14 October 2015

“လျှို့ဝှက်နက်နဲမှုများနဲ့ကော့တောင်(လိပ်ကျွန်း) လူသတ်မှုကိုဖေါ်ထုတ်တဲ့အခါ”

 "၂၀၁၅ အောက်တိုဘာ ၁၂ တနင်္လာနေ့ထုတ် တို့ခေတ် သတင်းဂျာနယ်တွင် ဖေါ်ပြခဲ့သော ဆောင်းပါးအား အွန်လိုင်းပရိတ်သတ် များအတွက် ကူးယူဖေါ်ပြအပ်ပါသည်"
                   
ဂလိုဘယ်လိုက်ဇေးရှင်း အင်တာနက်ခေတ် ဖေးဘွတ်ပေါ်မှာလွတ်လွတ်လပ်လပ်ရေးချင်တာရေးကြ ၊ ပြချင် ရာပြကြနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ လိပ်ကျွန်းလူသတ်မှုကိစ္စနဲ့ ပြည်တွင်း ပြည်ပသတင်း မီဒီယာတွေမှာလည်း ထင်မြင်ယူဆချက်အမျိုးမျိုးကိုရေးနေကြတာတွေကိုသတိပြုမိပါတယ်။ မြန်မာသံရုံးအထူးစုံစမ်းရေးအဖွဲ့ကတွေ့ရှိ ချက်တွေမဟုတ်ပဲ ပြောနေကြဆိုနေကြသူတွေထဲမှာ ထိုင်းလူမျိုးပညာတတ်တစ်ဦးဖြစ်တဲ့ CSLA ဆိုတဲ့ ဆိုရှယ် မီဒီယာတစ်ခုဟာ အချက်အလက်တွေကို လက်ဦးမှုရယူလိုက်နိုင်သူဖြစ်ပါတယ်။ သူကလွဲရင်ကျန် တာ တွေအားလုံးက သံယောင်လိုက်နေကြတာတွေနဲ့ ထင်မြင်ယူဆတာတွေကိုပြောနေ ကြတာသာဖြစ် ပါတယ်။  
  မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီကတော့ CSLA အချက်အလက်တွေအပြင် အခြားသောအချက် အ လက်တွေကိုလည်းရယူရပါတယ်။ ပြဿ     နာဖြစ်ပွားတဲ့နေရာမှာအမာခံကောင်းကောင်းရရှိအောင် စီစဉ်ပြီး အချက်အလက်တွေရနိုင်သမျှ ကြိုးပမ်းခဲ့ပါတယ်။ အဲဒါကြောင့် အွန်လိုင်းပေါ်ကိုမရောက်တဲ့ အချက်အ လက်
ပေါင်းများစွာတို့ကိုလည်းရရှိခဲ့ပါတယ်။ ဒါ့အပြင်လူသတ်မှုဖြစ်ပြီးနောက်ပိုင်း ကော့တောင်(လိပ်ကျွန်း) က ပြန် သွားကြသူတွေအနက် လူသတ်မှုကိုသိရှိသွားတဲ့သူတွေကို မြန်မာပြည်အနှံ့ ခက်ခက်ခဲခဲရှာဖွေ စုံ စမ်းပြီး ပင်ပင်ပန်းပန်းလိုက်လံစုဆောင်းခဲ့ကြပါတယ်။ လူနာမည်တစ်လုံးသိတာနဲ့ ဘယ်အရပ်ဘယ်ဒေသ ကလဲ၊ဘယ်လောက် အထိအချက်အလက်ရနိုင်မလဲဆိုတာတွေကိုပါ လိုက်လံစုဆောင်းထားခဲ့ကြတာပါ။


