11 October 2015

လိပ်ကျွန်း လူသတ်မုဒိမ်းမှု အမိန့်ချမယ့်ရက် သတ်မှတ်မယ် – ရှေ့နေ ဦးအောင်မျိုးသန့်


By အေးနိုင်10 October 2015 

ဓာတ်ပုံ - အေအက်ဖ်ပီ
မနှစ်နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး သတ်ခံရမှုနဲ့ တရားခံအဖြစ် စွဲဆိုခံရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင်တရားရုံး မှာ အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက် နှစ်ရက်ဆက်တိုက်စစ်ဆေးမှာဖြစ်ပြီး သူတို့နှစ်ဦးအပေါ် အမိန့်ချ မှတ်မယ့် ရက်သတ်မှတ်တော့မှာဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မြန်မာသံရုံးအထူး အဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးအောင်မျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့မှာ တရားခံနှစ်ဦးကို ရုံးထုတ်မယ်၊ တရားစီရင်တော့မယ့်အပိုင်း နီးကပ်လာနေပြီ မဟုတ်ပါလားခင်ဗျ။ အစီအစဉ်ကို ပြောပြပါ။။

“အန်ကယ်တော့ လောလောဆယ် ကော့စမွီကိုရာက်နေပြီ။ ရက်ချိန်းပေးထားတာက စနေ၊ တနင်္ဂနွေ ၂ ရက်ပေးထားတယ်။ မနက်ဖြန်ကျရင် (အောက်တိုဘာ ၁၀) တရားခံ ဇော်လင်းကို ဆက်စစ်မယ်။ ပြီးတော့ ၂ တရားခံ ဝေဖြိုးကို ဆက်စစ်မယ်။ အဲဒီ ၂ ရက်နဲ့ အဲဒီ ၂ ယောက်ပြီးသွားပြီဆိုရင်တော့ တနင်္ဂနွေနေ့ ညနေမှာတော့ တရားရုံးအနေနဲ့ နောက်ဆုံးအမိန့် ဘယ်တော့ချမယ်ဆိုတာမျိုးတော့ သတ်မှတ်ရက်ပေးလို့ ရလိမ့်မယ်။


အမှုက ဇာတ်ရှိန်အမြင့်ဆုံးအချိန်ကို ရောက်ရှိနေတာပေါ့နော်။
“ဒါပေါ့ အမိန့်အဆင့်ပဲကျန်တော့တာပေါ့။ အမိန့်ဆိုတာက ပြီးခဲ့တဲ့ရက်ချိန်းတွေက တရားခံပြသက်သေ ၁၄ ယောက်ကို အန်ကယ်တို့ စစ်လိုက်ပြီ။ ပြီးတော့ တရားခံပြ ၂ ယောက်မှာ ဇော်လင်းလေးကို စစ်ရင်းတန်းလန်းနဲ့ ရပ်ပြီးတော့ ခုနက တရားခံပြသက်သေတွေကို ထည့်စစ်လိုက်ရတာ။ ဘာဖြစ်လို့လဲ ဆိုတော့ တရားခံပြသက်သေတွေက အချိန်ပေးရမှုနည်းတယ်။ အချိန်မရှိလို့ ရှိတဲ့အချိန်လေး ၀င်စစ်ပြီးတော့ သူတို့ကို အရင်စစ်ပေးလိုက်တယ်။ စစ်ပေးပြီးကာမှ အခုဇော်လင်းလေးကို ဆက်စစ်မယ်၊ ပြီးရင် ဝေဖြိုးကို စစ်မယ်၊ ဒီနှစ်ရက်မှာ။”

ရှေ့ပိုင်းသတင်းတွေကတောက်လျောက်ထုတ်ခဲ့တယ်။ အခုစစ်မယ့် တရားခံလို့ စွပ်စွဲခံရသူနှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေက တရားရုံးမှာ ဘယ်လောက်တောင် သူတို့အတွက် အရေးပါလဲ။ နက်ဖြန်သန်ဘက် ရင်ဆိုင်ရမယ့်အခြေအနေတွေကလေ။

