီအောင် ဒဏ်ရာတွေရရှိအောင် ညဉ်းပန်းနှိပ်စက် တာ
 တွေ၊ ပဲခူးကတရားသူကြီးကတော်က အိမ်အကူ အလုပ်သမ မအေးယုအောင် ကို မီးပူထိုး၊ ရိုက်နှက်ခဲ့တာကို ထိထိရောက်ရောက်ရောက်အရေးမယူနိုင်ခဲ့သလို၊ ရန်ကုန်မြို့တောင်ဒဂုံက လူမဆန်စွာ နှက်စက်တဲ့ အိမ် အကူ အလုပ်သမလေးကိစ္စကိုလည်း ပြတ်ပြတ်သားသားအရေးမယူနိုင်သေးပါဘူး။ ကချင်ပြည်နယ်မှာ သစ်တော ကိုအပြုန်းလာရှင်းတဲ့ သစ်သူခိုးတရုတ်တွေကို တစ်ပတ်တသက်တစ်ကျွန်းချပြီး ပြန်လွှတ်ခဲ့တော့၊ ရန်ကုန်မှာ မယားလာဝယ်တဲ့တရုတ်တို့အတွက်က ဘာမှ စိုးရိမ်စရာမလိုဘူး။

      ဒီ့မတိုင်ခင်က ကလေးသူငယ်အကြမ်းဖမ်းမှုတွေကိုပါ ထိထိရောက်ရောက်အရေး မယူသေးတာဟာ ဥပဒေ ဘက်တော်သား ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးတို့ဟာ လွတ်လပ်မှုမရှိပဲ ညွန်ကြားချက်ပေးတဲ့ အတိုင်း လုပ်နေရတာ ကိုပြသခြင်းဖြစ် တယ်လို့ယူဆနိုင်ပါတယ်။

                                        အကောင်းအဆိုးအကျိုးအပြစ်

          လားရာအရပ်မတူညီတဲ့အစိုးရ ၂ရပ်ရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးခေါင်းစဉ်အောက်မှာ စိစိညက်ညက်
 ကြေနေတာက လူကုန်ကူးခံနေရတဲ့မြန်မာနိုင်ငံသားတွေဖြစ်နေပါတယ်။ မြန်မာလူငယ်တွေ အလွန်ကံဆိုး ကြ တဲ့ သူတွေလို့ပြောရပါမယ်။ တိုက်ဖျက်ကြစတမ်းဆိုရင် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့
တွေက မြူ တစ်မှုန်တောင် မကျန်အောင်တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။

           မြန်မာနိုင်ငံသားလူကုန်ကူးခံနေရသူတွေရဲ့လုပ်အားတွေကြောင့် (၁) အိမ်အကူ (၂) အိမ်တွင်းစက်မှု လုပ်ငန်းများ (၃)ပင်လယ်အစားအစာ  (၄) ပင်လယ်ငါးဖမ်းလုပ်ငန်း (၆) စိုက်ပျိုးရေး စတဲ့အလုပ်တွေ အကုန် လုံး လည်ပတ်နေတာကြောင့် ထိုင်းနိုင်ငံအမျိုးသားအကျိုးစီးပွားဖြစ်ထွန်းနေပါတယ်။ အဲဒါကြောင့် မြန်မာအစိုး ရကဖြစ်စေ၊ အခြားအဖွဲ့အစည်း တစ်ခုခုကဖြစ်စေ အချက်အလက်အထောက်အထားအပြည့်အစုံနဲ့ အကူ ညီ တောင်းခံလာတာကို မဖြစ်သာလို့ ကူညီဖေါ်ထုတ်ပေးကြရတာပါ။ 

လူကုန်ကူးခံရသူတွေကို ကျေးကျွန်သဖွယ် မတရားခိုင်းစေရလို့ အကျိုးအမြတ်ဖြစ်တာက ထိုင်းနိုင်ငံ။ ကျွန်ဖြစ်
နေတာကမြန်မာနိုင်ငံသား၊ ကယ်ထုတ်ပေး နိုင်တာက ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးတပ်ဖွဲ့၊ ကဲ.. စဉ်းစားသာကြည့်တော့။




            “လူကုန်ကူးခံရတဲ့မြန်မာတွေဟာပြုတ်ပြီးကြော်စားခံရတဲ့ဝက်သုံးထပ်သားလိုပဲ”