 အထူးစုံစမ်းရေးကော်မတီဝင်များမဟုတ်ပဲ သတင်းမီဒီယာများကိုပြောဆိုသူတွေ၊ အင်တာနက် အွန်လိုင်းမှာ
 ပြောဆိုအလှူခံနေကြတဲ့သူတွေဟာ မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီသို့  ငွေတစ်ပြားတစ်ချပ်မှလှူဒါန်း
 ကူညီမှုမရှိပါ။ စွတ်စွဲခံနေရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်း တို့ပြစ်မှုက လွတ်မြောက်စေနိုင်မယ့် အထောက် အပံ့ပြု နိုင်တဲ့ သက်မဲ့သက်သေ တစ်ခုခုသော်လည်းကောင်း သက်ရှိသက်သေ တစ်ယောက်ယောက်
သော်လည်းကောင်း ယနေ့အထိ ကူညီနိုင်တာမရှိသေးပါ။  ကျနော်တို့ တွေ့ရှိချက်တွေ ယူဆချက်တွေကို အားလုံးကို ထိုင်းရှေ့နေတွေကို ပြောရပါတယ်။ စာရေးသူဟာ အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံး ကို စုဆောင်း ရှာဖွေစုံစမ်းမှုကိုပြုရသူပါ။


           စွတ်စွဲခံ မြန်မာအလုပ်သမား၂ဦးရဲ့ မိခင်၂ဦးကို သံရုံးအထူးစုံစမ်းကော်မတီက ယခင်နှစ်ကလို တာဝန်ယူနိုင်/မနိုင် စည်းဝေးတိုင်ပင်ကြပါတယ်။ ကော်မတီမှာ ငွေကြေးအခက်အခဲ၊ လူအင်အားအခက် အခဲတွေ ရှိကြပါတယ်။ ယမန်နှစ်က အဆိုပါမိသားစုတို့ကို မြန်မာသံရုံးထဲမှာ ထားခဲ့စဉ်တုန်းက ကော်မတီ ကြုံခဲ့ကြရတဲ့ ကိစ္စရပ်တွေဟာ အပြင်ကို ထုတ်ပြောလို့မဖြစ်တာတွေရှိခဲ့ပါတယ်။ အဲဒါကြောင့် အခြားသော ကူညီလိုသူတွေက မိခင်၂ဦးကိစ္စကိုတာဝန်ယူနိုင်ပါက ယူကြပါစေလို့ ဆုံးဖြတ်ခဲ့ကြတာပါ။
         
  ကော်မတီမဟုတ်ပဲဝိုင်းကူနေကြသူတွေဟာ လွတ်လွတ်လပ်လပ်ဝေဖန်နိုင်ကြပေမေယ့် အထူးစုံစမ်းရေး
ကော်မတီဟာ သိထားတာတွေကိုပင် အကုန်ပြောလို့မရပါ။ သံရုံးဆိုတာ နိုင်ငံတော်အစိုးရ ကိုယ်စားဖြစ်နေ တာကြောင့် လုပ်တာကိုင်တာတွေကို အထူးသတိပြုကြရပါတယ်။

           အမှုတွဲတစ်ခုလုံးကိုခြုံငုံသုံးသပ်တဲ့အခါ အားလုံးသိပြီးတဲ့အတိုင်းပဲ ဒီလူသတ်မှုမှာ လူသတ်တရားခံ အဖြစ် မြန်မာအလုပ်သမား၂ဦးကို ထိုင်းရဲတပ်ဖွဲ့ဟာ မျိုးရိုးဗီဇ DNA တစ်ခုတည်းကို လက်ကိုင်ထားပြီး အမှု ကို မျက်မြင်မရှိပဲ စွဲဆိုထားဖြစ်ပါတယ်။  စက်တင်ဘာလ ၁၁ ရက်နေ့မှာ နိုင်ငံတကာကအသိအမှတ်ပြု ထား သူ တစ်ဦးဖြစ်တဲ့ ထိုင်းနိုင်ငံအမျိုးသားမှုခင် ဆေးပညာဌာနအကြီးအကဲ ဒေါက်တာ (Dr.Pornthip Rojana-sunand) ဖွန်ထစ် ရိုဂျနာ ဆွန်နန်း က ထိုင်းရဲတပ်ဖွဲ့ရဲ့DNA လုပ်ထုံးလုပ်နည်းတွေ မှားယွင်းကြောင်းထွက် ဆိုခဲ့ပါတယ်။
 