“ကလေးတွေက သူတို့နှစ်ယောက်ဘယ်လိုအစစ်ခံရမယ်ဆိုတဲ့အနေအထားက ဘယ်လိုအစစ်ခံရမယ်ဆို တာတော့ အန်ကယ်တို့ သိထားပြီးပါပြီ။ အဲဒီတော့ အန်ကယ်တို့ အမှုတခုလုံးကို ကြည့်တဲ့အခါမှာ အန်ကယ် ခနခန ပြောသလိုပါပဲ။ ၁ အချက်၊ ကလေးတွေ ခံဝန်ချက်ပေးတယ်ဆိုတဲ့အချက်၊ ၂ အချက်က ကလေးတွေက ဒီအန်အေ (မျိုးရိုးဗီဇ) တူတယ်ဆိုတဲ့အချက်၊ အဲဒီ ၂ ချက်ကို သူတို့က ပေါင်းပြီးတော့ စီစီတီဗွီက ပုံရိပ်တွေ နဲ့ ပြပြီးတော့ တရားစွဲအဖွဲ့က ကလေးတွေကို တရားခံအဖြစ် သုံးသပ်ထားတာပါ။ အဲဒီတော့ ဒီ ၂ ချက်ကို ကြည့်မယ်ဆိုရင်လည်း အန်ကယ်တို့ ပြောခဲ့သလိုပဲ ၁ ရက် ၁၀ လ ၂၀၁၄ ခုနှစ်နေ့ ဒီ ဝေဖြိုးဆိုတဲ့ကလေး ဟာ ဆူရတ်ဌာနီရဲစခန်းမှာ ၀န်ခံပါတယ်၊ ဖြောင့်ချက်ပေးပါတယ်ဆိုတည်းက အန်ကယ်ကန့်ကွက်ပါတယ်။ ဘာဖြစ်လို့ကန့်ကွက်လဲဆိုတော့ ရဲစခန်းမှာ ဖြောင့်ချက်ပေးတာ တရားမ၀င်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အသပြာကြောင့်သော်လည်းကောင်း၊ ဒါမှမဟုတ်လို့ရှိရင် အာဏာကြောင့်သော်လည်းကောင်း ဖြောင့် ချက်ပေးနိုင်တယ်။ နောက်တချက်က ဒီလို ဖြောင့်ချက်ပေးတဲ့အချိန်မှာ ဥပဒေနားလည်တဲ့ ရှေ့နေဆိုတဲ့ ရှေ့ ရပ်မရှိမှု၊ နောက်တခါ တရားခံဝေဖြိုးလေးရဲ့မိသားစု တယောက်မှ ရှိမနေဘူး။ 

ဒီအချက်တွေကိုကြည့်ပြီးတော့ ရဲစခန်းမှာ ဖြောင့်ချက်ပေးတာဟာ တရားမ၀င်ဘူးဆိုပြီးတော့ ကန့်ကွက်ခဲ့ တယ်။ ဒီလိုကန့်ကွက်သလိုပဲ ၈ ရက်၊ ၁၀ လ၊ ၂၀၁၄ မှာလည်း ကလေးတွေက တရားရုံးမှာ တရားဝင် ဖြောင့် ချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးပါပြီ။ ဒီကိစ္စရှင်းသွားတာပါ။
“နောက်တချက်က ဒီအန်အေတူတာနဲ့ပတ်သက်လို့လည်း ကိုအေးနိုင်တို့လည်း ကြားပြီးဖြစ်ပါလိမ့်မယ် ဒီအန်အေတူတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာမှုခင်းဆရာဝန်တွေကိုယ်တိုင် တရားရုံးမှာ လာအစစ် ခံပြီးသွားကြပြီးပါပြီ။ အဲဒီတော့ ဒီအစစ်ခံချက်အရ ဒါဟာ ပညာရပ်ပိုင်းဆိုင်ရာ၊ သိပ္ပံပညာရပ်ပိုင်းဆိုင်ရာဖြစ် တဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ အစစ်ခံချက်တွေဟာ ဒီအန်အေမတူဘူးလို့ပြောတာ ရှင်းနေပါပြီ။ ဒီအတွက် ကိုလည်း အန်ကယ်အမှုအလယ်ပိုင်းမှာ ပြောခဲ့ဖူးပါတယ်။ ဒီအန်အေရယူတဲ့နေရာမှာ လုပ်ထုံးလုပ်နည်းအရ ၇ ချက်ရှိတယ်။ ဒီ ၇ ချက်နဲ့ ညီအောင် မယူခဲ့ဘူး။ ဒါကြောင့်မို့လို့ လုပ်ထုံးလုပ်နည်းအရ လွဲမှားတယ်။ ဒီအန်အေတူတယ်ဆိုတာ တရားမ၀င်ဘူးလို့ ကန့်ကွက်ဖူးပါတယ်။ ဒါပေမယ့် အဲလိုကန့်ကွက်ခဲ့ရုံတင်မကဘဲ နဲ့ ပညာရှင်တွေက အခုလို တရားရုံးမှာ လာပြီးတော့ ဒီအန်အေ မတူဘူးလို့ ထွက်ဆိုသွားတဲ့ကိစ္စက ရှင်းနေ တာပါ။