          လူကုန်ကူးဂိုဏ်းတွေဟာ မြန်မာနဲ့ထိုင်းအာဏာပိုင်တွေကို ပေးကမ်းပြီးမှ လုပ်လို့ရတာပါ။ လူကုန်ကူး ခံရ တဲ့လူတွေအတော်များများတို့ဟာ ထိုင်းနိုင်ငံကို မရောက်ဖူးကြသူတွေဖြစ်ပါတယ်။ လူကုန်ကူးခံခဲ့လို့ရှိရင် ဘယ် လိုဆက်သွယ် ကူညီတောင်းခံမလဲဆိုတာကိုလည်းသူတို့မသိကြဘူး။ လူကုန်ကူးခံရသူတွေ ဟာ
 နှစ်ပေါင်း များစွာ ဖွတ်ဖွတ်ညက်ညက်ကြေအောင် ကျေးကျွန်းသဖွယ်ခိုင်းစေခံပြီးမှ အကူညီပေးနိုင်သူတွေနဲ့ အဆက်အသွယ်ရရှိ တတ်ကြပါတယ်။

         ဒီလူတွေကို ကယ်ထုတ်ဖို့အတွက် ကျနော်တို့ဟာ အချိန်ယူကြရသလို လမ်းစရိတ်လည်းအတော် အသုံး
 ပြုကြရပါတယ်။ ဘာပဲဖြစ်ဖြစ် လူကုန်ကူးခံရသူတွေကို ကယ်ထုတ်နိုင်တဲ့အချိန်မှာ ကျနော်တို့တွေဟာအလွန်
 ပီတိဖြစ်ကြရပါတယ်။ လူကုန်ကူးခံရာကလွတ်မြောက်လာခဲ့ကြတဲ့ လူတွေမှာလည်း အဲဒီအချိန်မှာ ပျော်ရွှင် တတ် ကြပါတယ်။ ကျွန်ဘ၀ကလွတ်မြောက်ပြီး မိသားစုတွေဆီကိုပြန်ကြရတော့မယ်ဆိုကာ ၀မ်းပန်းတ သာဖြစ် ကြပါ တယ်။

          ဒါပေမယ့် ဒီပျော်ရွှင်မှုတွေဟာ တဒင်္ဂမျှသာဖြစ်ပါတယ်။ လူကုန်ကူးခံရသူတွေကို ထိုင်းအစိုးရမှာအင် ဂျီအိုဆန်ဆန် ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းဆိုတာတွေရှိပါတယ်။ အကျဉ်းထောင်လို သံခြေကျင်းခပ် မထားတာနဲ့ အချုပ်ခန်းထဲမှာ မနေရတာကလွဲရင် အကျဉ်းထောင်တစ်မျိုးလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကယ်ဆယ်ရေးစခန်းထဲကို ရောက်ရှိသွားကြတဲ့ မြန်မာတွေဟာ မတူညီတဲ့ ဘာသာယဉ်ကျေးမှု ၊ မြန်မာပါးစပ်နဲ့ ဘယ်လိုမှ အဆင်မပြေတဲ့၊ နို့တွေ၊ နာနတ်သီးတွေ၊ သကြားတွေနဲ့ ရောချက်တဲ့ချိုအီအီအစား အစာတွေကိုစားကြရပါတယ်။


          လူကုန်ကူးခံရစဉ်ကလို ပင်ပင်ပန်းပန်း အလုပ်မလုပ်ရတာကလွဲရင် ပြင်ပကမ္ဘာနဲ့လုံးဝ အဆက်အ သွယ် မလုပ်ရပဲ ခိုင်းတာလုပ်ကျွေးတာစားရတဲ့ အကျဉ်းစံဘ၀ကို ရောက်သွားကြရပါတယ်။ စခန်းအုပ်ချုပ်သူ
တွေ ရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ အလူးအလှိမ့်ခံကြရတယ်။ အဲဒါတွေကြောင့် လူကုန်ကူးခံရာကပြန်လွတ် ခါစက ကျေးဇူးတင်နေခဲ့ကြသူတွေဟာ ကြာလာတဲ့အခါ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ကြတဲ့ စာရေးသူ တို့ကို အထင် မြင်လွဲတတ်ကြပါတယ်။