သူမဟာ ထိုင်းဘုရင်ဆုတံဆိပ်အပ်နှင်းခံထားရသူဖြစ်ပါတယ်။ ထိုင်းစစ်အစိုးရ တက်ပြီးနောက်ပိုင်းအထိ သူမဟာ ရာထူးကြီးမရသေးပါဘူး။ သူမက ထိုင်းရဲ တပ်ဖွဲ့ဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီမျှတဲ့ DNA စစ်ဆေး ချက်တွေကို လက်ကိုင်ထားပြီး စွတ်စွဲနေတာဖြစ်တယ်။ မျိုးရိုးဗီဇ DNA နဲ့ စွဲချက်တင်မယ်ဆိုရင် ကျွမ်းကျင် သူတွေ နဲ့ပူးပေါင်းဆောင်ရွက်ရမယ်လို့ မီဒီယာတွေမှာ ထုတ်ဖေါ်ပြောဆိုလာခဲ့ပြီးတဲ့ နောက်ပိုင်းမှာထိုင်းစစ် အစိုးရက ဒေါက်တာဖွန်ထစ်ကို အမျိုးသားမှုခင်းဆေး ပညာဌာနမှာ အကြီးအကဲရာထူးကိုအပ်နှင်း ခဲ့တာဖြစ် ပါတယ်။

                                 “အမှုဖြစ်တည်ရာထိုင်းနိုင်ငံအခင်းအကျင်း”   
            ထိုင်းနိုင်ငံဟာ ဘုရင်ကိုဘုရားသဖွယ် ကိုးကွယ်တဲ့တိုင်းပြည်ဖြစ်ပါတယ်။ ထိုင်းအိမ်တိုင်းမှာ ဘုရားပုံ တော် ဆင်းတုတော်မရှိရင်သာနေမယ်။ ထိုင်းဘုရင်မိသားစုပုံ အိမ်တိုင်း၊ စက်ရုံတိုင်းမှာရှိပါတယ်။ ထိုင်းဘုရင့် တော်ဝင်မိသားစုအကြောင်းအရာကို ဘယ်သူမှအထိအပါးမခံပါဘူး။ ထိုင်းဘုရင်ရုပ်ပုံတို့ကို မဖွယ်မရာရေးဆွဲကြတဲ့ နိုင်ငံခြားသားတွေကို ပြင်းပြင်းထန်ထန်အရေးယူပါတယ်။ .................     ...............   ...............  ................

           စည်းမျဉ်းခံဘုရင်စနစ်နဲ့ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာခဲ့တဲ့ ထိုင်းနိုင်ငံဟာ စီးပွားရေးတဟုန်ထိုး တိုးတက်လာတာကြောင့် လူနေမှုအဆင့်အတန်းတွေလည်း ခေတ်မီသာလွန်နေပါတယ်။ ထိုင်းနိုင်ငံကို နိုင်ငံ တကာကလာရောက် ရင်းနှီးမြှပ်နှံကြပါတယ်။ နိုင်ငံခြားကကျောင်းလာတက်၊ ဆေးကုသမှု လာရောက်ခံ ယူ
နေကြပြီးလည်းဖြစ်ပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်သစ်ကြီးနဲ့ ဒွန်မောင်းလေယာဉ်ကွင်းဟောင်း တို့မှာ
 လေယာဉ်တွေဟာ ငါးမိနစ်မှာ၂စီကျ အတက်အဆင်းပြုလုပ်နေတာကြောင့် လူတွေဘယ်လောက်အထိ ကြက်ပျံမကျ စည်ကားနေမယ်ဆိုတာမှန်းဆကြည့်ရင်သိနိုင်ပါတယ်။  
    
