၂၀၁၅ ခု အောက်တိုဘာ
၂၅ ရက်
စောမောင်
ထိုင်းနိုင်ငံတောင်ပိုင်း၊
စူရပ်ဌာနီ၊ ဆုံခလာ နှင့်ကော့စမွေကျွန်းကော့တောင်၊အပါအ၀င်အခြားနေရာ အတော်များများတို့တွင်
မြန်မာအလုပ်သမားများအား ပတ်စပို့ထုတ်ပေးမည်ဟုဆိုကာတစ်ဦးလျှင် ဘတ်ငွေ ၆,၅၀၀နုန်းဖြင့်ကောက်ခံ၍
ယမန်နေ့ကအထိ လုပ်ကိုင်နေကြဆဲဖြစ်ကြောင်းသိရှိရသည်။
CI ထုတ်ပေးရန် အချက်၂၇ချက်ကောက်ခံရန်
ဖွင့်လှစ် ထားသည့် နေရာများကို ပိတ်သိမ်း၍ တိုင်းပြည်ထဲကထွက်ခွာသွားကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန
ရွှေ့ပြောင်းအလုပ်သမားများအလုပ်အကိုင်ရှာဖွေရေးဌာန ကြဟာငန်း ကအောက်တိုဘာလ ၂၂ ရက်နေ့ကတရားဝင်စာထုတ်ပြန်ခဲ့သည်။
၁၊၈၊၂၀၁၅ နေ့ ကရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာ ရုပ်မြင်သံကြားထုတ်လွှင့်အစီအစဉ်တွင် လည်းထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်သက်သေခံအထောက်အထားကတ်ပြားဖြစ်တဲ့ Certificate of Identity -CI ကို ထုတ်ပေးနိုင်ဖို့အတွက် သက်ဆိုင်တဲ့ အေဂျင်စီတွေအနေနဲ့ စာရင်းကောက် တာတွေ လုပ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအားလုံး တရားဝင်နေထိုင်လုပ်ကိုင်တဲ့အခြေအနေဖြစ်အောင် နိုင်ငံကူးလက်မှတ်စီစဉ်မှာဖြစ်ပြီး အထောက်အထားခိုင်လုံရင် နိုင်ငံကူး လက်မှတ်ကိုထုတ်ပေးပြီး အချက်အလက်လိုအပ်နေသူတွေကိုတော့ CI ထုတ်ပေးမှာဖြစ်တယ်လို့ ပြည်ပအလုပ် အကိုင်ရှာဖွေရေးအဖွဲ့ချုပ်က ဦးစိုးမြင့်အောင် က ပြောပါတယ်။ စစ်ဆေးမှုကာလက ၃လကြာမှာဖြစ်ပြီး ဥပဒေပြင်ပက အေဂျင်စီတွေကို ဝန်ကြီးဌာနက အရေးယူတာတွေလုပ်မယ်လို့ ဆိုပါတယ်။
စာရင်းကောက်ဖို့ ဇူလိုင် ၁၅ရက်နေ့က
စတင်ခဲ့ပြီး ဘန်ကောက်မှာ အေဂျင်စီ ၉ခု၊ ရနောင်းမှာ ၅ခု။ မဲဆောက်မှာ ၄ခုနဲ့
မယ်ဆိုင်မှာ ၂ စုစုပေါင်း အေဂျင်စီ၂ဝမှာ အလုပ်မားတွေကို စစ်ဆေးဖို့
လိုအပ်တဲ့စက်ပစ္စည်း (ကွန်ပျူ တာ) တွေ ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ နယ်မြေ ၅ခုမှာ
ပန်းရောင်ကတ်ကိုင်ထားတဲ့လူဦးရေက ၄သိန်းခွဲရှိတယ်လို့ MOEAF တွဲဘက်အတွင်းရေးမှူး ဦးကျော်ဇောက ပြောပါတယ်။



အလုပ်သမားများ၏ အခြေအနေများ၏ သတင်းအချက်အလက်များကို
နေ့စဉ်စောင့်ကြည့်နေသည့် ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
MAT ဒါရိုက်တာ ဦးကျော်သောင်းက

၂၀၁၃ ခုနှစ်က
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေပြောင်းအလုပ်သမားများထံမှ အိမ်ပြန်ပို့စရိတ်ဟုဆိုကာအလုပ်သမားတစ်ဦးစီထံမှ
ဘတ်ငွေ ၁,၀၀၀ စီကောက်ခံထားခဲ့သည်။ သန်းပေါင်းများစွာသော ထိုငွေများကို အလုပ်သမားအရေးကိစ္စရပ်
တစ်ခုခုတွင် အသုံးပြုနိုင်ရန်အတွက် ပြန်လည်တောင်းခံသင့်ကြောင်း MAT အဖွဲ့က မြန်မာအလုပ်သမားဝန်ကြီးဌာနသို့
တင်ပြခဲ့ဖူးသော်လည်း ယနေ့တိုင် အကြောင်းတစ်စုံတစ်ရာ
မထူးခြားသေးပေ။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအား
ထိုင်းနှင့်မြန်မာအစိုးရတို့သည် ၂၀၀၉ ကတည်းက ယာယီပတ်စပို့ကို ထုတ်ပေးခဲ့သည်။ ပတ်စပို့လုပ်ငန်းစဉ်၏
ရှုတ်ထွေးမှုများကြောင့် မြန်မာအလုပ်သမားများမှာ လုပ်အားခငွေ၏ ထက်ဝက်ခန့်မှာ ထိုင်းနိုင်ငံအတွင်းယိုဖိတ်နေပါသည်။
ကျပ်ငွေ ငါးသိန်းထက်မနည်းအကုန် အကျခံ၍ လုပ်ကိုင်ထားသော ပတ်စပို့နှင့် ၀တ်ပါမစ်များရှိကြသော်လည်း
မြန်မာအလုပ်သမားများအား ထိုင်ပုလိပ်များ အစဉ်အမြဲ ဖမ်းစားလေ့ရှိပါသည်။
လုပ်ငန်းရှင်က
သိမ်းဆည်းထား၍ မြန်မာအလုပ်သမားများမှာ ဆုံးရှုံးနစ်နာ မှုများလည်းဖြစ်ကြရပါသည်။ ထိုင်းနိုင်ငံတွင်
မြန်မာပတ်စပို့သာမက မြန်မာအမျိုးသားမှတ်ပုံတင်များကိုပါ အတု လုပ်ပေးသူများရှိနေဆဲဖြစ်ပါသည်။
နေထိုင်ခွင့်အတုလုပ်ကြသည့် ထိုင်းနှင့် မြန်မာပွဲစားများကိုလည်း ထိုင်းနှင့် မြန်မာအစိုးရက
ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းမရှိသေးသဖြင့် မြန်မာအလုပ်သမားများ၏ ကံကြမ္မာမှာ ကိုယ့်ဖြစ်ကိုယ်ခံဖြစ်နေကြကြောင်း
MAT အဖွဲ့ကပြောသည်။