           ထိုင်းမှာလူကုန်ကူးခံရတဲ့ မြန်မာတွေဟာ အယင်တုန်းက ပွက်ပွက်ဆူနေတဲ့ ရေနွေး အိုးထဲမှာထည့်
 ပြုတ် ခံထားရတဲ့ဝက်သားသုံးထပ်သားလိုပါ။ အဲဒီက ကယ်ထုတ်လာပြီး ကျွက်ကျွက်ဆူနေတဲ့ ဆီပူ အိုးထဲ ထည့် ကြော်လိုက်သလိုပဲလို့ မှတ်ချက်ပြုချင်ပါတယ်။ သုံးထပ်သားဝက်သားကိုပြုတ်ပြီး ကိတ်လန်ရွက် နဲ့
့ကြော်သလိုပါပဲ။ 
 
ကယ်ဆယ်ရေးစခန်းထဲကိုရောက်လာတဲ့ မြန်မာတွေကို ကယ်ဆယ်ရေးစခန်းတာဝန်ခံတွေ ဟာ နိုင်ငံတကာ ကို ခေါ်ပြပါတယ်။ စခန်းထဲကိုရောက်လာသူတွေကို၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေးတယ်။ အချုပ် အလုပ် ပညာတွေသင်ပေးတယ်။ ကောင်းကောင်းမွန်မွန်ကျွေးမွေးစောင့်ရှောက်တယ်ဆိုပြီးပြစားပါတယ်။ အဲဒါကြောင့် “လူကုန်ကူးခံရတဲ့မြန်မာတွေကိုသုံးထပ်သားလိုကြော်စားတယ်” လို့ ဆိုလိုချင်တာဖြစ်ပါတယ်။ ကယ်ဆယ်ရေး စခန်းထဲကိုရောက်သွားကြတဲ့ မြန်မာတွေဟာ အနည်းဆုံး၉လကနေ တစ်နှစ်လောက် အထိ
ပြစားခံလိုက်ရပါ တယ်။


                   “မြန်မာလူကုန်တားတပ်ဖွဲ့ကပြတ်ပြတ်သားသားတောင်းဆိုရမယ်”

            လူကုန်ကူးခံရသူတွေနဲ့အကျိုးစီးပွားဖြစ်ထွန်းနေကြတဲ့ ထိုင်းလုပ်ငန်းရှင်ချို့ဟာ သူတို့ဆီကို
ရောက်ရှိလာတဲ့ လူတွေကို မူးယစ်ဆေးဝါး၊ မိန်းမတွေနဲ့ ချည်နှောင်ထားတတ်ကြပါတယ်။ ဒီနည်းနဲ့ မရသူတွေကိုတော့ အသက်အန္တရာယ်နဲ့ခြိမ်းခြောက်ထားပါတယ်။ ၂၀၁၅ ဇူလိုင်၅ရက်နေ့က ထိုင်းနိုင်ငံ
တောင်ပိုင်း နခွန်စီဌာမရပြည် နယ်၊ စီခြုံလှေဆိပ်မှာ ကယ်တင်ရမိတဲ့ မြန်မာအလုပ်သမား၃ဦးထဲမှာအသက် ၅၀ကျော် ရခိုင်တစ်ဦးပါဝင်သလို ရန်ကုန်တိုင်း လှည်းကူးက အသက် ၂၀ကျော်အရွယ်  သန့်ဇင်ထွန်း ဆိုတဲ့ လူငယ်တစ်ဦးလည်းပါဝင်ပါတယ်။ ဒီလူငယ်ဟာ မိမိအမည်ကိုရော မိမိနေရပ်ကိုပါ မမှတ်မိတော့အောင်ကို မူးယစ်ဆေးဝါး တိုက်ကျွေးပြီး ကျွန်းပြု ခံခဲ့ရသူဖြစ်ပါတယ်။ ဒီသတင်းနဲ့ ဒီလူငယ်ဓါတ်ပုံကို ပြည်တွင်းထုတ် သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖေါ်ပြလို့ မိဘတွေက ဆက်သွယ်လာလို့ အမည်နဲ့ နေရပ်ကို သိရှိခဲ့ရတာဖြစ်ပါ တယ်။