“စီစီတီဗွီမှာတွေ့တယ်ဆိုတဲ့ ပုံရိပ်ဆိုတာကိုလည်း ဟိုးတနေ့တုန်းက တရားရုံး စက်တင်ဘာ ၂၅ ရက်နေ့ ထွက်ဆိုချက်မှာကြည့်ရင် သိပါလိမ့်မယ်။ ၂၅ ရက်၊ ၉ လ၊ ၂၀၁၅ ရက်နေ့က ထွက်ချက်မှာကြည့်ရင် သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြေးနေတဲ့ပုံကို အစိုးရရှေ့နေအနေနဲ့ တရားရုံးမှာ စီဒီအနေနဲ့တင်ထားတာပါ။ ဒီဟာ က တရားခံဝေဖြိုးဆိုပြီးတော့ ပြောချင်တာပါ။ ဒီစီဒီကိုပဲ မိတ္တူကူးယူပြီးတော့ အင်္ဂလန်နိုင်ငံဆိုင်ရာတက် ကနီကေး ရှင်းပညာပိုင်းဆိုင်ရာနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ ဒီပြေးနေသူဟာ ဝေဖြိုးခေါ် ၀င်းဇော်ထွန်းမဟုတ် ဘူးဆိုတဲ့ ဒီအဖြေဟာ တရားခွင်မှာ သက်သေအဖြစ်နဲ့ Andy Hall (အလုပ်သမားရေးတက်ကြွသူ) လည်း အစစ်ခံသွားတာရှိပါတယ်။

“ဒါကြောင့်မို့ ဒီအချက်တွေ ကြည့်မယ်ဆိုရင် တရားလိုစွဲဆိုချင်တဲ့ ဖြောင့်ချက်၊ ဒီအန်အေတူတယ်၊ နောက်ပြီးတော့ စီစီတီဗွီပုံ ကိစ္စတွေဟာ အန်ကယ်တို့ ဥပဒေအရ ရှင်းပြစရာမလိုအောင် အပြစ်ကင်းစင်နေကြောင်း အန်ကယ် ဒီဟာကို သုံးသပ်ပြလိုပါတယ်။”
ဒီအမှုကြီးတခုလုံးမှာ တရားလိုနဲ့ တရား လိုပြ သက်သေဘယ်နှဦး၊ တရားခံနှစ်ဦးအပါအ၀င် တရားခံပြ သက်သေဘယ်ဦးကို စစ်ဆေးခဲ့သလဲ။

တရားလိုနဲ့ တရားလိုပြသက်သေတွေက အားလုံးပေါင်း ၆၅ ယောက်တင်ထားတာပါ။ ဒါပေမယ့်တရားခွင့်မှာ ၃၅ ယောက်ပဲ တင်ပြီးစစ်သွားပါတယ်။ ကျန်တဲ့လူကို ပယ်လိုက်ပါတယ်။ ထို့အတူပဲ ခရစ္စတိုဖာနဲ့ စကော့တလန်သူ ၃ ယောက်ကိုတော့ သူတို့ရဲ့ထွက်ချက်တွေကို စာရွက်နဲ့ပဲ တင်ပါတယ်။ လူကိုယ်တိုင် လာပြီး အစစ်မခံသွားပါဘူး။ ဥပဒေအရပြောမယ်ဆိုရင်တော့ ဒီဟာက တရားမ၀င်ဘူးလို့ဆိုရမယ်။ ဘာဖြစ် လို့လည်းဆိုတော့ ဒီအစစ်ခံချက်ကို အန်ကယ်တို့ တရားခံဘက်က ပြန်လှန်မေးခွန်းမေးပိုင်ခွင့်မရှိတာကြောင့် မို့လို့ ဒီထွက်ချက်ဟာ တရားဝင်ယူလို့မရဘူးလို့ သတ်မှတ်လို့ရပါတယ်။ ဒါက တရားလိုဘက်က ဆိုက်ပါ။
 နောက် အန်ကယ်တို့ဘက်က တရားခံဘက်က ၃၁ ယောက်တင်ထားပါတယ်။ ဒါပေမယ့် ဒီကနေ့ထိ တရား ခံပြ သက်သေက ၁၄ ယောက်စစ်ပြီးတော့ ကလေး ၂ ယောက်ပါဆိုရင် အားလုံး ၁၆ ယောက် တရားခံဘက် က အစစ်ဆေးခံကြတဲ့အနေအထားမျိုးပါပဲ။”