            အမှုဖြစ်ပွားခဲ့တဲ့ ကော့တောင် (လိပ်ကျွန်း(ခ) Koh Tao) ဆိုတာ ထိုင်းနိုင်ငံတောင်ပိုင်း အစွန် ဆုံးကျတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းဟာ ၁၉၃၃ ခုနှစ်က ၁၉၄၇ ခုနှစ် အထိ ထိုင်းနိုင်ငံမှာ တသက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခံရတဲ့ ရာဇ၀တ်အကျဉ်း သားတွေကိုထိန်းသိမ်းထားခဲ့တဲ့ နေရာတစ် ခုဖြစ်ပါတယ်။ ဒီကျွန်းဟာ ထိုင်းဗဟိုအစိုးရထိန်း ချုပ်နိုင် မှုနည်းပါးပြီး မာဖီယားနဲ့ လုပ်ငန်းရှင်တွေ ကြီးစိုးထားတဲ့ နေရာဖြစ်ပါတယ်။

         ထိုင်းနိုင်ငံမှာ ရှပ်နီရှပ်ဝါ နိုင်ငံရေးအုပ်စု၂စုရဲ့ အကွဲအပြဲပြင်းထန်လာတာကြောင့် ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ လက်ရှိ စစ်အစိုးရက အာဏာသိမ်းခဲ့ပါတယ်။ ရာနဲ့ချီတဲ့ နိုင်ငံရေးတက်ကြွနိုးကြားသူတွေကို ဖမ်းဆီးအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကတည်းက ထိုင်းနိုင်ငံကိုနှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း ၂၇သန်း လာ ရောက်လည်ပတ်ပါတယ်။ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံခြားဝင်ငွေ ဒုတိယအများဆုံးရရှိနေတဲ့ ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်းကဏ္ဍဟာ တဟုန်ထိုးကျဆင်းသွားခဲ့တယ်။  ဒီလိုအကျပ်ရိုက်နေတဲ့ကာလ စက်တင် ဘာလ ၁၅ ရက်နံနက်ပိုင်းက အသက် ၂၃နှစ်အရွယ် Hannah Witheridge နဲ့ အသက် ၂၄နှစ်အရွယ် David William Miller ဗြိတိန်နိုင်ငံသား ၂ဦးဆိုးဆိုးဝါးဝါးသတ်ဖြတ်ခံခဲ့ရတာပါ။
         ထိုင်းရဲတပ်ဖွဲ့ဟာ ၂၀၁၄ နှစ်ဧပြီလက ဘန်ကောက်မြို့အစွန်က ဗုဒ္ဓဘာသာထိုင်းဘုန်းတော်ကြီးတစ်ပါး ကို အလှူငွေ အနည်းငယ်ကိုလုယူပြီး သတ်ဖြတ်ခဲ့တဲ့ ကရင်အလုပ်သမား၂ယောက်ကို ရဲအင်အား၅၀ကျော်၊ အနံခံခွေးတွေနဲ့ ရဟတ်ယာဉ်ပါသုံးပြီး ၂ရက်အတွင်းမိအောင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နည်းပညာလူ အင်အား
 တောင့်တင်းတဲ့ ထိုင်းရဲတပ်ဖွဲ့ဟာ  ဒီလူသတ်မှုဖြစ်ပြီး၂ပတ်ကျော်ကြာ စက်တင်ဘာလကုန်သည့်တိုင်အောင် လူသတ်တရားခံကို မဖမ်းဆီးနိုင်ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံရေးအင်အားစုတွေ၊ ထိုင်းပညာရှင်တွေနဲ့ ထိုင်း ကျောင်းသားတွေအပြင် နိုင်ငံတကာကပါ ဝေဖန်မှုတွေပြင်းထန်လာခဲ့ပါတယ်။