        မောင်သန့်ဇင်ထွန်း ကို လူကောင်းပကတိပြန်ဖြစ်အောင် ဆေးဝါးကုသမှု ခံယူခွင့် ရရှိအောင်
 မြန်မာအစိုးရက ထိုင်းအစိုးရထံမှာတောင်းဆိုရမှာဖြစ်ပါတယ်။ ကျမ္မာသွားပြီးတဲ့နောက်မှာ သူ အ လုပ်လုပ်ခဲ့တဲ့ ၅နှစ်တာကလ အတွက် လုပ်အားခကိုပါ ရရှိအောင် လုပ်ဆောင်ပေးသင့်ပါတယ်။
                    
                         “အရှုံးပေးနေရသူတွေကို အနိုင်ယူပြီးနှိပ်စက်နေတာများလား”

          ထိုင်းနိုင်ငံတောင်ပိုင်းခြုံဖေါ်အနီးတောထဲမှာ ၂၀၁၅ ခု မေလ ၈ရက်နဲ့ ၉ ရက်နေ့မှာ မြန်မာ၇၅ဦး ဖမ်းမိခဲ့ ပါတယ်။ အဲဒီအထဲမှာ အမျိုးသမီး၁၅ဦးပါရှိပြီး အသက်၁၃နှစ်အရွယ် ရခိုင်ကလေးငယ် ၅ယောက် ပါဝင်ပါတယ်။ အိမ်ထောင်ရှင် မြန်မာမိန်းကလေး၂ဦးကို လူကုန်ကူးသူတွေက အဓမ္မပြုကျင့်ခဲ့ကြပါတယ်။ လူကုန်ကူးမှုနဲ့ ခြုံဖေါ် ရွာသူကြီးတစ်ဦးကိုလည်းဖမ်းဆီးခဲ့ပါတယ်။ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိနဲ့ စာရေးသူတို့ဟာ မေလ ၁၄ ရက်နေ့မှာ လူကုန်ကူးခံရတဲ့ မြန်မာကလေးတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဖမ်းဆီခံနေရတဲ့သူတွေအတော်များများကို ထိုင်းအာဏာ ပိုင်တွေက မြန်မာနိုင်ငံကို ပြန်လည်ပို့ ဆောင်ပေးခဲ့ပေမယ့် အဲဒီအထဲက အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီး၂ဦး အပါဝင် အမျိုးသမီး၅ယောက်နဲ့ အမျိုးသား ၁၁ဦးတို့ကျန်ရှိနေပါသေးတယ်။

         ဇူလိုင်လ ၂၆ ရက်နေ့ တနင်္ဂနွေနေ့မှာ စာရေးသူဟာအလုပ်နားနေ့တဲ့အချိန်မှာ ပဲခူးတိုင်း၊ ဝေါမြို့ နယ်၊  အချုပ်ဝိုင်းပတ် ကျေးရွာက ဦးလှဝင်းနဲ့ ဒေါ်ချိုတို့ရဲ့သမီး အသက်၁၈နှစ်အရွယ်ရှိ သန္တာကို ဆိုတဲ့ သမီးလေးက ငိုကြီးချက်မနဲ့ ဖုန်းဆက်လာပါတယ်။

         “သူတို့အားလုံးဟာ ခြုံဖေါ်ရဲစခန်းအချုပ်ခန်း သမံတလင်းပြင်မှာ ခြင်ထောင်လည်းမပါပဲ အိပ်ကြရကြောင်း၊ အလွန်ညံ့တဲ့ ထမင်းကိုစားရကြောင်းပြောပါတယ်။ အားလုံးနေမကောင်း
ဖြစ်နေ ကြတယ်လို့ လည်း ပြောပါတယ်။ လူကုန်ကူးခံရပြီး အချုပ်ခန်းထဲမှာရှိနေတဲ့ မြန်မာ အမျိုး သားတွေဟာ အဲဒီခြုံဖွန်ရဲစခန်းက ရဲအရာရှိ အမျိုးသမီး တစ်ဦးပိုင်ဆိုင်တဲ့  ရေသန့်စက်ရုံမှာ လုပ် အားခမရပဲ သွားရောက်လုပ်ကိုင်ပေးနေရကြောင်း ပြောပါ တယ်။ အမျိုးသမီးတွေကတော့ အခြား
နေ့တွေမှာ ရဲစခန်းအတွင်းနဲ့ခြံဝင်းကို သန့်ရှင်းရေး လုပ်ပေးကြရပါတယ်။ တနင်္ဂနွေနေ့ တွေမှာ
တော့ တစ်ပတ်လုံးကို ရဲတွေစားထားကြတဲ့ ပန်ကန်ခွက်ယောက်တွေအားလုံးကို ဆေးကြော သန့်ရှင်းပေးရတယ်လို့ပြောပါတယ်” ဒီလိုလုပ်ရပ်ဟာ မလုပ်သင့်တဲ့လုပ်ရပ်တစ် ခုဖြစ်တာကြောင့်မြန်မာ အစိုးရ လူကုန်တားကို ကျနော် အသံဖိုင်ပေးပို့ခဲ့လို့ ရပ်သွားခဲ့ပါတယ်။