အန်ကယ်တို့ကိုယ်တိုင် အမှုစကတည်းက ဦးဆောင်ပါဝင်ခဲ့တယ်။ တရားခွင်မှာ စစ်ဆေးခဲ့သလောက်ကို
 နိုင်ငံ တကာသတင်းတွေဖော်ပြချက်အရဆို တရားခံတွေဘက်က အားသာနေတာမျိုး ဖတ်ရှုလေ့လာရ တယ်။ ဘယ်လိုပဲဖြစ်စေကာမူ လာမယ့်ရက်ပိုင်း လာမယ့်လပိုင်းမှာ ကလေးနှစ်ယောက်အပေါ်ဆုံးဖြတ် ချက်က ဘယ်လိုရလဒ်မျိုးပေါ်ထွက်လာလိမ့်မယ်လို့ မျှော်မှန်းလဲ။ ရင်ခုန်လဲ။
 
“အန်ကယ်အနေနဲ့ပြောရမယ် ဆိုရင် အန်ကယ်ကိုယ်တိုင် ထိုင်းနိုင်ငံထဲမှာ သွားလိုက်ပြန်လိုက်နေတာ ၁၆ နှစ်ရှိပါပြီ။ ထို့အတူပဲ တရားခွင်မှာလည်း အတော်များများ ထိုင်းတရားခွင်ကို တက်ခဲ့ဖူးပါတယ်။ အဲဒီလိုတက်ခဲ့တဲ့အတွေ့အကြုံအရ ထိုင်းတရားဥပဒေကို အန်ကယ်တို့ယုံကြည်တယ်။ တရားသူကြီးတွေရဲ့ စီစဉ်ဆောင်ရွက်မIaတွက မျှတမှန်ကန်တယ်ဆိုတာ အန်ကယ် ယုံကြည်တယ်။ ဒါကြောင့်မို့ အဲဒီအတိုင်းသာ ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် အန်ကယ်တို့ကလေးတွေ အမှုက တရားသေလွတ်ဖို့ပဲရှိ တယ်ဆိုတာ အန်ကယ် ရဲရဲပြောရဲတယ်။”

သူတို့အပေါ် အမှုအရေအတွက်က ငါးမှုလား၊ ခြောက်မှုလား တိတိကျကျလေး အပ်ဒိပ်ပြောပေးပါဦး။
“စွဲထားတာကတော့ လူသတ်မှုစွဲထားတယ်။ မုဒိမ်းမှုစွဲထားတယ်။ ပူးပေါင်းကြံစည်မှု စွဲထားတယ်။
နောက်ပြီးတော့ ညအချိန်ပစ္စည်းလုယူမှု စွဲထားတယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာမှု စွဲထားတယ်။ နောက် ထိန်ချန်မှု စွဲထားတယ်။ နောက်တခါ တရားမ၀င် ၀င်ရောက်လာပြီး
တော့ ဆက်လက်နေထိုင်မှုဆိုပြီးတော့ ၇ မှုနဲ့ စွဲထားတာပါ။”

ဒီအမှုကြီးတခုလုံးနဲ့ပတ်သက်လို့ မှတ်ချက် စကားပြောပြပါ။
“အန်ကယ်တို့မြင်တာကတော့ လူသားအားလုံးကတော့ လွတ်လပ်စွာနဲ့၊ တရားမျှတစွာ အတူယှဉ် တွဲနေထိုင်
ရေး ဆိုတဲ့ ဘာလူမျိုးဖြစ်ဖြစ် ဒီလိုနေရမယ့်အနေအထားပါ။ အခုဟာ မြန်မာရယ်၊ ထိုင်းရယ် ဘယ်လူမျိုးပဲမဆို ဒီလို ဥပဒေအရ လွဲမှားစွာစွဲဆိုပြီးတော့ အပြစ်ပေးခံရမယ်ဆိုရင် လူသားလောကဟာ အရုပ်ဆိုးမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ဒီအမှုဟာ အမှန်အတိုင်းသာ စီစဉ်ပေးကြမယ်ဆိုရင်တော့ လူသားလောကမှာ သာဓက ဥပမာကောင်းတခုရမယ်လို့ပဲ အန်ကယ်ယူ ဆတယ်။