          သူတို့နိုင်ငံသား၂ဦး ဆိုးဆိုးဝါးဝါး သတ်ဖြတ်ခံခဲ့ရတာကို ၂ပတ်ကျော်လာသည့်တိုင်အောင် တရားခံကို မဖမ်းဆီးနိုင်တာကို အံ့သြမိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ဖိအားတွေ တွန်း အားတွေများလာတဲ့အခါ အောက်တိုဘာလ ၁ရက် နေ့ မှာ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို လူ သတ်သမား တွေအဖြစ် စွတ်စွဲဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၃ ရက်နေ့မှာ သတင်းစာရှင်းလင်း ပွဲကြီးလုပ်ပြီး လူသတ်သမားမြန်မာအလုပ်သမား ၂ဦးကိုဖမ်းမိပြီဆိုပြီးကမ္ဘာကိုကျေညာ ခဲ့ပါတော့တယ်။
                   " မြန်မာသံရုံးမှစုံစမ်းစစ်ဆေးရေးအထူးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း"
       မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် MATအဖွဲ့နဲ့ FED အဖွဲ့တို့ဟာ လိပ်ကျွန်းမှာရှိတဲ့ အလုပ်သမားတွေ နှိပ်စက်ညှဉ်းပန်းခံရ၊ ခြိမ်းခြောက်ခံရတာတွေကို ကြားသိခဲ့ရ တာ
ကြောင့် အဲဒီကျွန်းကို သွားဖို့အတွက် စူရတ်ဌာနီ လှေဆိပ်သို့ အောက်တိုဘာ ၄ ရက်နေ့မှာရောက်ရှိခဲ့ ကြပါ တယ်။ မြန်မာသံအမတ်ကြီးကို သတင်းပို့တဲ့အခါ မသွားပါနဲ့လို့ပြောတာကြောင့် အားလုံးပြန်လာခဲ့ကြရပါ တယ်။ စာရေးသူဟာ လူသတ်မှုအတွက် ရခိုင်အလုပ်သမား ၄ဦး ရေနွေးပူနဲ့အလောင်းခံရ၊ ဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာတွေနဲ့ ဓါတ်ပုံတွေကိုရရှိခဲ့ပါတယ်။ ဒီဓါတ်ပုံကို ရိုက်ကူးပို့ဆောင်ခဲ့တဲ့ အလုပ်သမား သာရေးနာရေးအဖွဲ့ဟာ ခြိမ်းခြောက်ခြင်း အကျပ်ကိုင်ခြင်းကိုခံခဲ့ကြရပါတယ်။
            ထိုင်းရဲချုပ်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး  ညနေပိုင်းမှာပဲ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က အထူးစုံစမ်းရေးကော်မတီဖွဲ့စည်းရာမှာ MAT အဖွဲ့နဲ့ FED အဖွဲ့ ကို ၀င်ရောက်လုပ်ကိုင်ဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒါကြောင့် အောက်တိုဘာ ၆ရက်နေ့က စတင်ပြီးတော့ စုံစမ်းရေးလုပ်ငန်းတွေ ကို စတင်ဆောင်ရွက်ခဲ့ကြပါတယ်။
       အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ တပါတီအာဏာရှင်စနစ်၊ ဗဟိုဦးစီးမှုအောက်၊ အမိန့်နာခံမှု
အောက် မှာပဲ အကောင်အထည်ဖေါ်ခဲ့ကြရသူတွေဖြစ်ပါတယ်။၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန် ခေါင်း
ဆောင်ပြီး ဒီမိုကရေစီအသွင်းပြောင်းအစိုးရတက်လာပါတယ်။ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေအားလုံး တို့ဟာ တပ်ထဲကလာကြတဲ့သူတွေဖြစ်တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။