                                         “သူ့နေရာမှာကိုယ်ဆိုရင်”

        ပြီးခဲ့တဲ့မေလဆန်းမှာ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် ဆုံခလာတောထဲမှာ အလောင်း ၃၀ စတွေ့ ရာ ကနေ လူကုန်ကူးဂိုဏ်းတွေကို ထိုင်းအစိုးရ မီးခိုးကြွက်လျှောက် ဖမ်းဆီးနှိမ်နင်းခဲ့ပါတယ်။ အင်ဒိုနီးရှား
နိုင်ငံ မှာ ထိုင်းလူမျိုးအချို့ကျွန်အဖြစ်ရောင်းစားခံနေရတဲ့သတင်းတွေကို အေပီသတင်းဌာနက စုံစမ်းဖေါ် ထုတ် လိုက်တဲ့ အခါ ထိုင်းနိုင်ငံသား၊ ထိုင်းလူမျိုး ၂၀၀ လောက် ကျွန်းပြုခံနေရတာကိုပါ သိရှိခဲ့ရပါတယ်။ အဲဒါကြောင့် ထိုင်း အင်ဂျီအိုအဖွဲ့တစ်ခုနဲထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူး စုံစမ်းထောက်လှမ်း
ရေး အဖွဲ့ DSI တို့ဟာ ချက်ချင်း အင်ဒိုနီးရှားကိုသွားပြီး၂ကြိမ်တိုင်တိုင် သွားရောက်ခေါ်ဆောင်လိုက်ပါတယ်။

        ကျနော်တို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATဟာ အင်ဒိုနီးရှားကျွန်းက မြန်မာ၂၆ဦး
 ထောင် ကျ နေတဲ့မြန်မာတွေရဲ့အချက်အလက်တွေနဲ့ ဓါတ်ပုံတွေကို ရတဲ့နည်းနဲ့ ရသလောက်ယူပြီး မြန်မာ အစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ကို အကူညီပေးပို့ခဲ့ပါတယ်။ မြန်မာအလုပ်သမားတွေကို အင်ဒို ငါးဖမ်း လှေနဲ့ တင်ပို့တဲ့ မဟာချိုင်ကထိုင်းလှေပိုင်ရှင်သူဌေးရဲ့နေအိမ်နဲ့ အခြားအချက်အလက်တွေ ကိုပေးပို့ ခဲ့ ပါတယ်။ ကျွန်ပြုခံခဲ့ရတဲ့မြန်မာတွေအတွက် ဘာမှထူးခြားလာခဲ့တာမရှိခဲ့ပါဘူး။

          လူကုန်ကူးခံရတဲ့ မိန်းကလေး၅ယောက်ကို ရဲကသန့်ရှင်းရေးလုပ်ခိုင်း၊ ပန်းကန်ဆေးခိုင်းနေတယ်။ အမျိုး သား ၁၁ဦးကို ရဲအရာရှိပိုင်ဆိုင်တဲ့ ရေသန့်ပုလင်းစက်ရုံမှာ အခမဲ့အလုပ်ခိုင်းနေတယ် (အာဏာပိုင်က ထပ်ပြီး မတရားကျွန်ပြုနေတယ်) လို့ သတင်းခိုင်ခိုင်မာမာရခဲ့ရင် ကမ္ဘာပေါ်ကဘယ်နိုင်ငံအစိုးရမဆို ချက် ချင်း ဆောင်ရွက်မယ်လို့ထင်ပါတယ်။ ဥပမာ( ကောင်မလေးတွေကိုခေါ်ထုတ်ပြီးသားမယား အဖြစ်ပြုကျင့် တယ်ဆိုရင်ကောဗျာ)

                                          ကျော်သောင်း (ဘန်ကောက်)