             ကော့တောင်(လိပ်ကျွန်း)လူသတ်မှု အထူးစုံစမ်းရေးကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ပေ မယ့် အဖွဲ့နာယက မြန်မာသံအမတ်ကြီးရဲ့ခွင့်ပြုချက်မရပဲ ကျနော်တို့ဘာမှ လုပ်ခွင့်မရှိဘူး ဆိုတာကိုအားလုံး သိထားကြစေချင်ပါတယ်။ အခြားလူတွေလို ရံပုံငွေရှာဖွေတာမျိုး မိမိသဘောနဲ့ လုပ်လို့မရပါဘူး။ ဒီကော်မတီထဲမှာ ပါနေကြတဲ့ မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်၊ MAT အဖွဲ့ ဦးကျော်သောင်း နဲ့ FED က ဦးထူးချစ် တို့ဟာ သာမန်အရပ်သားတွေဖြစ်ကြပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေဟာ အမှုရင်ဆိုင်ဖို့အတွက် ကော့စမွေကျွန်းတရားရုံးကိုသွားတဲ့အခါ ဘယ်သို့သောလုံခြုံရေးအစီအမံမှမရှိကြပါ ဘူး။ ကာချုပ်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က စရိတ်စကအနည်းငယ်ကူညီထားတာလွဲရင် အခြား အထောက်အပံ့မရှိပါဘူး။ မတရား စွတ်စွဲခံနေရတဲ့ အလုပ်သမား ၂ဦးကိုသနားငဲ့ညှာသောအားဖြင့်ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကူညီနေ ကြခြင်းသာဖြစ်ကြပါတယ်။
 အခြားအဖွဲ့ဝင်တွေတိုက်ရိုက်ခြိမ်းခြောက်မှုမခံကြရသေးပေမယ့် အထူးစုံစမ်းရေးကော်မတီရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့်ဟာ ၂၀၁၄ ခု ဒီဇင်ဘာလမှာ ထင်ထင်
ပေါ်ပေါ် ခြိမ်းခြောက်ခံခဲ့ရပြီဖြစ်ပါတယ်။ တရားလိုလုပ်နေသူက ထိုင်းအစိုးရလက်နက်ကိုင်ရဲတပ်ဖွဲ့ဖြစ် တယ်။ လူတိုင်းသေနတ်ကိုင် ခွင့်ရှိတဲ့ ထိုင်းနိုင်ငံမှာ ဘာလုံခြုံမှုလုံးဝမရှိပဲ သွားလာလှုပ်ရှားနေရတဲ့ အထူး စုံစမ်းရေး ကော်မတီဝင်တွေရဲ့လုံခြုံရေးအခြေအနေကို အားလုံးနားလည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
 ၂၀၁၄ ခုနှစ်ကတည်းက အထူးစုံစမ်းရေးကော်မတီဟာ ထိုင်းရှေ့နေများကောင်စီနဲ့ အတူ စွတ်စွဲခံထားရသူ ၂ဦး တို့ကိုယ်တိုင် ထိုင်းအစိုးရ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ DSI ကို ဖြစ်ရပ်မှန်ပေါ်ပေါက်အောင် စုံစမ်းပေးဖို့ စာရေးပြီး သွားရောက်ပေးခဲ့ကြတယ်။ အထူးသတိပြုစရာတစ်ခုက ထိုင်းနိုင်ငံမှာ ဘယ် အစိုးရ ၊ ဘယ်အရာ ရှိကိုမဆို စစ်ဆေးစရာရှိလို့ရှိရင် ဆင့်ခေါ်နိုင်တဲ့ အခွင့်အာဏာရှိတဲ့ ထိုင်းလူ့ အခွင့်အရေးကော်မရှင်ဟာ ထိုင်းရဲ တပ်ဖွဲ့က ဒီအမှုနဲ့ပတ်သက်ပြီးလာရောက်စစ်ဆေးခံပါလို့ ၄ကြိမ် တိုင်တိုင်ဆင့်ခေါ်ခဲ့ပေမယ့် မလာခဲ့ပါဘူး။
                                  “ပေတံလေးချောင်းနဲ့ယှဉ်ထိုးကြတဲ့အခါ”
      လောကမှာ ဖြစ်ချင်တာရယ်၊  ဖြစ်သင့်တာရယ်နဲ့ ဖြစ်နိုင်တာရယ်ဆိုတာ ပဲကြားဖူးခဲ့ကြတာပါ။ နောက် ထပ် တစ်ခုတိုးလာတာက “ဖြစ်နေတာ”ဆိုတဲ့ ပေတံတစ်ချောင်းပါ ပေါ်ပေါက်လာ တာမို့ ကိစ္စရပ်တွေ ကို ယှဉ်ထိုး စဉ်းစားတဲ့အခါ အတော့်ကိုအရာရောက်တာကိုတွေ့ရှိရပါတယ်။ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မျက်မြင်မရှိတာကလွဲရင် ဘယ်သူဖြစ်နိုင်တယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ လူတွေအတော် သုံးသပ်ထား ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီသုံးသပ်ချက်ဟာ သုံးသပ်ချက်သာဖြစ်ပြီး စွတ်စွဲခံနေရတဲ့အလုပ်သမား ၂
ယောက် ဟာ မဟုတ်ဘူးလို့လုံးဝငြင်းပယ်နိုင်စွမ်းမရှိသလို အခြားတဖက်က ဖြစ်နိုင်ခြေရှိနေသူတွေကိုလည်း လူသတ်သမား အဖြစ်ဘယ်သူမှ ဆွဲထည့်လို့မရနိုင်ပါဘူး။
            တရားခံပြသက်သေထွက်ဆိုချက်တွေကို စက်တင်ဘာ ၂၁ ရက်က ၂၅ ရက်အထိ ကော့စမွေတရား ရုံးမှာ ထွက်ဆိုခဲ့ကြပြီးဖြစ်ပါတယ်။ တရားလိုဖြစ်တဲ့ ထိုင်းအစိုးရ ရဲတပ်ဖွဲ့ဟာ အမှုမှာစွတ်စွဲခံထားရသူ မြန်မာ အလုပ်သမား၂ဦး လူသတ်ကြောင်း ခိုင်လုံတဲ့သက်သေ အထောက်အထားတွေမပြနိုင်ခဲ့ပါဘူး။ တရား ခံပြ
သေ သက်တွေကလည်း ရရှိထားတဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ တရားစွဲအဖွဲ့ရဲ့လွဲချော်မှုတေကိုခိုင်ခိုင်လုံလုံ တင်ပြနိုင်ခဲ့ပါတယ်။ DNA သိပ္ပံပညာရှင် ဒေါက်တာဖွန် ရဲ့ထွက်ဆိုချက်တွေက စွတ်စွဲခံသူတွေကို ကွင်းလုံး ကျွတ်လွတ်စေတဲ့ လောက်တဲ့ထွက်ဆိုချက်တွေဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ ၁၀ရက်နဲ့ ၁၁ ရက်နေ့ မှာ စွတ်စွဲခံထားရတဲ့ ကိုဇော်လင်းနဲ့ ၀င်းဇော်ထွန်း တို့ကို အပြီးသတ်စစ်ဆေးပြီး ဆုံးဖြတ်ချက်တစ်ခုခုရ ရှိမှာဖြစ်ပါတယ်။
                                                   ကျော်သောင်း
........................................................................................................

ဖြည့်စွက်ချက်။   ။ နောက်ဆုံးတရားရုံးချိန်းကို အောက်တိုဘာ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် တရား ခံ အဖြစ် စွတ်စွဲခံထားရသူ၂ဦးအား စစ်ဆေးခဲ့ပါသည်။ ယခုအမှုကို ၂၀၁၅ ခု  ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အမှုဆုံးဖြတ်ချက်ချမည်ဖြစ်သည်။